Metallic Gold OnePlus 7T ဟာ Cancel ဖြစ်သွား

0
374

[Unicode]

ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက OnePlus 7T မိတ်ဆက်တဲ့အခါမှာ မကြေညာခဲ့တဲ့ Metallic Gold အရောင်လေးကို မှတ်မိကြဦးမှာပါ။
OnePlus အတွက် ဒီဇိုင်းနာလုပ်နေတဲ့ Hao Ran က OnePLus 7T Metallic Gold Edition လေးရဲ့ပုံရိပ်လေးတွေကို မျှဝေခဲ့ဖူးပါတယ်။ ဒီအရောင်ကို မထုတ်လုပ်ခင်မှာပဲ ပယ်ဖျက်လိုက်ကြောင်း သတင်းတက်လာခဲ့ပါတယ်။ မကြာခင်အချိန်တွေကပဲ Apple, Samsung, LG, Xiaomi နဲ့ အခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေက ရွှေရောင်တွေကို ရွေးချယ်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် OnePlus ကတော့ တောက်တောက်အရောင်ကို သုံးဖို့စဉ်းစားခဲ့တာပါ။
ဖုန်းအရောင်ကို OnePlus အဖွဲ့က စမ်းသပ်ခဲ့ကြောင်းကိုလည်း ဖုန်းကိုင်ထားတဲ့ OnePlus ဝန်ထမ်းအမျိုးသမီးရဲ့ပုံက သက်သေထူနေပါတယ်။


OnePlus 7T ကို အရောင်အားဖြင့် Frosted Silver နဲ့ Glacier Blue ဆိုပြီးတော့ ထုတ်လုပ်မှာပါ။ မိတ်ဆက်ပွဲမှာ ရွှေရောင်မထုတ်နိုင်လည်း အဆင်ပြေပါတယ်။ OnePlus ဟာ ရှိနေပြီးသားဖုန်းတွေကို အရောင်အသစ်ထပ်ထုတ်ပေးတဲ့ထုံးစံရှိတတ်တာပဲမဟုတ်လား။

[Zawgyi]




Ref : pocketnow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.