Tesla ရဲ့ ဆိုက်ဘာထရပ်တွေကို ဒူဘိုင်းရဲယာဉ်တွေအဖြစ် အသုံးပြုမယ်

0
673

[Unicode]

ဒူဘိုင်းရဲဌာနက တရားဝင်ထုတ်ပြန်ချက်အရ Tesla Cybertrucks တွေကို ရဲယာဉ်တွေအဖြစ်အသုံးပြုတော့မယ်လို့ သိရပါတယ်။
ဒူဘိုင်းရဲဌာနရဲ့ တရားဝင်တွစ်တာအကောင့်မှာ Cybertruck ရဲ့ပုံရိပ်လေးကို သူ့ရဲ့လိုဂိုတွေနဲ့ တွေ့မြင်ခဲ့ရတာပါ။ ကပ်ပရှင်ကတော့ ၂၀၂၀လို့တပ်ထားပါတယ်။
ဒီသတင်းကတော့ ဗုဒ္ဓဟူးနေ့မှာ Tesla CEO Elon Musk က oddball လျှပ်စစ်ပစ်ကပ်လေးဟာ အမှာစာ ၂၅၀ ၀၀၀ ရရှိထားပြီးပြီလို့ တွစ်တာမှာတင်အပြီး တက်လာခဲ့တာပါ။
ဒူဘိုင်းရဲဌာနက ကွန်မန်ဒါချုပ် Abdullah Khalifa Al Marri ကတော့ ကားအသစ်တွေကို ခရီးသွားနေရာတွေရဲ့လုံခြုံရေးအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။
ဒူဘိုင်းရဲဌာနမှာ Bugatti Veyron ၊ Lamborghini Aventador စတဲ့ အမြန်ဆုံးကားတွေ၊ ဇိမ်ခံကားတွေလည်း ပိုင်ဆိုင်ထားပါတယ်။
Cybertruck ကတော့ ထည့်သင့်တဲ့စာရင်းထဲမှာပါပါတယ်။ stainless steel နဲ့တည်ဆောက်ထားသလို ကျည်ကာပြတင်းတွေလည်း ပါဝင်ပါတယ်။
Acceleration ၊ range ပိုင်းမှာလည်း စွဲဆောင်နိုင်တဲ့အချက်အလက်တွေ ပိုင်ဆိုင်ထားပါတယ်။ သုံးစက္ကန့်အတွင်း 0 to 60 သွားနိုင်ပြီး ဈေးနှုန်းကလည်း ဒေါ်လာ၆၉၉၀၀ ရှိပါတယ်။ advertised range ကတော့ မိုင်၅၀၀ကျော်ပါတယ်။
ထုတ်လုပ်မှာက ၂၀၂၁နှောင်းပိုင်းဆိုပေမယ့်လည်း ရဲတွေကတော့ ၂၀၂၀မှာ လိုချင်နေပါတယ်။

[Zawgyi]

ဒူဘုိင္းရဲဌာနက တရား၀င္ထုတ္ျပန္ခ်က္အရ Tesla Cybertrucks ေတြကို ရဲယာဥ္ေတြအျဖစ္အသံုးျပဳေတာ့မယ္လို႕ သိရပါတယ္။
ဒူဘုိင္းရဲဌာနရဲ႕ တရား၀င္တြစ္တာအေကာင့္မွာ Cybertruck ရဲ႕ပံုရိပ္ေလးကို သူ႕ရဲ႕လိုဂိုေတြနဲ႕ ေတြ႕ျမင္ခဲ့ရတာပါ။ ကပ္ပရွင္ကေတာ့ ၂၀၂၀လို႕တပ္္ထားပါတယ္။
ဒီသတင္းကေတာ့ ဗုဒၶဟူးေန႔မွာ Tesla CEO Elon Musk က oddball လွ်ပ္စစ္ပစ္ကပ္ေလးဟာ အမွာစာ ၂၅၀ ၀၀၀ ရရွိထားျပီးျပီလို႕ တြစ္တာမွာတင္အျပီး တက္လာခဲ့တာပါ။
ဒူဘုိင္းရဲဌာနက ကြန္မန္ဒါခ်ဳပ္ Abdullah Khalifa Al Marri ကေတာ့ ကားအသစ္ေတြကို ခရီးသြားေနရာေတြရဲ႕လံုျခံဳေရးအတြက္ အသံုးျပဳသြားမယ္လို႕ သိရပါတယ္။
ဒူဘိုင္းရဲဌာနမွာ Bugatti Veyron ၊ Lamborghini Aventador စတဲ့ အျမန္ဆံုးကားေတြ၊ ဇိမ္ခံကားေတြလည္း ပိုင္ဆုိင္ထားပါတယ္။
Cybertruck ကေတာ့ ထည့္သင့္တဲ့စာရင္းထဲမွာပါပါတယ္။ stainless steel နဲ႕တည္ေဆာက္ထားသလို က်ည္ကာျပတင္းေတြလည္း ပါ၀င္ပါတယ္။
Acceleration ၊ range ပိုင္းမွာလည္း စြဲေဆာင္ႏုိင္တဲ့အခ်က္အလက္ေတြ ပိုင္ဆုိင္ထားပါတယ္။ သံုးစကၠန္႕အတြင္း 0 to 60 သြားႏုိင္ျပီး ေစ်းႏႈန္းကလည္း ေဒၚလာ၆၉၉၀၀ ရွိပါတယ္။ advertised range ကေတာ့ မိုင္၅၀၀ေက်ာ္ပါတယ္။
ထုတ္လုပ္မွာက ၂၀၂၁ေႏွာင္းပိုင္းဆုိေပမယ့္လည္း ရဲေတြကေတာ့ ၂၀၂၀မွာ လိုခ်င္ေနပါတယ္။

Ref : futurism

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.