Google services မရှိလည်း နံပါတ်တစ်ဖြစ်နိုင်တုန်းဆိုတဲ့ Huawei
0
922
[Unicode]
Huawei ဟာ အခြေမလှတဲ့ ၂၀၁၉ကို ဖြတ်သန်းနေရပါတယ်။ ၂၀၁၉ခုနှစ်ဟာ ယူအက်စ်ရဲ့ ကုန်သွယ်ရေးပိတ်ပင်တားမြစ်မှုတွေနဲ့ ကျပ်တည်းခဲ့ရတဲ့ မေ့မရတဲ့နှစ်လေး ဖြစ်တော့မှာပါ။ ဒါကြောင့် Google services ကို ထည့်သွင်းခွင့်မရတော့ပါဘူး။
သူတို့အနေနဲ့ အဲဒီဝန်ဆောင်မှုတွေမရှိလည်း နံပါတ်တစ် brand ဖြစ်နိုင်သေးလား မေးတဲ့အခါမှာ Huawei founder Ren Zhengfei ကတော့ သူတို့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီးတော့ အခုလိုပြောထားတာကို တွေ့ရပါတယ်။
“ကျွန်တော်ကတော့ ဒါကို ပြဿနာလို့မမြင်ပါဘူး။ ဒါပေမယ့် ဒါဟာ အချိန်အတော်လေးယူပါတယ်။ အချိန်ယူတယ်လို့ပြောတာက ပြည်ပဈေးကွက်ကို ရည်ညွှန်းတာပါ။ ဘာကြောင့်လဲဆိုတော့ နောက်နှစ်မှာ ပြည်ပဈေးကွက်ထဲကို ပြန်လာတော့မှာဖြစ်ပြီး နောက်နှစ်တွေမှာလည်း ဒီလိုပဲလာနေဦးမှာပါ”
Google ကို Huawei နဲ့ပတ်သတ်တဲ့လိုင်စင်အတွက် ယူအက်စ်စီးပွားရေးဌာနက ပိတ်ပင်ထားတာမရှိသေးဘူးလို့ပြောပါတယ်။ ဒါပေမယ့်လည်း ရလည်းရမထားသေးပါဘူး။ Microsoft ကတော့ Huawei နဲ့ “mass market” software လုပ်ဖို့အတွက် လိုင်စင်ရထားပါတယ်။
ဒါပေမယ့် သူတို့ဟာ အတော်လေးကြီးမားတဲ့ backup plan ကို လုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့် Google က လိုင်စင်မရခဲ့ရင်လည်း အဆင်ပြေတယ်လို့သိရပါတယ်။ Huawei ရဲ့ လက်ရှိ AppGallery ecosystem ဟာ အရေးပါတဲ့ app တွေ ကင်းမဲ့နေတာဖြစ်တဲ့အတွက်ကြောင့် ဖြေရှင်းသွားဖို့လည်း ကြိုးစားနေပါတယ်။
Huawei ကို ပိတ်ပင်တားမြစ်ထားပေမယ့်လည်း ဒီနှစ်မှာ ၂၄.၄% ဝင်ငွေတိုးတက်လာခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာမှုဟာ ၂၆%ရှိနေပြီလို့ ကြေညာထားပါတယ်။
Q3 performance ကို တိတိကျကျပြောမထားသေးတာက Mate 30 series တွေကို အနောက်နိုင်ငံတွေမှာ မိတ်ဆက်ခြင်းမလုပ်ရသေးလို့နဲ့ တူပါတယ်။ Q4 ရလဒ်ကိုကြည့်လိုက်ရင် ပိတ်ပင်တားမြစ်မှုက Huawei အပေါ် ဘယ်လိုသက်ရောက်သွားလဲဆိုတာ သိရတော့မှာပါ။
Google မပါဘဲနဲ့ရော နံပါတ်တစ်နေရာကို ယူနိုင်မှာလား။ ပြောခဲ့ကြပါဦး။
[Zawgyi]
Ref : androidauthority
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.