[Unicode]
Black Friday နဲ့ အားလပ်ရက်ရာသီအကိုက်ပါပဲ။ Microsoft Edge mobile ဗားရှင်းလေးမှာ shopping feature အသစ်တစ်ခု မြင်တွေ့ရပါတယ်။ “Shopping on Edge Mobile” ဆိုတာလေးကတော့ ဒေသတွင်းကစတိုးဆိုင်တွေကို အလွယ်တကူရှာဖွေနိုင်ပြီးတော့ ကုန်ပစ္စည်းစာရင်းတွေကြည့်မယ်၊ ကူပွန်တွေရှာလို့ရပါတယ်။ ယူအက်စ်အတွက် iOS ရော Android အတွက်ပါ ရနေပါပြီ။
Edge Mobile ရဲ့ Senior PM ဖြစ်သူ Aneetha Jayaraman က တွစ်တာပေါ်မှာ ကြေညာထားတာဖြစ်ပါတယ်။
Microsoft Edge ဟာ မကြာသေးခင်က mobile ပေါ်မှာ Honey အတွက် ထောက်ပံ့မှုရရှိခဲ့ပြီး အခုဆိုရင်လည်း shopping feature လေးကို ထည့်သွင်းနိုင်ခဲ့ပါပြီ။
[Zawgyi]
Ref : androidcentral