မှန်မကွဲပုံလေးက Samsung Galaxy S11 ရဲ့ ဘေးဘောင်တွေသေးငယ်ကြောင်း ပြသနေ

0
360

[Unicode]

Samsung Galaxy S11 ရဲ့ ဒီဇိုင်းလေးတွေကို ကျွန်တော်တို့ မြင်ထားခဲ့ပြီးပါပြီ။ အခုဆိုရင်လည်း tempered glass screen protector (မှန်မကွဲ) လေးကို ထပ်မံမြင်တွေ့ရပြန်ပါပြီ။
@UniverseIce လို့ခေါ်တဲ့ leaker တစ်ယောက်ရဲ့ပြသမှုကြောင့် screen protector လေးဟာ မျက်နှာပြင်ရဲ့အလယ်ခေါင်မှာ ဆယ်လ်ဖီကင်မရာကို punch-hole စတိုင်လ်ထည့်သွင်းထားကြောင်း ပြသနေပါတယ်။
Samsung Galaxy S10 ကတော့ punch-hole ကင်မရာကို ညာဘက်အပေါ်နားမှာ ထည့်သွင်းခဲ့တာကိုလည်း မှတ်မိကြဦးမှာပါ။ ဒါပေမယ့် Samsung Galaxy Note 10 နဲ့တော့ ဆင်တူပါတယ်။


ပြထားတဲ့ပုံလေးအရဆိုရင် ထိပ်ပိုင်းနဲ့ ဘေးဘောင်တွေဟာ မရှိသလောက်ကို ပါးနေပါတယ်။ အောက်ဘက်ပိုင်းကတော့ မီလီမီတာအနည်းငယ်လောက်တော့ ရှိလိမ့်မယ်။ Galaxy S10 ထက်နည်းမှာကတော့ ကျိန်းသေပါတယ်။ ဒီပုံလေးက အရင်ပေါက်ကြားခဲ့တဲ့ပုံတွေနဲ့ တစ်သားတည်းပါပဲ။ screen protector လေးကိုတောင် ယုံကြည်ချက်ရှိရှိ တည်ဆောက်နေပြီဆိုမှတော့ ဒီဇိုင်းပိုင်းက သေချာလို့နေပါပြီ။
Galaxy S11 ကို တရားဝင်မကြေညာခင်မထိကတော့ ကျွန်တော်တို့ စိတ်ချယုံလို့တော့ မရသေးပါဘူး။ official design ကိုလည်း မကြာခင်မှာ တွေ့မြင်ရတော့မှာပါ။ ဖေဖော်ဝါရီလောက်မှာ Galaxy S11 ကို Samsung Galaxy S11 Plus ၊ Galaxy S11e တို့နဲ့ပြသနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ၁၁ရက် ဒါမှမဟုတ် ၁၈ရက် ဖြစ်နိုင်ပါတယ်။
108MP အပါအဝင် အနောက်ကင်မရာငါးလုံးလို့လည်း ကြားထားသေးတယ်နော်။

[Zawgyi]

Samsung Galaxy S11 ရဲ႕ ဒီဇိုင္းေလးေတြကို ကၽြန္ေတာ္တို႕ ျမင္ထားခဲ့ျပီးပါျပီ။ အခုဆိုရင္လည္း tempered glass screen protector (မွန္မကြဲ) ေလးကို ထပ္မံျမင္ေတြ႕ရျပန္ပါျပီ။
@UniverseIce လို႕ေခၚတဲ့ leaker တစ္ေယာက္ရဲ႕ျပသမႈေၾကာင့္ screen protector ေလးဟာ မ်က္ႏွာျပင္ရဲ႕အလယ္ေခါင္မွာ ဆယ္လ္ဖီကင္မရာကို punch-hole စတုိင္လ္ထည့္သြင္းထားေၾကာင္း ျပသေနပါတယ္။
Samsung Galaxy S10 ကေတာ့ punch-hole ကင္မရာကို ညာဘက္အေပၚနားမွာ ထည့္သြင္းခဲ့တာကိုလည္း မွတ္မိၾကဦးမွာပါ။ ဒါေပမယ့္ Samsung Galaxy Note 10 နဲ႕ေတာ့ ဆင္တူပါတယ္။


ျပထားတဲ့ပံုေလးအရဆုိုရင္ ထိပ္ပိုင္းနဲ႕ ေဘးေဘာင္ေတြဟာ မရွိသေလာက္ကို ပါးေနပါတယ္။ ေအာက္ဘက္ပုိင္းကေတာ့ မီလီမီတာအနည္းငယ္ေလာက္ေတာ့ ရွိလိမ့္မယ္။ Galaxy S10 ထက္နည္းမွာကေတာ့ က်ိန္းေသပါတယ္။ ဒီပံုေလးက အရင္ေပါက္ၾကားခဲ့တဲ့ပံုေတြနဲ႕ တစ္သားတည္းပါပဲ။ screen protector ေလးကိုေတာင္ ယံုၾကည္ခ်က္ရွိရွိ တည္ေဆာက္ေနျပီဆုိမွေတာ့ ဒီဇုိင္းပိုင္းက ေသခ်ာလို႕ေနပါျပီ။
Galaxy S11 ကို တရား၀င္မေၾကညာခင္မထိကေတာ့ ကၽြန္ေတာ္တို႕ စိတ္ခ်ယံုလို႕ေတာ့ မရေသးပါဘူး။ official design ကိုလည္း မၾကာခင္မွာ ေတြ႕ျမင္ရေတာ့မွာပါ။ ေဖေဖာ္၀ါရီေလာက္မွာ Galaxy S11 ကို Samsung Galaxy S11 Plus ၊ Galaxy S11e တို႕နဲ႕ျပသႏုိင္တယ္လို႕လည္း ခန္႕မွန္းေနၾကပါတယ္။ ၁၁ရက္ ဒါမွမဟုတ္ ၁၈ရက္ ျဖစ္ႏုိင္ပါတယ္။
108MP အပါအ၀င္ အေနာက္ကင္မရာငါးလံုးလို႕လည္း ၾကားထားေသးတယ္ေနာ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.