ပထမဆံုးေသာ dual-SIM 5G စမတ္ဖုန္းမ်ား ၂၀၂၀မွာ ေရာက္ရရွိလာနုိင္

0
150

[Unicode]

သေချာတာပေါ့။။ 5G ဖုန်းတစ်လုံးကို အခုကောက်ဝယ်လို့ရပါတယ်။ ဒါပေမယ့် အများစုက dual-SIM support မပါဘူးလေ။ ဒါက အချို့လူတွေအတွက် အင်မတန်မှအရေးကြီးတဲ့ feature လေးပေါ့။ အဲဒီလူတွေထဲမှာ မိတ်ဆွေပါနေမယ်ဆိုရင်တော့ စိတ်မပူပါနဲ့။ မကြာခင်မှာ ရနိုင်တော့မှာပါ။ MediaTek က Dimensity 1000 ကို မိတ်ဆက်ထားတာရှိပါတယ်။ dual-SIM အတွက် 5G system ထောက်ပံ့ပေးထားတဲ့ ပထမဆုံးသော SoC လေးပါ။ data speed အတွက် စိုးရိမ်မနေရဘဲ လိုင်းနှစ်ခုကို အသုံးပြုနိုင်ပြီပေ့ါ။
MediaTek ရဲ့ ကြေညာချက်အရ sub-6GHz 5G networkတွေမှာ 4.7Gbps downstream နဲ့ 2.5Gbps upstream ရမှာပါ။ WiFi 6 နဲ့ Bluetooth 5.1+ support လည်း ပါဝင်သေးတယ်နော်။ Dimensity 1000 မှာ ARM Cortex-A77 high-performance core လေးခု ၊ low-power Cortex-A55 core လေးခု နဲ့ အရင်မျိုးဆက်ထက် နှစ်ဆပိုမြန်တဲ့ AI unit အသစ်တစ်ခု ပါဝင်ပါတယ်။ 80-megapixel ကင်မရာတွေကို ကိုင်တွယ်နိုင်တဲ့ five-core image signal processor လည်း ထည့်သွင်းထားပါတယ်။
Dimensity 1000 chip အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကိုတော့ ၂၀၂၀မှာ မြင်တွေ့ရတော့မှာပါ။ dual-SIM 5G စမတ်ဖုန်းတွေဟာ ဘယ်လောက်မြင်တွေ့ရနိုင်လဲဆိုတာ အာမခံချက်တော့ မရှိပြန်ပါဘူး။ MediaTek ရဲ့ဒီဇိုင်းဟာ ကုန်ကျစရိတ်သက်သာပြိးတော့ 5G လုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။ နောက်ပြီး အာရှ ၊ ဥရောပနဲ့ မြောက်အမေရိကအတွက် sub-6GHz wireless ထောက်ပံ့ပေးနိုင်တယ်။ တစ်နည်းပြောရရင်တော့ မိတ်ဆွေဝယ်ဖို့တတ်နိုင်ပြီး အနီးကစတိုးမှာ ဝယ်လို့ရနိုင်တဲ့ 5G စမတ်ဖုန်းတွေ ဖြစ်လာတော့မှာပါ။

[Zawgyi]

ေသခ်ာတာေပါ့။။ 5G ဖုန္းတစ္လံုးကို အခုေကာက္၀ယ္လို႕ရပါတယ္။ ဒါေပမယ့္ အမ်ားစုက dual-SIM support မပါဘူးေလ။ ဒါက အခ်ိဳ႕လူေတြအတြက္ အင္မတန္မွအေရးၾကီးတဲ့ feature ေလးေပါ့။ အဲဒီလူေတြထဲမွာ မိတ္ေဆြပါေနမယ္ဆိုရင္ေတာ့ စိတ္မပူပါနဲ႕။ မၾကာခင္မွာ ရႏိုင္ေတာ့မွာပါ။ MediaTek က Dimensity 1000 ကို မိတ္ဆက္ထားတာရွိပါတယ္။ dual-SIM အတြက္ 5G system ေထာက္ပံ့ေပးထားတဲ့ ပထမဆံုးေသာ SoC ေလးပါ။ data speed အတြက္ စိုးရိမ္မေနရဘဲ လိုင္းႏွစ္ခုကို အသံုးျပဳႏုိင္ျပီေပ့ါ။
MediaTek ရဲ႕ ေၾကညာခ်က္အရ sub-6GHz 5G networkေတြမွာ 4.7Gbps downstream နဲ႕ 2.5Gbps upstream ရမွာပါ။ WiFi 6 နဲ႕ Bluetooth 5.1+ support လည္း ပါ၀င္ေသးတယ္ေနာ္။ Dimensity 1000 မွာ ARM Cortex-A77 high-performance core ေလးခု ၊ low-power Cortex-A55 core ေလးခု နဲ႕ အရင္မ်ိဳးဆက္ထက္ ႏွစ္ဆပိုျမန္တဲ့ AI unit အသစ္တစ္ခု ပါ၀င္ပါတယ္။ 80-megapixel ကင္မရာေတြကို ကိုင္တြယ္ႏုိင္တဲ့ five-core image signal processor လည္း ထည့္သြင္းထားပါတယ္။
Dimensity 1000 chip အသံုုးျပဳထားတဲ့ စမတ္ဖုန္းေတြကိုေတာ့ ၂၀၂၀မွာ ျမင္ေတြ႕ရေတာ့မွာပါ။ dual-SIM 5G စမတ္ဖုန္းေတြဟာ ဘယ္ေလာက္ျမင္ေတြ႕ရႏုိင္လဲဆိုတာ အာမခံခ်က္ေတာ့ မရွိျပန္ပါဘူး။ MediaTek ရဲ႕ဒီဇိုင္းဟာ ကုန္က်စရိတ္သက္သာျပိးေတာ့ 5G လုပ္ေဆာင္ခ်က္ကို တုိးတက္ေစပါတယ္။ ေနာက္ျပီး အာရွ ၊ ဥေရာပနဲ႕ ေျမာက္အေမရိကအတြက္ sub-6GHz wireless ေထာက္ပံ့ေပးႏုိင္တယ္။ တစ္နည္းေျပာရရင္ေတာ့ မိတ္ေဆြ၀ယ္ဖို႕တတ္ႏုိင္ျပီး အနီးကစတိုးမွာ ၀ယ္လို႕ရႏုိင္တဲ့ 5G စမတ္ဖုန္းေတြ ျဖစ္လာေတာ့မွာပါ။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.