
[Unicode]
အခုနောက်ဆုံးရရှိထားတဲ့သတင်းအရ FCC ဟာ Universal Service Fund ရရှိအသုံးပြုနေတဲ့ carrier တွေကို Huawei ၊ ZTE တို့လို တရုတ်လုပ်ငန်းတွေဆီက ကိရိယာတွေဝယ်ယူခြင်း ပိတ်ပင်လိုက်ပါတယ်။ Huawei ကတော့ တရားမျှတမှုမရှိတဲ့လုပ်ရပ်ဆိုပြီး ပြောထားပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို စိန်ခေါ်ဖို့အတွက် တရားစွဲဆိုမှုတစ်ခုကို ပြင်ဆင်နေပါတယ်။
ကော်မရှင်ရဲ့အမြင်မှာတော့ သူတို့လုပ်ငန်းနှစ်ခုကို ထိပ်တန်းခြိမ်းခြောက်မှုတစ်ခုအနေနဲ့ တွက်ထားပါတယ်။ Huawei ရဲ့ပြောကြားချက်အရ FCC ရဲ့လုပ်ဆောင်ချက်ဟာ ကောက်နုတ်ထားတဲ့ သတင်းအချက်အလက်တွေ၊ အယူအဆမှားတွေပေါ်မှာ အခြေခံထားကြောင်း သိရပါတယ်။ USF ငွေအသုံးပြုနေတဲ့ carrier တွေကို ပစ္စည်းဝယ်ခွင့်ပိတ်လိုက်ခြင်းက အမေရိကန်တွေအတွက် ချိတ်ဆက်မှုအပိုင်းမှာ အကျိုးဆက်မကောင်းတာတွေဖြစ်စေနိုင်ကြောင်း ၊ ကွန်ရက်မရှိသေးတဲ့နေရာတွေအတွက် အကျိုးယုတ်စေနိုင်ကြောင်း ပြောထားပါသေးတယ်။
FCC ဟာ Huawei ကို နိုင်ငံလုံခြုံရေးအတွက်လို့ ကန့်သတ်ထားပေမယ့်လည်း ချိုးဖောက်မှုတစ်စုံတစ်ရာကိုမှ သက်သေမပြနိုင်ခဲ့ပါဘူး။ FCC ဟာ တရုတ်ဥပဒေကို အမြင်လွဲနေတာပါ။ Huawei ဟာ တရုတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ တွက်ဆထားတာပါ။
Huawei ကတော့ နေက်တစ်ပတ်မှာ New Orleans က Fifth Circuit Court မှာ တရားစွဲဆိုမှုလုပ်သွားမှာပါ။
[Zawgyi]
အခုေနာက္ဆံုးရရွိထားတဲ့သတင္းအရ FCC ဟာ Universal Service Fund ရရွိအသံုးျပဳေနတဲ့ carrier ေတြကို Huawei ၊ ZTE တို႕လို တရုတ္လုပ္ငန္းေတြဆီက ကိရိယာေတြ၀ယ္ယူျခင္း ပိတ္ပင္လိုက္ပါတယ္။ Huawei ကေတာ့ တရားမွ်တမႈမရွိတဲ့လုပ္ရပ္ဆိုျပီး ေျပာထားပါတယ္။ ဒါေၾကာင့္ ဒီဆံုးျဖတ္ခ်က္ကို စိန္ေခၚဖို႕အတြက္ တရားစြဲဆိုမႈတစ္ခုကို ျပင္ဆင္ေနပါတယ္။
ေကာ္မရွင္ရဲ႕အျမင္မွာေတာ့ သူတို႕လုပ္ငန္းႏွစ္ခုကို ထိ္ပ္တန္းျခိမ္းေျခာက္မႈတစ္္ခုအေနနဲ႕ တြက္ထားပါတယ္။ Huawei ရဲ႕ေျပာၾကားခ်က္အရ FCC ရဲ႕လုပ္ေဆာင္ခ်က္ဟာ ေကာက္ႏုတ္ထားတဲ့ သတင္းအခ်က္အလက္ေတြ၊ အယူအဆမွားေတြေပၚမွာ အေျခခံထားေၾကာင္း သိရပါတယ္။ USF ေငြအသံုးျပဳေနတဲ့ carrier ေတြကို ပစၥည္း၀ယ္ခြင့္ပိတ္လိုက္ျခင္းက အေမရိကန္ေတြအတြက္ ခ်ိတ္ဆက္မႈအပိုင္းမွာ အက်ိဳးဆက္မေကာင္းတာေတြျဖစ္ေစႏုိင္ေၾကာင္း ၊ ကြန္ရက္မရွိေသးတဲ့ေနရာေတြအတြက္ အက်ိဳးယုတ္ေစႏုိင္ေၾကာင္း ေျပာထားပါေသးတယ္။
FCC ဟာ Huawei ကို ႏုိင္ငံလံုျခံဳေရးအတြက္လို႕ ကန္႕သတ္ထားေပမယ့္လည္း ခ်ိဳးေဖာက္မႈတစ္စံုတစ္ရာကိုမွ သက္ေသမျပႏုိင္ခဲ့ပါဘူး။ FCC ဟာ တရုတ္ဥပေဒကို အျမင္လြဲေနတာပါ။ Huawei ဟာ တရုတ္အစိုးရရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတယ္လို႕ တြက္ဆထားတာပါ။
Huawei ကေတာ့ ေနက္တစ္ပတ္မွာ New Orleans က Fifth Circuit Court မွာ တရားစြဲဆိုမႈလုပ္သြားမွာပါ။
Ref : engadget