ပိုမိုပါးလႊာတဲ့ ၅.၄ ၊ ၆.၇ လက္မ မ်က္ႏွာျပင္ေတြနဲ႕ ျမင္ေတြ႕ရမယ့္ ၂၀၂၀ iPhone မ်ား

0
516

[Unicode]

Apple က ၂၀၂၀စက်တင်ဘာမှာ iPhone အသစ်တွေကို ကြေညာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်တွေ့နေကျ မျက်နှာပြင်အရွယ်အစားတွေကို ပြုပြင်ပြောင်းလဲလိုက်တော့မှာပါ။ ပထမဆုံးအကြိမ်အဖြစ်နဲ့ ၅.၄ ၊ ၆.၇ လက်မ မျက်နှာပြင်တွေကို ထုတ်တော့မှာမို့ပါ။
iPhone 12 Pro နဲ့ iPhone 12 Pro Max တို့မှာ Y-OCTA လို့ခေါ်တဲ့ Samsung နည်းပညာအသစ်ကို အသုံးပြုထားမှာဖြစ်တဲ့အတွက်ကြောင့် touchscreen ကို OLED panel နဲ့ တိုက်ရိုက်ဆက်သွယ်ထားပါတယ်။ ပုံမှန်ဆိုရင် အလွှာတစ်လွှာခံကြပါတယ်။ ဒါကြောင့် မျက်နှာပြင်ကို ပုံမှန်ထက်ပါးလွှာသွားစေပါတယ်။
ဒါပေမယ့်လည်း လက်ရှိ iPhone တွေထက်တော့ သိသိသာသာ ပါးလွှာသွားစေမှာ မဟုတ်ပါဘူး။ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ဟာ ဘတ်ထရီသက်တမ်းပိုကြာအောင်လုပ်ထားတာမို့ အရင်နှစ်ကဖုန်းတွေထက် ပိုထူနေတာကို တွေ့ရမှာပါ။
Samsung Y-OCTA display ကို အသုံးပြုပြီးတော့ အရွယ်အစားနှစ်မျိုးထုတ်လုပ်မှာဖြစ်တဲ့အပြင် iPhone 12 ရဲ့ ၆.၁လက်မလေးကိုတော့ LG နဲ့ Samsung က အရင်နည်းပညာတွေနဲ့ လုပ်ဆောင်ပေးမှာပါ။
ပုံမှန်ထုတ်နေကြရာသီအတိုင်းဆိုရင်တော့ iPhone 12, iPhone 12 Pro, iPhone 12 Pro Max တို့ကို စက်တင်ဘာ၂၀၂၀မှာ မြင်တွေ့ရမှာပါ။

[Zawgyi]

Apple က ၂၀၂၀စက္တင္ဘာမွာ iPhone အသစ္ေတြကို ေၾကညာမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႕ျမင္ေတြ႕ေနက် မ်က္ႏွာျပင္အရြယ္အစားေတြကို ျပဳျပင္ေျပာင္းလဲလိုက္ေတာ့မွာပါ။ ပထမဆံုးအၾကိမ္အျဖစ္နဲ႕ ၅.၄ ၊ ၆.၇ လက္မ မ်က္ႏွာျပင္ေတြကို ထုတ္ေတာ့မွာမို႕ပါ။
iPhone 12 Pro နဲ႕ iPhone 12 Pro Max တို႕မွာ Y-OCTA လို႕ေခၚတဲ့ Samsung နည္းပညာအသစ္ကို အသံုးျပဳထားမွာျဖစ္တဲ့အတြက္ေၾကာင့္ touchscreen ကို OLED panel နဲ႕ တုိက္ရုိက္ဆက္သြယ္ထားပါတယ္။ ပံုမွန္ဆိုရင္ အလႊာတစ္လႊာခံၾကပါတယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္ကို ပံုမွန္ထက္ပါးလႊာသြားေစပါတယ္။
ဒါေပမယ့္လည္း လက္ရွိ iPhone ေတြထက္ေတာ့ သိသိသာသာ ပါးလႊာသြားေစမွာ မဟုတ္ပါဘူး။ iPhone 11 Pro နဲ႕ iPhone 11 Pro Max တို႕ဟာ ဘတ္ထရီသက္တမ္းပိုၾကာေအာင္လုပ္ထားတာမို႕ အရင္ႏွစ္ကဖုန္းေတြထက္ ပိုထူေနတာကို ေတြ႕ရမွာပါ။
Samsung Y-OCTA display ကို အသံုးျပဳျပီးေတာ့ အရြယ္အစားႏွစ္မ်ိဳးထုတ္လုပ္မွာျဖစ္တဲ့အျပင္ iPhone 12 ရဲ႕ ၆.၁လက္မေလးကိုေတာ့ LG နဲ႕ Samsung က အရင္နည္းပညာေတြနဲ႕ လုပ္ေဆာင္ေပးမွာပါ။
ပံုမွန္ထုတ္ေနၾကရာသီအတုိင္းဆိုရင္ေတာ့ iPhone 12, iPhone 12 Pro, iPhone 12 Pro Max တို႕ကို စက္တင္ဘာ၂၀၂၀မွာ ျမင္ေတြ႕ရမွာပါ။

Ref : redmondpie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.