အပါးဆုံး 5G ဖုန်းတစ်လုံးဖြစ်လာမယ့် Oppo Reno3 Pro

0
601

[Unicode]

Oppo ဟာ ဖုန်းတွေကိုပါးလွှာအောင်ထုတ်နေတဲ့ထုံးစံအတိုင်း Reno3 Pro 5G ဆိုတဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အထူက 7.7mm ပဲရှိပါတယ်။ lens တော့မပါသေးပါဘူး။ သူ့ဈေးတန်းထဲမှာ အပါးဆုံးသော dual-mode 5G ဖုန်းဖြစ်နိုင်တယ်လို့ Brian Shen က တွစ်တာမှာ တင်ထားတာပါ။ အရှေ့ရောအနောက်မှာပါ ကွေးညွတ်ထားတဲ့ glass screen အသုံးပြုထားပြီးတော့ ထိပ်နဲ့ဘေးဘက်တွေမှာ ဘောင်တွေမမြင်ရအောင် ဖန်တီးထားပါတယ်။
Oppo ရဲ့နာမည်ကြီး feature ဖြစ်တဲ့ pop-up camera ကိုတော့ ပါးလွှာမှုကြောင့် မြင်တွေ့ရမယ့်ပုံ မရှိပါဘူး။ ဒါပေမယ့်လည်း ပုံရိပ်လေးက ဘယ်ဘက်မှာ အဆင်ပြေပြေဖြတ်တောက်ထားပါတယ်။ Samsung Galaxy S10 လိုမျိုး corner hole-punch camera ပါလာနိုင်မလား။ ကျွန်တော်တို့မြင်နေကျ ကင်မရာကိုအနောက်ဘက်မှာ တပ်ဆင်ထားတာလည်း ဖြစ်နိုင်ပါတယ်။
ဖုန်းလေးက ချစ်စရာကောင်းပြီးတော့ အိတ်ဆံတဲ့ဖုန်းလေးဖြစ်ပေမယ့်လည်း ယူအက်စ်ကိုတော့ ရောက်လာမယ်မထင်ပါဘူး။ ဒါပေမယ့် ဥရောပ carrier တွေဆီကိုတော့ ရောက်သွားနိုင်ပြီး EE, Swisscom နဲ့ အခြားလုပ်ငန်းတွေနဲ့ မိတ်ဖက်ဖွဲ့ ရောင်းချနိုင်ပါတယ်။ ဈေးနှုန်းကတော့ အခုအချိန်မှာ မသိရသေးပါဘူး။

[Zawgyi]

Oppo ဟာ ဖုန္းေတြကိုပါးလႊာေအာင္ထုတ္ေနတဲ့ထံုးစံအတုိင္း Reno3 Pro 5G ဆိုတဲ့ စမတ္ဖုန္းအသစ္ကို မိတ္ဆက္လုိက္ပါတယ္။ အထူက 7.7mm ပဲရွိပါတယ္။ lens ေတာ့မပါေသးပါဘူး။ သူ႕ေစ်းတန္းထဲမွာ အပါးဆံုးေသာ dual-mode 5G ဖုန္းျဖစ္ႏုိင္တယ္လို႕ Brian Shen က တြစ္တာမွာ တင္ထားတာပါ။ အေရွ႕ေရာအေနာက္မွာပါ ေကြးညြတ္ထားတဲ့ glass screen အသံုးျပဳထားျပီးေတာ့ ထိပ္နဲ႕ေဘးဘက္ေတြမွာ ေဘာင္ေတြမျမင္ရေအာင္ ဖန္တီးထားပါတယ္။
Oppo ရဲ႕နာမည္ၾကီး feature ျဖစ္တဲ့ pop-up camera ကိုေတာ့ ပါးလႊာမႈေၾကာင့္ ျမင္ေတြ႕ရမယ့္ပံု မရွိပါဘူး။ ဒါေပမယ့္လည္း ပံုရိပ္ေလးက ဘယ္ဘက္မွာ အဆင္္္ေျပေျပျဖတ္ေတာက္ထားပါတယ္။ Samsung Galaxy S10 လိုမ်ိဳး corner hole-punch camera ပါလာႏုိင္မလား။ ကၽြန္ေတာ္တို႕ျမင္ေနက် ကင္မရာကိုအေနာက္ဘက္မွာ တပ္ဆင္ထားတာလည္း ျဖစ္ႏုိ္င္ပါတယ္။
ဖုန္းေလးက ခ်စ္စရာေကာင္းျပီးေတာ့ အိတ္ဆံတဲ့ဖုန္းေလးျဖစ္ေပမယ့္လည္း ယူအက္စ္ကိုေတာ့ ေရာက္လာမယ္မထင္ပါဘူး။ ဒါေပမယ့္ ဥေရာပ carrier ေတြဆီကိုေတာ့ ေရာက္သြားႏုိင္ျပီး EE, Swisscom နဲ႕ အျခားလုပ္ငန္းေတြနဲ႕ မိတ္ဖက္ဖြဲ႕ ေရာင္းခ်ႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ အခုအခ်ိ္န္မွာ မသိရေသးပါဘူး။

Ref:engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.