VMall မှာ စာရင်းပြလိုက်တဲ့ Huawei nova 6 ကြောင့် အရောင်နဲ့ storage များ ထွက်ပေါ်လာ

0
189

[Unicode]

ဒီဇင်ဘာ ၅ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Huawei nova 6 ကို VMall.com မှာ အရောင်လေးမျိုး storage နှစ်မျိုးနဲ့ ရွေးချယ်နိုင်ပါပြီ။ 8GB/128GB နဲ့ 8GB/256GB ဆိုပြီးတော့ ထွက်ရှိလာမှာဖြစ်ပါတယ်။
အဲဒီစမတ်ဖုန်းလေးဟာ 4G နဲ့ 5G ဗားရှင်းတွေ ထုတ်လုပ်ထားမှာဖြစ်ပြီး 128GB storage မှာသာ 4G ရမယ်လို့လည်း ပြောနေကြပါတယ်။ အရောင်ကတော့ Black, Blue နဲ့ Blue-Purple gradient တွေ သုံးပေးထားပါတယ်။
5G မှာတော့ 128GB နဲ့ 256GB ဖြစ်ပြီးတော့ အနီရောင်ပါ ထပ်တိုးရရှိမှာပါ။


Huawei nova 6 ရဲ့ အသေးစိတ်အချက်အလက်တွေကို စာရင်းထဲမှာမမြင်ရသေးပေမယ့်လည်း ပုံရိပ်တွေအရ 3.5mm headphone jack ကို အပေါ်ပိုင်းမှာ တွေ့မြင်ရပြီးတော့ volume rocker နဲ့ power button လေးကို ညာဘက်မှာ တွေ့မြင်ရပါတယ်။ power button မှာတော့ fingerprint reader ပါဝင်မှာပါ။
ဒါ့အပြင် ကင်မရာဘေးကစာသားလေးတွေက “AI Camera | OIS Tele” လို့ရေးထားတာဆိုတော့ AI-powered camera feature တွေ၊ OIS ပါတဲ့ telephoto တွေ ပါနေမလားပဲ။
Huawei က အသေးစိတ်အချက်အလက်ကို တရားဝင်ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အရှေ့ဘက်မှာ 32MP ကင်မရာနဲ့ 8MP ultrawide angle ပါဝင်မယ်လို့တော့ အတည်ပြုပေးထားပါတယ်။


Geekbench မှာ nova 6 ရောက်ပြီးသွားတဲ့အတွက်ကြောင့် Kirin 990 SoC, 8GB RAM, Android 10 တွေပါတယ်ဆိုတာတော့ သိပြီးကြပါပြီ။

[Zawgyi]






Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.