Samsung ရဲ့ 2020 စမတ်ဖုန်းတွေမှာ Qualcomm ultrasonic fingerprint နည်းပညာဖြုတ်ချ

0
919

[Unicode]

လာမယ့် Galaxy ဖုန်းတွေမှာ Samsung အနေနဲ့ Qualcomm ultrasonic fingerprint နည်းပညာဖြုတ်ချမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီနည်းပညာနဲ့ပတ်သတ်ပြီးတော့ လုံခြုံရေးပိုင်းဆိုင်ရာ ပတ်သတ်မှုတွေရှိလာတဲ့အတွက်ကြောင့် အခုလိုစဉ်းစားတာလည်း ဖြစ်နိုင်ပါတယ်။ အချို့သော နိုင်ငံတကာဘဏ်တွေဆိုရင် blacklist သွင်းထားတဲ့အထိ sensor ရဲ့မှားယွင်းလုပ်ဆောင်ချက်တွေက ဆိုးရွားခဲ့ပါတယ်။
Qualcomm ultrasonic in-display fingerprint scanner ကို Galaxy ဖုန်းတွေမှာ အသုံးပြုတာ နောက်ကျခဲ့တယ်လို့ပြောနိုင်ပါတယ်။ ပြိုင်ဘက်တွေကတောင် optical in-display fingerprint sensor တွေ သုံးနေကြပါပြီ။ ဒါ့အပြင် in-display ထက် နှေးကွေးသလို တိကျမှုလည်း အားနည်းနေတာကို ထပ်မံတွေ့ရှိရပြန်ပါတယ်။
ဖုန်းတွေကို ကြိုက်တဲ့လက်ဗွေနဲ့ဖွင့်လို့ရတဲ့ဖြစ်ရပ် မပေါ်ခင်အချိန်အထိတော့ နှေးကွေးတာ၊ မတိကျတာက သုံးစွဲသူတွေကို စိတ်ပျက်မသွားစေခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်က ဖြစ်လာခဲ့ပါပြီ။
ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးနောက်တစ်ကြိမ် ထပ်မံမတွေ့ကြုံရလေအောင် ultrasonic fingerprint scanner တွေကို စမတ်ဖုန်းအသစ်တွေမှာ အသုံးပြုသွားနိုင်တယ်လို့ ပြောနေကြတာပါ။
နည်းပညာရဲ့ကန့်သတ်ချက်တွေကြောင့် developer တွေအနေနဲ့ sensor အတွက် software ဒီဇိုင်းလုပ်တဲ့အခါ အထူးသတိထားရမှာဖြစ်ပြီး security update တွေလည်း ပုံမှန်လိုလိုလုပ်ပေးနေရမှာပါ။
Samsung အနေနဲ့ အပေါ်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ထားပြီးဖြစ်ပေမယ့်လည်း လုံခြုံရေးပိုင်းဆိုင်ရာအားနည်းနေခြင်းဟာ သူ့ရဲ့ပုံရိပ်ကိုထိပါးလာစေနိုင်တဲ့အတွက် ပြောင်းလဲသုံးစွဲသွားနိုင်ကြောင်း သုံးသပ်ထားပါတယ်။
ultrasonic sensor နဲ့ third-party screen protector ကြားက ခက်ခဲနေဆဲဆက်ဆံရေးကလည်း စဉ်းစားရမှာပါ။ ဒါကြောင့် Samsung က ဒီနည်းပညာကို ပယ်နိုင်ကြောင်း သုံးသပ်သူအချို့ကလည်း ပြောနေကြပါတယ်။
Qualcomm ကတော့ တုံ့ပြန်ခြင်းမရှိဘဲ လွယ်လင့်တကူလက်လျှော့မှာ မဟုတ်ပါဘူး။ Snapdragon Tech Summit 2019 မှာ ပိုမိုကောင်းမွန်တဲ့ ultrasonic fingerprint reader ကို ပြသနိုင်ဖို့ မျှော်မှန်းထားလို့ပါပဲ။

[Zawgyi]


Ref : techspot

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.