Vivo X30 မှာ 60x zoom အထိရမယ့် ‘Super Telephoto’ periscope camera ပါဝင်နေ

0
155

[Unicode]

X30 series ဟာ Huawei P30 Pro နဲ့ OPPO Reno 10x Zoom တို့လိုမျိုး 5x optical zoom ရဖို့အတွက် မှန်းထားကြပါတယ်။ Weibo မှာမြင်တွေ့ရတဲ့ teaser video လေးအရဆိုရင်တော့ X30 series: 60x zoom က သေချာနေပါတယ်။ လက်ရှိမှာ 60x zoom ပေးဖို့အတွက်ဆိုရင်တောင် 13MP periscope lens သုံးထားတဲ့ OPPO Reno 10x Zoom ပဲရှိနေသေးတယ်။ X30 နဲ့ X30 Pro မှာတော့ “Super Telephoto” 13MP periscope-style zoom lens သုံးထားလောက်ပါတယ်။
အတည်ပြုထားချက်အရ Vivo X30 နဲ့ X30 Pro တို့မှာ Exynos 980 chipset ၊ dual-mode 5G ပါဝင်မယ်လို့ သိထားပါတယ်။ standard Vivo X30 ကို 8GB RAM ၊ 256GB storage နဲ့မှန်းထားပြီး Pro ကတော့ 12GB RAM အထိ မှန်းထားပါတယ်။
X30 မှာ 90Hz refresh rate နဲ့ 6.5-inch AMOLED display ၊ X30 Pro မှာ 6.89-inch တို့ကို မြင်တွေ့ရမှာပါ။ အနောက်ဘက်မှာတော့ 64MP primary sensor, 13MP telephoto lens, 8MP ultra-wide angle lens, 2MP depth sensor တို့ပါဝင်တဲ့ ကင်မရာလေးလုံးကို မြင်တွေ့ရမှာပါ။
ကြေညာမယ့်ရက်ကို အတည်မပြုရသေးပေမယ့်လည်း တရုတ်နိုင်ငံမှာ နောက်လအစောပိုင်းလောက်ဖြစ်နိုင်တယ်လို့ မှန်းထားကြပါတယ်။

[Zawgyi]


Ref : androidcentral

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.