Chromebook အသစ်ဝယ်ရင် Disney+ သုံးလအခမဲ့ကြည့်လို့ရတယ်
0
143
[Unicode]
Disney+ ဆိုတာကတော့ Disney ရဲ့ streaming service တစ်ခုဖြစ်ပြီး သုံးစွဲသူပေါင်း ၁၀မီလျံကျော်ရရှိထားပါတယ်။ ပုံမှန်ဆိုရင် တစ်လကို ၆.၉၉ဒေါ်လာ ကျသင့်မှာဖြစ်ပေမယ့်လည်း Chromebook အသစ်ဝယ်ယူမယ်ဆိုရင်တော့ အခမဲ့သုံးလကြည့်ရှုခွင့်ရမှာပါ။
25th November 2019 နဲ့ 31st January 2020 ကြားမှာ Chromebook အသစ်ကို ဝယ်ယူမယ်ဆိုရင် Disney+ ကို အခမဲ့သုံးလကြည့်ရှုခွင့်ပေးမှာဖြစ်ကြောင်း Google က ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။
ဒီအခွင့်အရေးကို ရဖို့အတွက်ဆိုရင်တော့ Chromebook ကို ပေ့ချ်ကနေ ဝယ်ယူလိုက်ပါ။ ဒါမှလည်း “Redeem offer” ခလုတ်လေးကိုနှိပ်ပြီးတော့ Disney+ app အတွက် ဒေါ်လာ၂၀.၉၇ သက်သာမယ့် ပရိုမိုကုဒ်လေး ရရှိမှာပါ။
Google က သူ့ရဲ့ Chromebook တွေကို အားလပ်ရက်ရာသီရဲ့ လက်ဆောင်အဖြစ်မြင်ကြဖို့ အားထုတ်နေတာဖြစ်ပါတယ်။ Acer Chromebook တွေဟာ ၁၉၉ဒေါ်လာနဲ့ အစပြုထားပါတယ်။ Chromebook ရဲ့ ပုံရိပ်က အချက်အလက်နိမ့်ပါးပြီး သာမန်လက်ပ်တော့ဖြစ်ပေမယ့်လည်း Asus Chromebook Flip ၊ Google Pixelbook တို့လို အမြင့်တွေလည်း ရှိနေပါသေးတယ်။
တကယ်လို့များ ဈေးသက်သာတာလိုချင်တယ်ဆိုရင်တော့ refurbished Chromebook တစ်လုံးကို ၉၉ဒေါ်လာနဲ့တောင် ရနိုင်ပါတယ်။ ဒါပေမယ့် Disney+ တော့ မပါဘူးပေါ့။
[Zawgyi]
Ref: engadget
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.