Android TV ပေါ်မှာ Google Assistant ကို ဟင်ဒီနဲ့ ဗီယက်နမ်ဘာသာဖြင့် အသုံးပြုနိုင်

0
130

[Unicode]

Google Assistant ဟာ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားဝန်ဆောင်မှုလေးတစ်ခုပါပဲ။ ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေကို အသုံးပြုတဲ့နေရာမှာ ဘာသာစကားအခက်အခဲလေးတွေတော့ ရှိနေတုန်းပါပဲ။ ဒါကိုဖြေရှင်းဖို့အတွက် တစ်မျိုးပြီးတစ်မျိုးထောက်ပံ့ပေးလာခဲ့သလို အခုဆိုရင်လည်း ဟင်ဒီနဲ့ ဗီယက်နမ်ဘာသာဖြင့် အသုံးပြုနိုင်တော့မှာပါ။
ဒီဘာသာစကားနှစ်မျိုးအပြင် Android TV ပေါ်မှာဆိုရင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား ၊ ပေါ်တူဂီ(ဘရာဇီး)၊ စပိန် စတဲ့ဘာသာစကားတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ LG လိုမျိုး non-Android TV set တွေပေါ်မှာဆိုရင်တော့ ဘာသာစကားအကုန်လုံးကို ထောက်ပံ့ထားမှာ မဟုတ်ပါဘူး။
Android TV လေးမှာ ဒီဘာသာစကားနှစ်မျိုးကို ချက်ချင်းအသုံးပြုလို့တော့ ရဦးမှာမဟုတ်သေးပါဘူး။ update ကိုတော့စောင့်ဖို့လိုပါတယ်။ ဒါပေမယ့်လည်း language settings လေးကို စစ်ကြည့်ဖို့တော့ မမေ့ပါနဲ့။

[Zawgyi]


Ref : androidpolice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.