[Unicode]
နောက်လဆိုရင် မိတ်ဆွေရဲ့ Twitter follower အရေအတွက်က နည်းချင်နည်းသွားမှာနော်။ လက်ရှိမှာ အသုံးမပြုတဲ့အကောင့်တွေ အများကြီးရှိနေတဲ့တာက privacy policy ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း username တွေကို လွတ်လပ်ခွင့်ပေးလိုက်ရာလည်း ရောက်ပါတယ်။
Twitter ဟာ ဒီတစ်ပတ်ထဲမှာ သုံးစွဲသူတွေကို ဒီဇင်ဘာ၁၁ရက်နေ့နောက်ဆုံးထားပြီး ဝင်ရောက်အသုံးပြုဖို့အတွက် မေးလ်ပို့ထားပါတယ်။ deadline နီးလာရင် နောက်ထပ်တစ်စောင် ထပ်မံပို့ပေးသွားမှာပါ။ ပြီးရင်တော့ အသုံးမပြုတဲ့အကောင့်တွေကို စတင်ဖျက်မှာပါ။ အဓိကကတော့ ယူအက်စ်ပြင်ပအကောင့်တွေပါ။ ဒီလိုလုပ်ဆောင်မှုက ကမ္ဘာတစ်ဝန်းရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီထဲမှာ သေဆုံးသွားသူတွေရဲ့အကောင့်တွေလည်းပါဝင်နေပြီးတော့ အဲဒီသူရဲ့အကောင့်အသေးစိတ်ကို အခြားသူတစ်ယောက်ကမသိတဲ့အခါ ဖျက်ပစ်သွားမှာပါ။
အသက်ရှင်နေသူတစ်ယောက်က ပြန်ပြီးတော့ Log in ဝင်ပေးမယ်ဆိုရင်တော့ privacy policy အသစ်ကို သဘောတူကြောင်း ပြောပေးရမှာပါ။ Twitter ပေါ်မှာမျှဝေတဲ့သတင်းအချက်အလက်တွေနဲ့ ပတ်သတ်ပြီးတော့ စိစစ်နေတာဖြစ်ပါတယ်။ Twitter အနေနဲ့ အသုံးမပြုတော့တဲ့နာမည်တွေကို ရှင်းလိုက်ခြင်းအားဖြင့် သုံးစွဲသူတွေကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးနိုင်မှာပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တွစ်တာအသုံးပြုသူအရေအတွက်က ၁၄၅မီလျံထက် မနည်းသွားနိုင်ပါဘူး။

သူတို့ဆီမှာ inactive account policy ရှိခဲ့ပေမယ့်လည်း လုပ်ဖို့အတွက် မစဉ်းစားခဲ့သေးတာပါ။ အီးယူအတွင်းမှာ GDPR ကို လုပ်ဆောင်ဖို့လိုအပ်လာတဲ့အတွက်ကြောင့် လုပ်ခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသွားသူတွေရဲ့အကောင့်တွေပါဝင်နေမှာဖြစ်တာကို မေ့လျော့သွားခဲ့ကြောင်း ဝန်ခံထားပါတယ်။ ဒါကြောင့် အသက်ရှင်နေသူတစ်ယောက်ယောက်က ပြန်ဝင်ပေးမယ်ဆိုရင်တော့ မဖျက်အောင် စီစဉ်ပေးထားပါတယ်။
[Zawgyi]
ေနာက္လဆိုရင္ မိတ္ေဆြရဲ႕ Twitter follower အေရအတြက္က နည္းခ်င္နည္းသြားမွာေနာ္။ လက္ရွိမွာ အသံုးမျပဳတဲ့အေကာင့္ေတြ အမ်ားၾကီးရွိေနတဲ့တာက privacy policy ေၾကာင့္ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္လည္း username ေတြကို လြတ္လပ္ခြင့္ေပးလုိက္ရာလည္း ေရာက္ပါတယ္။
Twitter ဟာ ဒီတစ္ပတ္ထဲမွာ သံုးစြဲသူေတြကို ဒီဇင္ဘာ၁၁ရက္ေန႕ေနာက္ဆံုးထားျပီး ၀င္ေရာက္အသံုးျပဳဖို႕အတြက္ ေမးလ္ပို႕ထားပါတယ္။ deadline နီးလာရင္ ေနာက္ထပ္တစ္ေစာင္ ထပ္မံပို႕ေပးသြားမွာပါ။ ျပီးရင္ေတာ့ အသံုးမျပဳတဲ့အေကာင့္ေတြကို စတင္ဖ်က္မွာပါ။ အဓိကကေတာ့ ယူအက္စ္ျပင္ပအေကာင့္ေတြပါ။ ဒီလိုလုပ္ေဆာင္မႈက ကမာၻတစ္၀န္းေရာက္ရွိမွာျဖစ္ပါတယ္။ အဲဒီထဲမွာ ေသဆံုးသြားသူေတြရဲ႕အေကာင့္ေတြလည္းပါ၀င္ေနျပီးေတာ့ အဲဒီသူရဲ႕အေကာင့္အေသးစိတ္ကို အျခားသူတစ္ေယာက္ကမသိတဲ့အခါ ဖ်က္ပစ္သြားမွာပါ။
အသက္ရွင္ေနသူတစ္ေယာက္က ျပန္ျပီးေတာ့ Log in ၀င္ေပးမယ္ဆုိရင္ေတာ့ privacy policy အသစ္ကို သေဘာတူေၾကာင္း ေျပာေပးရမွာပါ။ Twitter ေပၚမွာမွ်ေ၀တဲ့သတင္းအခ်က္အလက္ေတြနဲ႕ ပတ္သတ္ျပီးေတာ့ စိစစ္ေနတာျဖစ္ပါတယ္။ Twitter အေနနဲ႕ အသံုုုးမျပဳေတာ့တဲ့နာမည္ေတြကို ရွင္းလုိက္ျခင္းအားျဖင့္ သံုးစြဲသူေတြကို စိတ္ေက်နပ္ေအာင္ ျပဳလုပ္ေပးႏုိင္မွာပါ။ ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ တြစ္တာအသံုးျပဳသူအေရအတြက္က ၁၄၅မီလ်ံထက္ မနည္းသြားႏုိင္ပါဘူး။

သူတို႕ဆီမွာ inactive account policy ရွိခဲ့ေပမယ့္လည္း လုပ္ဖို႕အတြက္ မစဥ္းစားခဲ့ေသးတာပါ။ အီးယူအတြင္းမွာ GDPR ကို လုပ္ေဆာင္ဖို႕လုိအပ္လာတဲ့အတြက္ေၾကာင့္ လုပ္ခဲ့ရတာျဖစ္ပါတယ္။ ေသဆံုးသြားသူေတြရဲ႕အေကာင့္ေတြပါ၀င္ေနမွာျဖစ္တာကို ေမ့ေလ်ာ့သြားခဲ့ေၾကာင္း ၀န္ခံထားပါတယ္။ ဒါေၾကာင့္ အသက္ရွင္ေနသူတစ္ေယာက္ေယာက္က ျပန္၀င္ေပးမယ္ဆိုရင္ေတာ့ မဖ်က္ေအာင္ စီစဥ္ေပးထားပါတယ္။
Ref : androidpolice