ကြီးကျယ်တဲ့ Android update release ကို Samsung လုပ်ဆောင်နေတာဖြစ်နိုင်

0
1416

[Unicode]

Samsung ဟာ မြန်ဆန်တဲ့ Android update တွေကို ထုတ်လုပ်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ flagship မဟုတ်တဲ့မော်ဒယ်လ်တွေဆိုရင် အချိန်အတော်ကြာအောင်ယူပြီးတော့မှ ထွက်ရှိတာပါ။ နောက်ဆုံးထွက်ထားတဲ့ Galaxy S နဲ့ Note မော်ဒယ်လ်တွေကတော့ beta စမ်းသပ်မှုပေါင်းများစွာကို ဖြတ်ကျော်အပြီးမှာ အသစ်စက်စက် Android ကို ခံစားနိုင်နေပြီဖြစ်ပါတယ်။ ဒီနှစ်ရဲ့ Galaxy S10 နဲ့ Note 10 ကလည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်။ Samsung ဟာ ပြီးခဲ့တဲ့အပတ်တွေတုန်းက Android 10 beta program ကို ချပြခဲ့ပြီးတော့ ၂၀၂၀အစောပိုင်းမှာတော့ final update ထွက်ရှိပေးနိုင်လောက်ပါတယ်။ ဇန်နဝါရီလအတွက် Samsung ဟာ ကြိုးကြိုးစားစားလုပ်ဆောင်နေဟန်တူပါတယ်။
Android 10 ကို flagship ရော ဘတ်ဂျက်ဖုန်းတွေမှာ ထုတ်လုပ်ပေးမှာပါ။ ဒါကသတင်းကောင်းပါပဲ။ Android ရဲ့ အဆိုးဆုံးအရာတွေထဲကတစ်ခုက fragmentation ပါ။ Google က ဘယ်လောက်ပဲကာကွယ်နေပါစေ။ ပြင်ဆင်စရာကတော့ ရှိနေတုန်းပါပဲ။ Android မှာ တစ်ခုခုပြုပြင်ပြောင်းလဲလိုက်ပြီဆိုတာနဲ့ vendor အားလုံးက မြန်မြန်ဆန်ဆန်လေး upgrade လုပ်နိုင်ဖို့ ကြိုးစားကြရပါတယ်။ Fuchsia မိတ်ဆက်လိုက်တဲ့အခါမှာ software update တွေကို Android ထက် မြန်မြန်ဆန်ဆန် ပေးလာနိုင်ခဲ့ပါတယ်။
Samsung က ကြေညာဖို့သင့်နေပါပြီ။ ဒါပေမယ့် အိန္ဒိယကတော့ ပေါက်ကြားမှုတစ်ခုဖြစ်စေခဲ့ပါတယ်။ SamMobile မှာ ဇန်နဝါရီလ software upgrade ထဲမှာပါမယ့် ဖုန်းစာရင်းကို ပြသထားခဲ့ပါတယ်။


မြင်ရတဲ့အတိုင်းပါပဲ။ Galaxy S10 ၊ Note 10 ၊ Galaxy S9 ၊ Note 9 ၊ Galaxy M20 ၊ M30 နဲ့ Galaxy A30 တို့အပါအဝင် မော်ဒယ်လ်ပေါင်းများစွာကို တွေ့မြင်ရမှာပါ။
မတ်လကနေ စက်တင်ဘာလအတွင်းမှာ Samsung ဖုန်းတွေနဲ့ တက်ဘက်တွေမှာ Android 10 ရနိုင်ပါလိမ့်မယ်။ Galaxy Fold နဲ့ Galaxy Tab S6 တို့ကတော့ ဧပြီလမှာ ရနိုင်မှာပါ။
Samsung ရဲ့လမ်းစဉ်တွေ ပြောင်းလဲနေပြီဆိုတာ ပြသလိုက်တာပါပဲ။ သေချာတာကတော့ Galaxy S10 နဲ့ Note 10 မှာပဲ အရင်ဆုံး သုံးနိုင်မှာပါ။

[Zawgyi]

Samsung ဟာ ျမန္ဆန္တဲ့ Android update ေတြကို ထုတ္လုပ္ေပးႏုိင္ခဲ့ျခင္းမရွိပါဘူး။ flagship မဟုတ္တဲ့ေမာ္ဒယ္လ္ေတြဆိုရင္ အခ်ိန္အေတာ္ၾကာေအာင္ယူျပီးေတာ့မွ ထြက္ရွိတာပါ။ ေနာက္ဆံုးထြက္ထားတဲ့ Galaxy S နဲ႕ Note ေမာ္ဒယ္လ္ေတြကေတာ့ beta စမ္းသပ္မႈေပါင္းမ်ားစြာကို ျဖတ္ေက်ာ္အျပီးမွာ အသစ္စက္စက္ Android ကို ခံစားနုိင္ေနျပီျဖစ္ပါတယ္။ ဒီႏွစ္ရဲ႕ Galaxy S10 နဲ႕ Note 10 ကလည္း ဒီလိုပဲျဖစ္ပါလိမ့္မယ္။ Samsung ဟာ ျပီးခဲ့တဲ့အပတ္ေတြတုန္းက Android 10 beta program ကို ခ်ျပခဲ့ျပီးေတာ့ ၂၀၂၀အေစာပိုင္းမွာေတာ့ final update ထြက္ရွိေပးႏုိင္ေလာက္ပါတယ္။ ဇန္န၀ါရီလအတြက္ Samsung ဟာ ၾကိဳးၾကိဳးစားစားလုပ္ေဆာင္ေနဟန္တူပါတယ္။
Android 10 ကို flagship ေရာ ဘတ္ဂ်က္ဖုန္းေတြမွာ ထုတ္လုပ္ေပးမွာပါ။ ဒါကသတင္းေကာင္းပါပဲ။ Android ရဲ႕ အဆိုးဆံုးအရာေတြထဲကတစ္ခုက fragmentation ပါ။ Google က ဘယ္ေလာက္ပဲကာကြယ္ေနပါေစ။ ျပင္ဆင္စရာကေတာ့ ရွိေနတုန္းပါပဲ။ Android မွာ တစ္ခုခုျပဳျပင္ေျပာင္းလဲလုိက္ျပီဆိုတာနဲ႕ vendor အားလံုးက ျမန္ျမန္ဆန္ဆန္ေလး upgrade လုပ္ႏုိင္ဖို႕ ၾကိဳးစားၾကရပါတယ္။ Fuchsia မိတ္ဆက္လိုက္တဲ့အခါမွာ software update ေတြကို Android ထက္ ျမန္ျမန္ဆန္ဆန္ ေပးလာႏုိင္ခဲ့ပါတယ္။
Samsung က ေၾကညာဖို႕သင့္ေနပါျပီ။ ဒါေပမယ့္ အိႏၵိယကေတာ့ ေပါက္ၾကားမႈတစ္ခုျဖစ္ေစခဲ့ပါတယ္။ SamMobile မွာ ဇန္န၀ါရီလ software upgrade ထဲမွာပါမယ့္ ဖုန္းစာရင္းကို ျပသထားခဲ့ပါတယ္။


ျမင္ရတဲ့အတုိင္းပါပဲ။ Galaxy S10 ၊ Note 10 ၊ Galaxy S9 ၊ Note 9 ၊ Galaxy M20 ၊ M30 နဲ႕ Galaxy A30 တို႕အပါအ၀င္ ေမာ္ဒယ္လ္ေပါင္းမ်ားစြာကို ေတြ႕ျမင္ရမွာပါ။
မတ္လကေန စက္တင္ဘာလအတြင္းမွာ Samsung ဖုန္းေတြနဲ႕ တက္ဘက္ေတြမွာ Android 10 ရႏုိင္ပါလိမ့္မယ္။ Galaxy Fold နဲ႕ Galaxy Tab S6 တို႕ကေတာ့ ဧျပီလမွာ ရႏုိင္မွာပါ။
Samsung ရဲ႕လမ္းစဥ္ေတြ ေျပာင္းလဲေနျပီဆိုတာ ျပသလိုက္တာပါပဲ။ ေသခ်ာတာကေတာ့ Galaxy S10 နဲ႕ Note 10 မွာပဲ အရင္ဆံုး သံုးနုိင္မွာပါ။

Ref : bgr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.