iPhone 11 Pro ထက် screen ပိုပါးပြီး ဈေးသက်သာနိုင်တဲ့ iPhone 12 Pro

0
986

[Unicode]

နောက်ထွက်မယ့် iPhone Pro ကိုင်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ iPhone 11 Pro ထက် ဈေးသက်သာဖို့ မစဉ်းစားထားပါနဲ့။ ဒါပေမယ့် ဖြစ်နိုင်ချေရှိပါတယ်။ အနည်းဆုံးပေါ့။
ETNews ရဲ့ တင်ပြချက်အရ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ဟာ Samsung ရဲ့ Y-OCTA OLED screen တွေကို အသုံးပြုမယ်လို့ သိရပါတယ်။ လက်ရှိ iPhone တွေမှာအသုံးပြုနေတဲ့ OLED screen တွေဟာ သီးခြား touch-sensitive layer လိုအပ်ပေမယ့်လည်း Y-OCTA က မလိုတာမို့ ပိုပြီးပါးလွှာစေနိုင်သလို ဈေးလည်းသက်သာစေနိုင်ပါတယ်။
ဒါပေမယ့်လည်း ဒီကုန်ကျစရိတ်သက်သာခြင်းဟာ သုံးစွဲသူတွေဆီကို လက်ဆင့်ကမ်းပေးပါ့မလား မသေချာပါဘူး။ ဒါပေမယ့်လည်း ဖြစ်နိုင်ချေရှိပါတယ်။ ပါးလွှာမှုက လျစ်လျူရှုလို့ရပေမယ့်လည်း iPhone 12 Pro ဟာ နည်းနည်းပါးလွှာလာတဲ့အတွက်ကြောင့် ဘတ်ထရီအတွက် ဒါမှမဟုတ် အခြားတစ်ခုခုအတွက် နေရာပိုလွတ်သွားပါတယ်။
Screen ပေါ်မှာ အလွှာသုံးထားတာနည်းပါးသွားလို့ အရောင်တောက်တာလည်း လျှော့ချပေးနိုင်ပါတယ်။
Pro မော်ဒယ်လ်တွေမှာပဲ ဒီနည်းပညာကိုအသုံးပြုမယ်ဆိုတာလည်း ပြောပြရမှာပါ။ basic iPhone 12 ကတော့ OLED screen နဲ့ touch-sensitive layer ပါဝင်နေမှာပါ။
Y-OCTA version က ဈေးသက်သာပြီး ပိုကောင်းတယ်ဆိုတော့ နည်းနည်းတော့ ဘဝင်မကျဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Samsung က လုံလုံလောက်လောက် မထုတ်ပေးနိုင်လောက်ပါဘူး။ Apple ကျေနပ်တဲ့အရည်အသွေးကိုလည်း အခြားသူတွေက လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။
iPhone 12 Pro မှာ 5.4-inch screen ရှိမယ်လို့ ကြားထားပါတယ်။ iPhone 12 Pro Max ကတော့ 6.7 inch ဖြစ်ပြီး basic iPhone 12 ကတော့ at 6.1 inch ပါ။
အခုပြောသွားတဲ့အချက်တွေက မသေချာသေးပေမယ့်လည်း ယုံကြည်စရာတော့ကောင်းပါတယ်။ iPhone 12 range မိတ်ဆက်တဲ့အခါမှ သတင်းတွေမှန်မမှန်စောင့်ကြည့်ရမှာပါ။

[Zawgyi]

ေနာက္ထြက္မယ့္ iPhone Pro ကိုင္ဖို႕စဥ္းစားေနတယ္ဆုိရင္ေတာ့ iPhone 11 Pro ထက္ ေစ်းသက္သာဖို႕ မစဥ္းစားထားပါနဲ႕။ ဒါေပမယ့္ ျဖစ္ႏုိင္ေခ်ရွိပါတယ္။ အနည္းဆံုးေပါ့။
ETNews ရဲ႕ တင္ျပခ်က္အရ iPhone 12 Pro နဲ႕ iPhone 12 Pro Max တို႕ဟာ Samsung ရဲ႕ Y-OCTA OLED screen ေတြကို အသံုးျပဳမယ္လို႕ သိရပါတယ္။ လက္ရွိ iPhone ေတြမွာအသံုးျပဳေနတဲ့ OLED screen ေတြဟာ သီးျခား touch-sensitive layer လိုအပ္ေပမယ့္လည္း Y-OCTA က မလိုတာမို႕ ပိုျပီးပါးလႊာေစႏုိင္သလို ေစ်းလည္းသက္သာေစႏုိင္ပါတယ္။
ဒါေပမယ့္လည္း ဒီကုန္က်စရိတ္သက္သာျခင္းဟာ သံုးစြဲသူေတြဆီကို လက္ဆင့္ကမ္းေပးပါ့မလား မေသခ်ာပါဘူး။ ဒါေပမယ့္လည္း ျဖစ္ႏုိင္ေခ်ရွိပါတယ္။ ပါးလႊာမႈက လ်စ္လ်ဴရွဳလုိ႕ရေပမယ့္လည္း iPhone 12 Pro ဟာ နည္းနည္းပါးလႊာလာတဲ့အတြက္ေၾကာင့္ ဘတ္ထရီအတြက္ ဒါမွမဟုတ္ အျခားတစ္ခုခုအတြက္ ေနရာပိုလြတ္သြားပါတယ္။
Screen ေပၚမွာ အလႊာသံုးထားတာနည္းပါးသြားလို႕ အေရာင္ေတာက္တာလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။
Pro ေမာ္ဒယ္လ္ေတြမွာပဲ ဒီနည္းပညာကိုအသံုးျပဳမယ္ဆိုတာလည္း ေျပာျပရမွာပါ။ basic iPhone 12 ကေတာ့ OLED screen နဲ႕ touch-sensitive layer ပါ၀င္ေနမွာပါ။
Y-OCTA version က ေစ်းသက္သာျပီး ပိုေကာင္းတယ္ဆုိေတာ့ နည္းနည္းေတာ့ ဘ၀င္မက်ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္လည္း Samsung က လံုလံုေလာက္ေလာက္ မထုတ္ေပးႏုိင္ေလာက္ပါဘူး။ Apple ေက်နပ္တဲ့အရည္အေသြးကိုလည္း အျခားသူေတြက လုပ္ေဆာင္ေပးႏုိင္မွာ မဟုတ္ဘူးလို႕ ယူဆရပါတယ္။
iPhone 12 Pro မွာ 5.4-inch screen ရွိမယ္လို႕ ၾကားထားပါတယ္။ iPhone 12 Pro Max ကေတာ့ 6.7 inch ျဖစ္ျပီး basic iPhone 12 ကေတာ့ at 6.1 inch ပါ။
အခုေျပာသြားတဲ့အခ်က္ေတြက မေသခ်ာေသးေပမယ့္လည္း ယံုၾကည္စရာေတာ့ေကာင္းပါတယ္။ iPhone 12 range မိတ္ဆက္တဲ့အခါမွ သတင္းေတြမွန္မမွန္ေစာင့္ၾကည့္ရမွာပါ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.