Samsung One UI နဲ့ ဆင်တူနေတဲ့ LG ရဲ့ နောက်ဆုံးထွက် Android skin

0
159

[Unicode]

Black Friday ခေတ်ထနေတုန်းမှာ LG က သူ့ရဲ့ နောက်ဆုံးထွက် Android skin လေးအကြောင်းပြထားတဲ့ဗွီဒီယိုတစ်ခုကို ထွက်ရှိပေးခဲ့ပါတယ်။ LG UX 9.0 ဟာ Samsung One UI နဲ့ ဆင်တူနေတာကို သတိထားမိခဲ့ပါတယ်။
တူနေတာကိုပြသ်ဖို့အတွက် notification panel လေးကနေ စတင်လိုက်ကြရအောင်။


ယှဉ်ပြထားတာကို ကြည့်လိုက်တဲ့အခါမှာ UX 9.0 ရဲ့ notification panel ဟာ အိုင်ကွန်အများစုကို display ရဲ့ အောက်တဝက်မှာချထားပါတယ်။ Samsung One UI ကလည်း အလားတူပါပဲ။ အဓိကခြားနားချက်ကတော့ One UI ရဲ့ brightness slider လေးကို UX 9.0 မှာ မမြင်ရတာပါပဲ။
နောက်တစ်ခုကတော့ Dialer app လေးရဲ့ သွင်ပြင်ပါ။


UX 9.0 Dialer app လေးဟာ One UI Dialer app နဲ့ တူနေပြန်ပါပြီ။ အပိုင်းလေးတွေကို အလျားလိုက်စီထားတာဖြစ်ပါတယ်။ လက်ရှိနှိပ်ထားတာကို အစိမ်းရောင်ရှိတ်လေးနဲ့ ပြထားပါတယ်။ အပိုင်းတွေနဲ့နာမည်က မတူပေမယ့်လည်း အဓိကအိုင်ဒီယာက အတူတူပါပဲ။ နောက်ဆုံး Clock app နဲ့ ချုပ်လိုက်ရအောင်။


သူတို့နှစ်ခုလုံးရဲ့ အောက်ခြေနားက တူနေတယ်လို့ သတိထားမိလား။ အပြာရောင်ရှိတ်လေးသုံးထားတာလေ။ စာလုံးတွေကလည်း အတူတူပဲ။ Stopwatch နဲ့ Timer ကတော့ လှည့်ထားပါတယ်။ မြို့တွေကိုခွဲဖို့အတွက် ဘဲဥပုံစံလေးကိုအသုံးပြုထားပါတယ်။
system-wide dark mode မြင်ရတဲ့အတွက်လည်း ကောင်းပါတယ်။ Gallery app ကတော့ အယ်လ်ဘမ်တွေအတွက် နေရာပိုဆံ့လာပါတယ်။
အခုချိန်မှာ UX 9.0 ဘယ်ချိန်ထွက်မလဲဆိုတာကတော့ မသိရသေးပါဘူး။ ၂၀၂၀လောက်မှ ရမယ်ထင်ပါတယ်။

[Zawgyi]

Black Friday ေခတ္ထေနတုန္းမွာ LG က သူ႕ရဲ႕ ေနာက္ဆံုးထြက္ Android skin ေလးအေၾကာင္းျပထားတဲ့ဗြီဒီယိုတစ္ခုကို ထြက္ရွိေပးခဲ့ပါတယ္။ LG UX 9.0 ဟာ Samsung One UI နဲ႕ ဆင္တူေနတာကို သတိထားမိခဲ့ပါတယ္။
တူေနတာကိုျပသ္ဖို႕အတြက္ notification panel ေလးကေန စတင္လုိက္ၾကရေအာင္။


ယွဥ္ျပထားတာကို ၾကည့္လိုက္တဲ့အခါမွာ UX 9.0 ရဲ႕ notification panel ဟာ အိုင္ကြန္အမ်ားစုကို display ရဲ႕ ေအာက္တ၀က္မွာခ်ထားပါတယ္။ Samsung One UI ကလည္း အလားတူပါပဲ။ အဓိကျခားနားခ်က္ကေတာ့ One UI ရဲ႕ brightness slider ေလးကို UX 9.0 မွာ မျမင္ရတာပါပဲ။
ေနာက္တစ္ခုကေတာ့ Dialer app ေလးရဲ႕ သြင္ျပင္ပါ။


UX 9.0 Dialer app ေလးဟာ One UI Dialer app နဲ႕ တူေနျပန္ပါျပီ။ အပုိင္းေလးေတြကို အလ်ားလုိက္စီထားတာျဖစ္ပါတယ္။ လက္ရွိႏွိပ္ထားတာကို အစိမ္းေရာင္ရွိတ္ေလးနဲ႕ ျပထားပါတယ္။ အပိုင္းေတြနဲ႕နာမည္က မတူေပမယ့္လည္း အဓိကအိုင္ဒီယာက အတူတူပါပဲ။ ေနာက္ဆံုး Clock app နဲ႕ ခ်ဳပ္လိုက္ရေအာင္။


သူတို႕ႏွစ္ခုလံဳးရဲ႕ ေအာက္ေျခနားက တူေနတယ္လို႕ သတိထားမိလား။ အျပာေရာင္ရွိတ္ေလးသံုးထားတာေလ။ စာလံုးေတြကလည္း အတူတူပဲ။ Stopwatch နဲ႕ Timer ကေတာ့ လွည့္ထားပါတယ္။ ျမိဳ႕ေတြကိုခြဲဖုိ႕အတြက္ ဘဲဥပံုစံေလးကိုအသံုးျပဳထားပါတယ္။
system-wide dark mode ျမင္ရတဲ့အတြက္လည္း ေကာင္းပါတယ္။ Gallery app ကေတာ့ အယ္လ္ဘမ္ေတြအတြက္ ေနရာပိုဆံ့လာပါတယ္။
အခုခ်ိန္မွာ UX 9.0 ဘယ္ခ်ိန္ထြက္မလဲဆိုတာကေတာ့ မသိရေသးပါဘူး။ ၂၀၂၀ေလာက္မွ ရမယ္ထင္ပါတယ္။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.