AirPods တွေဟာ iPhone 12 အသစ်တိုင်းနဲ့ တွဲဖက်ပါလာနိုင်
0
1015
[Unicode]
Black Friday 2019 မှာ အဟော့ဆုံးကတော့ AirPods တွေပါပဲ။ ဈေးနှုန်းတွေက မှားရောင်းနေတယ်လို့ထင်ရအောင်ကို သက်သာနေတော့လည်း မဆန်းပါဘူး။ Apple ဟာ သူ့ရဲ့ AirPods တွေကို iPhone 12 တွေနဲ့ထည့်ပေးဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်လာပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Apple တင်မကဘဲ အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့ဖုန်းတွေမှာ wireless earbuds တွေ တွဲဖက်ထည့်သွင်းဖို့ စဉ်းစားနေတဲ့အကြောင်းပါ။
Apple အတွက် နောက်နှစ်မှာ 5G ဖုန်းထွက်ရှိဖို့လုပ်ဆောင်ရမှာဖြစ်ပြီး ရောင်းအားတက်ဖို့အတွက်တော့ အကူအညီလုံလောက်မှာ မဟုတ်သေးပါဘူး။ Apple က နောက်နှစ်မှာ အလုံးရေ ၂၀၀မီလျံလောက်မှန်းထားတယ်လို့ပြောထားတာလည်း ရှိနေတယ်။ ၁၇၅မီလျံကနေ ခုန်တက်သွားတာကိုလည်း သတိထားရမယ်။ ဒီတော့ 159ဒေါ်လာရှိနေတဲ့ AirPods တွေကို iPhone တိုင်းနဲ့တွဲရောင်းဖို့ဆိုတာ စဉ်းစားရမယ့်အချက်တစ်ခုဖြစ်လာတယ်။
AirPods တွေက အရင်ကထက် ပိုပြီးတော့လူကြိုက်များလာတယ်။ ဒါကိုသုံးစွဲသူတွေဆီမရောင်းဘဲနဲ့ ဒီအတိုင်းထည့်ပေးမယ်လို့ ထင်လား။
Apple အနေနဲ့ သေချာပေါက် iPhone ဈေးကိုမြှင့်ပါလိမ့်မယ်။ iPhone ရောင်းအားတက်အောင် ဘာမဆိုလုပ်မယ့် Apple လို့ပြောနေရတာလဲ။ Apple ဟာ သုံးစွဲသူတွေစိတ်အားထက်သန်စွာလိုချင်နေတဲ့ပစ္စည်းတွေကို ပေးပြီးတော့ အမြတ်အစွန်းများများရခဲ့တဲ့လုပ်ငန်း မဟုတ်လို့ပါ။
ဖြစ်နိုင်တာကတော့ iPhone 12 Pro မော်ဒယ်လ်တွေမှာ AirPods တွေကို တွဲမြင်ရလောက်ပါတယ်။ ဒီထက်မပိုလောက်ပါဘူး။
[Zawgyi]
Ref : bgr
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.