Android ဖုန်းအသစ်မှာ app နဲ့ setting တွေကို ဘယ်လို restore လုပ်ကြမလဲ
0
476
[Unicode]
Device အသစ်ဝယ်လိုက်တာ ဒါမှမဟုတ် ဖုန်းကို reset ချလိုက်တာမျိုးဆိုရင် app နဲ့ setting တွေကို restore လုပ်ခြင်းက လွယ်ကူတဲ့နည်းလမ်းတစ်ခု ဖြစ်စေမှာပါ။ Google က contacts, calendar entries, call logs, texts, Do Not Disturb setting စတာတွေကို အလိုအလျောက် backup လုပ်ပေးထားပါတယ်။ Android ဖုန်းအသစ်တစ်လုံးပြောင်းသုံးတဲ့အခါ restore လုပ်ဖို့အတွက် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
Android backup service ဖွင့်နည်း
စစချင်းမှာ လက်ရှိသုံးနေတဲ့ဖုန်းမှာ backup service မောင်းထားဖို့ လိုပါတယ်။ စလိုက်ရအောင်။
home screen or app drawer ကနေ Settings ထဲကိုဝင်
page ရဲ့ အောက်နားလေးကို ဆွဲချ
System ကိုနှိပ်
How to restore your apps and settings to a new Android phone
Backup ကိုရွေး
Back up to Google Drive လေး ဖွင့်ထားပါ။
Backup လုပ်တဲ့ဒေတာတွေကို မြင်ရပါလိမ့်မယ်။
How to restore your apps and settings to a new Android phone
အခုဆိုရင်တော့ Android backup service သုံးလိုက်တဲ့အတွက်ကြောင့် Drive ပေါ်မှာ system settings နဲ့ app data တွေကို သိမ်းဆည်းထားတော့မှာပါ။ ဖုန်းအသစ်ပြောင်းကိုင်တဲ့အခါ restore လုပ်လိုက်ရုံပါပဲ။
Android ဖုန်းအသစ်မှာ restore လုပ်နည်း
initial configuration လုပ်တဲ့အချိန်မှာ restore လုပ်ရမှာပါ။ Google Now or Pixel Launcher သုံးတယ်ဆိုရင်တော့ home screen background, icon နဲ့ widget layout တွေ၊ folder တွေကို cloud ပေါ်မှာသိမ်းထားပေးပါတယ်။ ဒါကြောင့် restore လုပ်လိုက်ရင် သုံးနေကျအတိုင်း မြင်တွေ့ရမှာပါ။
language ရွေးပြီးတော့ Let’s Go ခလုတ်လေးကို နှိပ်ပါ။
Copy your data ကိုနှိပ်ပြီး restore လုပ်လိုက်ပါ။
Wi-Fi network တစ်ခုနဲ့ ချိတ်ဆက်လိုက်ပါ။
How to restore your apps and settings to a new Android phone
Restore လို့ရတာကို မြင်ရပါလိမ့်မယ်။ A backup from an Android phone ဆိုပြီးတော့ ဖုန်းအဟောင်းရှိနေရင် ရွေးပါ။ A backup from the cloud ကိုလည်း ရွေးလို့ရပါတယ်။
Google အကောင့်ထဲဝင်ပါ။
I agree to Google’s Terms of Service ကို နှိပ်ပေးပါ။
How to restore your apps and settings to a new Android phone
Backup စာရင်းကို မြင်ရပါမယ်။ restore လုပ်ဖို့အတွက် စိတ်ကြိုက်ရွေးလိုက်ပါ။
ပြီးရင်တော့ Restore ကို နှိပ်လိုက်ပါ။
Apps ကို နှိပ်ပြီးတော့ ဖုန်းအသစ်မှာသွင်းချင်တာကို ရွေးပါ။
How to restore your apps and settings to a new Android phone
ဒေတာတွေကို နောက်ကွယ်ကနေ သွင်းပေးနေပါလိမ့်မယ်။ အဲဒီအချိန်မှာ screen lock နဲ့ biometric authentication လုပ်နေလို့ရပါတယ်။
Set up screen lock ကို နှိပ်ပါ။
screen unlock ရွေးပြီး fingerprint ထည့်ပါ။
How to restore your apps and settings to a new Android phone
Google Assistant ကိုလည်း set up လုပ်နိုင်ပါတယ်။
Get Started လုပ်ပါ။
Assistant ကို အသံမှတ်မိအောင် လေ့ကျင့်ပြီးတော့ Done နှိပ်ပါ။
How to restore your apps and settings to a new Android phone
ဒါပါပဲ။ initial setup ပြီးတာနဲ့ apps နဲ့ settings တွေကို နောက်ကွယ်ကနေ သွင်းသွားပါလိမ့်မယ်။
app data အားလုံးကို ဘယ်နေရာမှာသိမ်းတာလဲ app data တွေကို Drive မှာသိမ်းပြီးတော့ app တိုင်းအတွက် 25MB ယူပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ storage လျော့မသွားပါဘူး။ developer တွေကတော့ ဘယ် app data ကိုပဲသိမ်းမယ်ဆိုတာ ရွေးလို့ရပါတယ်။
ကိုယ့်ရဲ့ privacy
remote server ပေါ်မှာ ဒေတာတင်ရတာဖြစ်တဲ့အတွက်ကြောင့် Android က backup လုပ်တဲ့အခါ လုံခြုံမှုကိုတော့ အာမခံချက် မပေးနိုင်ပါဘူး။ usernames နဲ့ passwords တွေကိုတော့ သတိထားပါ။ Android 6.0 နဲ့အထက်မှ ဒီနည်းလမ်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
[Zawgyi]
System ကိုနှိပ်
Backup ကိုရွေး
Get Started လုပ်ပါ။
ကိုယ့်ရဲ့ privacy
Ref : androidcentral
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.