ကမာၻ႕ပထမဆံုးေသာ modular blockchain စမတ္ဖုန္း BOB

0
1364

[Unicode]

BOB ကို CES 2019 မှာပြသခဲ့ပြီးတော့ CES 2020 Innovation Award ရထားပါသေးတယ်
BOB (Blok on Blok) ဆိုတာ blockchain ထောက်ပံ့မှုနဲ့ ကမ္ဘာ့ပထမဆုံးသော modular စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Pundi X ဆိုတဲ့ cryptocurrency ကွန်ရက်ကြီးတစ်ခုကနေ ဖန်တီးထားတာပါ။ the Consumer Electronics Show (CES) 2019 မှာ ပြသခဲ့ပြီး CES 2020 Innovation Award လည်း ရထားပါတယ်။
သူတို့မှာ XWallet cryptocurrency service ၊ XPOS (point-of-sale) device တွေရှိတာမို့ digital currencies တွေ ဝယ်၊ ရောင်း၊ လက်ခံနိုင်ပါတယ်။ XPhone လို့အရင်တုန်းကနာမည်ပေးခဲ့တဲ့ BOB လေးကတော့ ecosystem ကြီးတစ်ခုလုံးကို သုံးစွဲသူတွေက ထိန်းချုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။
BOB ဟာ open-source operating system ဖြစ်တဲ့ Function X OS ကို အသုံးပြုထားပါတယ်။ blockchain ecosystem အသုံးပြုထားလိုက ဖုန်းရဲ့လုပ်ဆောင်ချက်တိုင်း – စာပို့၊ ဖုန်းခေါ်၊ ဝက်ဘ်ကြည့်၊ ဖိုင်ရှယ်၊ အားလုံးဟာ decentralized network ပေါ်မှာဖြစ်နေမှာမို့ encrypt လုပ်ထားခြင်းကြောင့် အလွန်ကိုစိတ်ချရပါတယ်။ BOB တစ်လုံးစီဟာ Function X blockchain system ရဲ့ node တစ်ခုအဖြစ်နဲ့ ဆောင်ရွက်မှာပါ။


Android 9.0 Pie ကို traditional mode သုံးထားတာမို့ Android ဖုန်းတစ်လုံးအတိုင်း လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Qualcomm Snapdragon 660 chipset ၊ Adreno 512 GPU ၊ 6GB RAM ၊ 128GB storage တွေပါဝင်သလို 512GB အထိ ချဲ့သုံးနိုင်ပါတယ်။
4.97-inch AMOLED screen ၊ Full HD (1920 x 1080 pixels) resolution ၊ 16:9 aspect ratio တို့ကလည်း ဖုန်းကို စားစေပါတယ်။ f/2.0 aperture ပါတဲ့ 48MP primary camera ၊ 16MP ဆယ်လ်ဖီကင်မရာလည်း ထည့်သွင်းပေးထားပါတယ်။


ဘတ်ထရီကတော့ 3,300mAh ဖြစ်ပြီးတော့ ကြိုးမဲ့အားသွင်းလို့ပါတယ်။ fingerprint sensor, 3.5mm headphone jack, NFC, Bluetooth နဲ့ dual nano-SIM card အသုံးပြုနိုင်ပါသေးတယ်။


Modular ဖုန်းဖြစ်တဲ့အတွက်ကြောင့် ဖုန်းကို unique ဖြစ်နေအောင် စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။ BOB အလုံးတိုင်းကို MOD assembly kit လေးနဲ့အတူ ထုတ်လုပ်ပေးမှာပါ။ ဝက်ဘ်ဆိုက်ကနေပြီးတော့ စိတ်ကြိုက်အစိတ်အပိုင်းတွေကိုတော့ ဝယ်ယူနိုင်ဦးမှာပါ။
ကြိုတင်မှာယူချင်တယ်ဆိုရင်တော့ ၅၉၉ဒေါ်လာနဲ့ XWallet app ၊ Kickstarter မှာ ရနေပါပြီ။

[Zawgyi]

BOB ကို CES 2019 မွာျပသခဲ့ျပီးေတာ့ CES 2020 Innovation Award ရထားပါေသးတယ္
BOB (Blok on Blok) ဆိုတာ blockchain ေထာက္ပံ့မႈနဲ႕ ကမာၻ႕ပထမဆံုးေသာ modular စမတ္ဖုန္းတစ္လံုးျဖစ္ပါတယ္။ Pundi X ဆိုတဲ့ cryptocurrency ကြန္ရက္ၾကီးတစ္ခုကေန ဖန္တီးထားတာပါ။ the Consumer Electronics Show (CES) 2019 မွာ ျပသခဲ့ျပီး CES 2020 Innovation Award လည္း ရထားပါတယ္။
သူတို႕မွာ XWallet cryptocurrency service ၊ XPOS (point-of-sale) device ေတြရွိတာမို႕ digital currencies ေတြ ၀ယ္၊ ေရာင္း၊ လက္ခံႏုိင္ပါတယ္။ XPhone လို႕အရင္တုန္းကနာမည္ေပးခဲ့တဲ့ BOB ေလးကေတာ့ ecosystem ၾကီးတစ္ခုလံုးကို သံုးစြဲသူေတြက ထိ္န္းခ်ဳပ္ခြင့္ရရွိမွာျဖစ္ပါတယ္။
BOB ဟာ open-source operating system ျဖစ္တဲ့ Function X OS ကို အသံုးျပဳထားပါတယ္။ blockchain ecosystem အသံုးျပဳထားလိုက ဖုန္းရဲ႕လုပ္ေဆာင္ခ်က္တုိင္း – စာပို႕၊ ဖုန္းေခၚ၊ ၀က္ဘ္ၾကည့္၊ ဖုိင္ရွယ္၊ အားလံုးဟာ decentralized network ေပၚမွာျဖစ္ေနမွာမို႕ encrypt လုပ္ထားျခင္းေၾကာင့္ အလြန္ကိုစိတ္ခ်ရပါတယ္။ BOB တစ္လံုးစီဟာ Function X blockchain system ရဲ႕ node တစ္ခုအျဖစ္နဲ႕ ေဆာင္ရြက္မွာပါ။


Android 9.0 Pie ကို traditional mode သံုးထားတာမို႕ Android ဖုန္းတစ္လံုးအတုိင္း လုပ္ေဆာင္ခ်က္ေတြ ပါ၀င္ပါတယ္။ Qualcomm Snapdragon 660 chipset ၊ Adreno 512 GPU ၊ 6GB RAM ၊ 128GB storage ေတြပါ၀င္သလို 512GB အထိ ခ်ဲ႕သံုးႏုိင္ပါတယ္။
4.97-inch AMOLED screen ၊ Full HD (1920 x 1080 pixels) resolution ၊ 16:9 aspect ratio တို႕ကလည္း ဖုန္းကို စားေစပါတယ္။ f/2.0 aperture ပါတဲ့ 48MP primary camera ၊ 16MP ဆယ္လ္ဖီကင္မရာလည္း ထည့္သြင္းေပးထားပါတယ္။


ဘတ္ထရီကေတာ့ 3,300mAh ျဖစ္ျပီးေတာ့ ၾကိဳးမဲ့အားသြင္းလို႕ပါတယ္။ fingerprint sensor, 3.5mm headphone jack, NFC, Bluetooth နဲ႕ dual nano-SIM card အသံုးျပဳႏုိင္ပါေသးတယ္။


Modular ဖုန္းျဖစ္တဲ့အတြက္ေၾကာင့္ ဖုန္းကို unique ျဖစ္ေနေအာင္ စိတ္ၾကိဳက္ဖန္တီးလို႕ရပါတယ္။ BOB အလံုးတုိင္းကုိ MOD assembly kit ေလးနဲ႕အတူ ထုတ္လုပ္ေပးမွာပါ။ ၀က္ဘ္ဆုိက္ကေနျပီးေတာ့ စိတ္ၾကိဳက္အစိတ္အပိုင္းေတြကိုေတာ့ ၀ယ္ယူႏုိင္ဦးမွာပါ။
ၾကိဳတင္မွာယူခ်င္တယ္ဆိုရင္ေတာ့ ၅၉၉ေဒၚလာနဲ႕ XWallet app ၊ Kickstarter မွာ ရေနပါျပီ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.