[Unicode]
နာမည်ကျော်ကြားလှတဲ့ Jony Ive ဟာ Apple ရဲ့ Leadership page ကနေ ပျောက်ကွယ်သွားပါပြီ။ ဒါကြောင့်သူ့ရဲ့အချိန်တွေကို Apple မှာ ကုန်ဆုံးတဲ့ကာလ ပြီးဆုံးသွားပြီလို့ အချက်ပြနေသလိုပါပဲ။ Ive ဟာ ၁၉၉၂ခုနှစ်မှာ Apple ကို စတင်ရောက်ရှိလာခဲ့ပြီးတော့ ၁၉၉၆ခုနှစ်မှာ design team ကို ဦးဆောင်ခဲ့ပါတယ်။
Apple မှာ ဘယ်အချိန်ထိရှိမှာလဲဆိုတာ ထူးခြားစွာပျောက်ကွယ်နေတုန်းပါပဲ။ သူ့ရဲ့ထွက်ခွာမှုဟာ ဒီနှစ်နှောင်းပိုင်းမှာဖြစ်မယ်လို့ ပြောကြားထားပါတယ်။ Apple ဟာ Ive ရဲ့ဒီဇိုင်းလုပ်ငန်းအသစ်ဖြစ်တဲ့ LoveFrom ရဲ့ client တစ်ဦးဖြစ်လာမှာပါ။ LoveFrom ဆိုတာကတော့ သူ့ရဲ့သူငယ်ချင်းတွေ၊ မိတ်ဖက် Marc Newson တို့နဲ့ ပူးပေါင်းထားတဲ့ လုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်။ Apple က Jony ရဲ့ talent တွေကို သူနဲ့ပရောဂျက်တွေဆက်လက်လုပ်ပြီးတော့ ယူသုံးနေဦးမှာပါ။ Software and hardware design ပိုင်းကိုတော့ လက်ရှိမှာ COO Jeff Williams က လက်လွှဲယူထားပါတယ်။
မျက်စိကျနေကြတာကတော့ LoveFrom ဖြစ်ပါတယ်။ Ive နဲ့ Newson ဟာ Apple Watch, diamond ring, Christmas tree စတဲ့ပူးပေါင်းလုပ်ဆောင်မှုသက်တမ်းတစ်ခုအထိ ပိုင်ဆိုင်ထားသူတွေဖြစ်နေပါတယ်။ ဘယ်သူသိနိုင်မှာတဲ့လဲ။ ဒဏ္ဍာရီဆန်တဲ့ “Apple car” design ကို မြင်တွေ့ရမှာလား။ Ive နဲ့ Newson တို့ဟာ မော်ဒန်ကားဒီဇိုင်းကို လုပ်ဆောင်နေကြတာလည်း အချိန်တစ်ခုရှိနေပြီဆိုတော့ အားလုံးကို စိတ်ဝင်စားအောင် ချပြတော့မှာလား။
[Zawgyi]
နာမည္ေက်ာ္ၾကားလွတဲ့ Jony Ive ဟာ Apple ရဲ႕ Leadership page ကေန ေပ်ာက္ကြယ္သြားပါျပီ။ ဒါေၾကာင့္သူ႕ရဲ႕အခ်ိန္ေတြကို Apple မွာ ကုန္ဆံုးတဲ့ကာလ ျပီးဆံုးသြားျပီလို႕ အခ်က္ျပေနသလိုပါပဲ။ Ive ဟာ ၁၉၉၂ခုႏွစ္မွာ Apple ကို စတင္ေရာက္ရွိလာခဲ့ျပီးေတာ့ ၁၉၉၆ခုႏွစ္မွာ design team ကို ဦးေဆာင္ခဲ့ပါတယ္။
Apple မွာ ဘယ္အခ်ိန္ထိရွိမွာလဲဆိုတာ ထူးျခားစြာေပ်ာက္ကြယ္ေနတုန္းပါပဲ။ သူ႕ရဲ႕ထြက္ခြာမႈဟာ ဒီႏွစ္ေႏွာင္းပုိင္းမွာျဖစ္မယ္လို႕ ေျပာၾကားထားပါတယ္။ Apple ဟာ Ive ရဲ႕ဒီဇုိင္းလုပ္ငန္းအသစ္ျဖစ္တဲ့ LoveFrom ရဲ႕ client တစ္ဦးျဖစ္လာမွာပါ။ LoveFrom ဆိုတာကေတာ့ သူ႕ရဲ႕သူငယ္ခ်င္းေတြ၊ မိတ္ဖက္ Marc Newson တို႕နဲ႕ ပူးေပါင္းထားတဲ့ လုပ္ငန္းေလးတစ္ခုျဖစ္ပါတယ္။ Apple က Jony ရဲ႕ talent ေတြကို သူနဲ႕ပေရာဂ်က္ေတြဆက္လက္လုပ္ျပီးေတာ့ ယူသံုးေနဦးမွာပါ။ Software and hardware design ပိုင္းကိုေတာ့ လက္ရွိမွာ COO Jeff Williams က လက္လႊဲယူထားပါတယ္။
မ်က္စိက်ေနၾကတာကေတာ့ LoveFrom ျဖစ္ပါတယ္။ Ive နဲ႕ Newson ဟာ Apple Watch, diamond ring, Christmas tree စတဲ့ပူးေပါင္းလုပ္ေဆာင္မႈသက္တမ္းတစ္ခုအထိ ပိုင္ဆုိင္ထားသူေတြျဖစ္ေနပါတယ္။ ဘယ္သူသိႏုိင္မွာတဲ့လဲ။ ဒ႑ာရီဆန္တဲ့ “Apple car” design ကို ျမင္ေတြ႕ရမွာလား။ Ive နဲ႕ Newson တို႕ဟာ ေမာ္ဒန္ကားဒီဇုိင္းကို လုပ္ေဆာင္ေနၾကတာလည္း အခ်ိန္တစ္ခုရွိေနျပီဆိုေတာ့ အားလံုးကို စိတ္၀င္စားေအာင္ ခ်ျပေတာ့မွာလား။
Ref : theverge