Oppo ဆီကေန ခြဲထြက္ခ်င္ေနတဲ့ Realme

0
1323

[Unicode]

Realme က လုံးဝကိုခွဲထွက်ဖို့အတွက် ကြိုးစားနေပါတယ်။ Realme Taiwan ရဲ့ CCO ဖြစ်သူ Chung Hsiang-wei ကတော့ လုပ်ငန်းဟာဆက်လက်တိုးချဲ့လာနိုင်မယ်ဆိုရင် အခွဲတစ်ခုဖြစ်လာနိုင်လိမ့်မယ်လို့ ပြောပါတယ်။
Realme မှာ သူ့ကိုယ်ပိုင် R&D အဖွဲ့ရှိပြီး ကိုယ်ပိုင်ထုတ်လုပ်မှုတွေကို တည်ဆောက်နိုင်လိမ့်မယ်လို့ မှန်းထားပါတယ်။ ဒီထက်ပိုကြီးတာကတော့ ထုတ်ကုန်တွေရဲ့ ecosystem တစ်ခုလုံးကို တည်ဆောက်ချင်တာပါ။
လက်ရှိမှာတော့ Realme ဟာ Oppo ကို မှီခိုနေရပြီးတော့ သူ့ရဲ့စမတ်ဖုန်းအားလုံးမှာ Oppo ColorOS software ကို ပြုပြင်ပြီး သုံးစွဲနေရပါတယ်။
Oppo နဲ့ ထုတ်လုပ်မှုတွေ၊ အရည်အသွေးထိန်းချုပ်မှုအပိုင်းတွေ စတာတွေကို မျှဝေပြီးတော့ သုံးစွဲနေရပါတယ်။ ဒါပေမယ့် Realme သုံးစွဲသူတွေလိုချင်တဲ့ feature တွေကိုလုပ်ဆောင်ပေးနေတဲ့ ကိုယ်ပိုင်အဖွဲ့လည်း ရှိနေပါတယ်။
Realme နဲ့ Oppo တို့ဟာ တစ်ပေါင်းတည်းဆိုသော်ငြား သူတို့ရဲ့သုံးစွဲသူတွေဟာ တူညီမှုမရှိပါဘူး။ Oppo သုံးစွဲသူရဲ့ ၆၀% က အမျိုးသမီးတွေဖြစ်ပေမယ့် Realme ရဲ့ ၆၀%က အမျိုးသားတွေဖြစ်နေတာပါ။ Oppo ဟာ premium smartphone ကို ဦးတည်နေပြီး Realme က လွတ်လပ်တဲ့လူငယ်စတိုင်လ် သွားနေတာပါ။
၂၀၂၀ ရဲ့ ဒုတိယကွာတားမှာ 5G စမတ်ဖုန်းတွေကို ထုတ်လုပ်မယ်ဆိုပြီးတော့ ဘတ်ဂျက်ဖုန်းဝယ်ချင်တဲ့သူတွေကို သတင်းကောင်းပါးထားပါတယ်။ Realme စိတ်ကူးထားတာကတော့ Realme X50 5G ပါ။
ကုန်ပစ္စည်းလိုင်း ချဲ့ထွင်ခြင်း
Realme ဖုန်းအသစ်တွေနဲ့ စမတ်ဖုန်းဈေးကွက်ကို ချဲ့ထွင်နိုင်တယ်လို့ Chung ကပြောပါတယ်။ wearable ၊ wireless headset ဈေးကွက်ကိုလည်း ဝင်ရောက်မယ်လို့ အတည်ပြုပေးခဲ့ပါသေးတယ်။
Realme ဟာ Xiaomi နောက်တစ်ယောက်ဖြစ်ချင်တဲ့သူအဖြစ် မြင်သာနေပါပြီ။ အိန္ဒိယမှာ လေးခုမြောက်အကြီးဆုံးစမတ်ဖုန်းလုပ်ငန်းဖြစ်လာခဲ့သလို ကမ္ဘာ့နံပါတ် ၇ နေရာကို ယူထားနိုင်သူပါ။
ဈေးကွက် ၂၀ကို ဝင်ရောက်ခဲ့ပြီးတော့ တန်ဖိုးသင့်ဖုန်းတွေထုတ်လုပ်ပေးခဲ့ပါတယ်။ Realme ဟာ အနာဂတ်မှာ Xiaomi နဲ့ Samsung ကိုတောင် ခြိမ်းခြောက်လာနိုင်ပါတယ်။
Realme ကို နောက်နှစ်ထဲမှာ ဈေးကွက်တိုးချဲ့ဖို့အတွက် လုပ်ဆောင်နေပါတယ်။

[Zawgyi]

Realme က လံုး၀ကိုခြဲထြက္ဖို႕အတြက္ ၾကိဳးစားေနပါတယ္။ Realme Taiwan ရဲ႕ CCO ျဖစ္သူ Chung Hsiang-wei ကေတာ့ လုပ္ငန္းဟာဆက္လက္တိုးခ်ဲ႕လာႏုိင္မယ္ဆိုရင္ အခြဲတစ္ခုျဖစ္လာႏုိင္လိမ့္မယ္လို႕ ေျပာပါတယ္။
Realme မွာ သူ႕ကိုယ္ပိုင္ R&D အဖြဲ႕ရွိျပီး ကိုယ္ပိုင္ထုတ္လုပ္မႈေတြကို တည္ေဆာက္ႏုိင္လိမ့္မယ္လို႕ မွန္းထားပါတယ္။ ဒီထက္ပိုၾကီးတာကေတာ့ ထုတ္ကုန္ေတြရဲ႕ ecosystem တစ္ခုလံုးကို တည္ေဆာက္ခ်င္တာပါ။
လက္ရွိမွာေတာ့ Realme ဟာ Oppo ကို မွီခိုေနရျပီးေတာ့ သူ႕ရဲ႕စမတ္ဖုန္းအားလံုးမွာ Oppo ColorOS software ကို ျပဳျပင္ျပီး သံုးစြဲေနရပါတယ္။
Oppo နဲ႕ ထုတ္လုပ္မႈေတြ၊ အရည္အေသြးထိန္းခ်ဳပ္မႈအပိုင္းေတြ စတာေတြကို မွ်ေ၀ျပီးေတာ့ သံုးစြဲေနရပါတယ္။ ဒါေပမယ့္ Realme သံုးစြဲသူေတြလိုခ်င္တဲ့ feature ေတြကိုလုပ္ေဆာင္ေပးေနတဲ့ ကိုယ္ပုိင္အဖြဲ႕လညး္ ရွိေနပါတယ္။
Realme နဲ႕ Oppo တို႕ဟာ တစ္ေပါင္းတည္းဆိုေသာ္ျငား သူတုိ႕ရဲ႕သံုးစြဲသူေတြဟာ တူညီမႈမရွိပါဘူး။ Oppo သံုးစြဲသူရဲ႕ ၆၀% က အမ်ိဳးသမီးေတြျဖစ္ေပမယ့္ Realme ရဲ႕ ၆၀%က အမ်ိဳးသားေတြျဖစ္ေနတာပါ။ Oppo ဟာ premium smartphone ကို ဦးတည္ေနျပီး Realme က လြတ္လပ္တဲ့လူငယ္စတုိင္လ္ သြားေနတာပါ။
၂၀၂၀ ရဲ႕ ဒုတိယကြာတားမွာ 5G စမတ္ဖုန္းေတြကို ထုတ္လုပ္မယ္ဆိုျပီးေတာ့ ဘတ္ဂ်က္ဖုန္း၀ယ္ခ်င္တဲ့သူေတြကို သတင္းေကာင္းပါးထားပါတယ္။ Realme စိတ္ကူးထားတာကေတာ့ Realme X50 5G ပါ။
ကုန္ပစၥည္းလိုင္း ခ်ဲ႕ထြင္ျခင္း
Realme ဖုန္းအသစ္ေတြနဲ႕ စမတ္ဖုန္းေစ်းကြက္ကို ခ်ဲ႕ထြင္ႏုိင္တယ္လို႕ Chung ကေျပာပါတယ္။ wearable ၊ wireless headset ေစ်းကြက္ကိုလည္း ၀င္ေရာက္မယ္လို႕ အတည္ျပဳေပးခဲ့ပါေသးတယ္။
Realme ဟာ Xiaomi ေနာက္တစ္ေယာက္ျဖစ္ခ်င္တဲ့သူအျဖစ္ ျမင္သာေနပါျပီ။ အိႏၵိယမွာ ေလးခုေျမာက္အၾကီးဆံုးစမတ္ဖုန္းလုပ္ငန္းျဖစ္လာခဲ့သလို ကမာၻ႕နံပါတ္ ၇ ေနရာကို ယူထားႏုိ္င္သူပါ။
ေစ်းကြက္ ၂၀ကို ၀င္ေရာက္ခဲ့ျပီးေတာ့ တန္ဖိုးသင့္ဖုန္းေတြထုတ္လုပ္ေပးခဲ့ပါတယ္။ Realme ဟာ အနာဂတ္မွာ Xiaomi နဲ႕ Samsung ကိုေတာင္ ျခိမ္းေျခာက္လာႏုိင္ပါတယ္။
Realme ကို ေနာက္ႏွစ္ထဲမွာ ေစ်းကြက္တိုးခ်ဲ႕ဖို႕အတြက္ လုပ္ေဆာင္ေနပါတယ္။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.