Huawei nova 6 5G မှာ 32MP selfie camera ပါဝင်မယ်လို့ အတည်ပြု

0
199

[Unicode]

ဒီဇင်ဘာ ၅ရက်နေ့မှာ ထွက်ရှိလာမယ့် Huawei nova 6 5G လေးအတွက် ပြီးခဲ့တဲ့အပတ်တုန်းကတင်ခဲ့တဲ့ ဗွီဒီယိုလေးတစ်ခုမှာ အရှေ့ဘက်ဆယ်လ်ဖီကင်မရာနှစ်လုံးထည့်သွင်းမယ့်အကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။
ဒီတစ်ခေါက်မှာမြင်တွေ့လိုက်ရတဲ့ဗွီဒီယိုလေးထဲမှာတော့ 32MP ကို MP ultrawide angle နဲ့ ပေါင်းစပ်ထားမှာဖြစ်ကြောင်းကို ထပ်မံအတည်ပြုပေးလိုက်ပါတယ်။ field-of-view of 105 degree ကတော့ ကျွန်တော်တို့သိထားပြီးသားပါ။
ဗွီဒီယိုအသစ်ထဲမှာတော့ အသစ်အဆန်းသိပ်ပြီးမပါပါဘူး။ ဒါပေမယ့်လည်း ညအချိန်မှာရိုက်ကူးပြထားတဲ့အတွက်ကြောင့် low-light selfies တွေအတွက် ပိုကောင်းလာနိုင်တယ်လို့ ပြောချင်တာပါ။
nova 6 5G ကို Kirin 990 SoC ၊ 6.44″ LCD of 1080p resolution နဲ့ ထွက်လာမယ်လို့ မှန်းထားပါတယ်။ အနောက်ဘက်မှာ 60MP ကင်မရာလေးလုံးနဲ့အတူ 4,000 mAh ဘတ်ထရီ၊ 40W အားသွင်းစနစ်တွေနဲ့ ပံ့ပိုးထားတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် မြင်တွေ့ရတော့မှာပါ။

[Zawgyi]

ဒီဇင္ဘာ ၅ရက္ေန႕မွာ ထြက္ရွိလာမယ့္ Huawei nova 6 5G ေလးအတြက္ ျပီးခဲ့တဲ့အပတ္တုန္းကတင္ခဲ့တဲ့ ဗြီဒီယိုေလးတစ္ခုမွာ အေရွ႕ဘက္ဆယ္လ္ဖီကင္မရာႏွစ္လံုးထည့္သြင္းမယ့္အေၾကာင္းကို အတည္ျပဳေပးခဲ့ပါတယ္။
ဒီတစ္ေခါက္မွာျမင္ေတြ႕လုိက္ရတဲ့ဗြီဒီယိုေလးထဲမွာေတာ့ 32MP ကို MP ultrawide angle နဲ႕ ေပါင္းစပ္ထားမွာျဖစ္ေၾကာင္းကို ထပ္မံအတည္ျပဳေပးလုိက္ပါတယ္။ field-of-view of 105 degree ကေတာ့ ကၽြန္ေတာ္တို႕သိထားျပီးသားပါ။
ဗြီဒီယိုအသစ္ထဲမွာေတာ့ အသစ္အဆန္းသိပ္ျပီးမပါပါဘူး။ ဒါေပမယ့္လည္း ညအခ်ိန္မွာရုိက္ကူးျပထားတဲ့အတြက္ေၾကာင့္ low-light selfies ေတြအတြက္ ပိုေကာင္းလာႏုိင္တယ္လို႕ ေျပာခ်င္တာပါ။
nova 6 5G ကို Kirin 990 SoC ၊ 6.44″ LCD of 1080p resolution နဲ႕ ထြက္လာမယ္လို႕ မွန္းထားပါတယ္။ အေနာက္ဘက္မွာ 60MP ကင္မရာေလးလံုးနဲ႕အတူ 4,000 mAh ဘတ္ထရီ၊ 40W အားသြင္းစနစ္ေတြနဲ႕ ပံ့ပိုးထားတဲ့ စမတ္ဖုန္းတစ္လံုးအျဖစ္ ျမင္ေတြ႕ရေတာ့မွာပါ။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.