low-light photography အတွက် “Bright Night Sensor” ပါဝင်မယ့် Galaxy S11

0
127

[Unicode]

Galaxy S11 နဲ့ Galaxy S11+ တို့ရဲ့ ပုံကြမ်းတွေပေါက်ကြားခဲ့ပြီးနောက်မှာတော့ ကျောဘက်ကင်မရာငါးလုံးပါဝင်မယ်ဆိုတာ မြင်လိုက်ကြပါတယ်။ သတင်းတွေအရ Galaxy S11 series မှာ 108MP ကင်မရာပါဝင်မယ်လို့ ပြောနေကြပြန်ပါပြီ။ ကျန်တဲ့ sensor တွေကတော့ မသိရသေးပါဘူး။
Samsung ဟာ European Union Intellectual Property Office (EUIPO) မှာ “Bright Night Sensor” အတွက် trademark တင်ထားပါတယ်။ ဆိုတော့ကာ Galaxy S11 ရဲ့ sensor တွေထဲက တစ်ခုဖြစ်လာနိုင်မလား သိချင်မိပါတယ်။ Bright Night ဆိုတာကတော့ Galaxy S10 ရဲ့ သီးသန့် Night Mode feature လေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို Samsung က မခေါ်တော့ပါဘူး။
“Bright Night Sensor” လေးဟာ low-light အတွက် အသုံးပြုရတဲ့ sensor လေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း sensor အကြောင်းကို trademark ထဲမှာ ဘာမှမသိရတာ ဆိုးပါတယ်။ “camera image sensor for smartphones” လို့ပဲ ပါတာပါ။
Galaxy S11 series မှာ “Bright Night Sight” sensor ပါမလား မသေချာပေမယ့်လည်း Galaxy S10 နဲ့ Note 10 series ထက်တော့ သာဖို့အတွက်မှန်းထားလို့ရပါတယ်။ 108MP sensor ကြောင့် 8K resolution အထိ ရိုက်ကူးနိုင်မှာပါ။ Galaxy S11 series တွေမှာ 5x optical zoom ပါတဲ့ telephoto lens ကိုလည်း မှန်းထားကြပါသေးတယ်။

[Zawgyi]


Ref : androidcentral

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.