Android ဖုန်းတွေမှာ မြင်တွေ့လာရပြီဖြစ်တဲ့ Facebook dark mode

0
2531

[Unicode]

Pixel ဖုန်းတွေမှာ တွေ့မြင်နေရတဲ့ Facebook ရဲ့ dark mode အသုံးပြုနေပုံကို screenshot ရိုက်ထားတာလေးတွေက ဟစ်ဖြစ်နေပါတယ်။
PhoneArena ရဲ့တင်ပြချက်အရ Reddit ပေါ်မှာ share ထားတဲ့ screenshot တစ်ခုဟာ Facebook ကို dark mode ဝင်ထားတာ တွေ့ရပါတယ်။
dark mode ရဲ့ လူကြိုက်များမှုကို ထည့်တွက်လိုက်မယ်ဆိုရင်တော့ Facebook ကမလုပ်ဆောင်ပေးသေးတာ အံ့သြစရာပါပဲ။ Windows အတွက် Facebook Messenger ၊ WhatsApp တို့မှာ dark theme တွေထည့်ပေးခဲ့ပေမယ့်လည်း Facebook app ကတော့ဒီအတိုင်းပါပဲ။
Facebook လည်း dark mode ကို မိုဘိုင်းလ်သမားတွေအတွက် လုပ်ဆောင်နေပါတယ်။ သုံးစွဲသူအများစုကတော့ စိတ်မရှည်ကြတော့ပါဘူး။ ဘယ်လိုလေးလဲဆိုတာ သိချင်နေလောက်ပါပြီ။
ကြည့်လိုက်ရအောင်။


Facebook ရဲ့ Android app မှာ dark mode လေးရနေပြီဆိုတာက အစောပိုင်းစမ်းသပ်မှုဖြစ်နိုင်သလို၊ သတင်းလွှင့်တာ၊ အမှားတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုတွေ့ခဲ့တာ တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားသုံးစွဲသူတွေကလည်း Facebook app မှာ dark mode မြင်တွေ့ရကြောင်း ပြောထားတာတွေ ရှိပါတယ်။
တွစ်တာပေါ်မှာ Nagesh Bande က Facebook ရဲ့ dark mode ကို screenshot တင်ထားပါတယ်။ ဘယ်ဖုန်းမှာရိုက်ကူးခဲ့သလဲဆိုတာကို ပြောထားခြင်းတော့ မရှိပါဘူး။ dark mode ဟာ ခဏတာလား။ အပြီးပြောင်းနေတာလားဆိုတာလည်း မသေချာခဲ့ပါဘူး။


Lock လို့ခေါ်တဲ့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ယောက်ကလည်း တင်ထားပါသေးတယ်။
Reddit မှာ ပြထားတဲ့ပုံကတော့ လပေါင်းများစွာကြာနေပေမယ့်လည်း အခုမှရုတ်ချည်းဆိုသလို dark mode တွေပေါ်လာခြင်းက Facebook ဆီကနေ တိုးတက်မှုကိုမြင်တွေ့နေရပြီလို့ ဆိုနိုင်ပါတယ်။ မကြာခင်မှာတော့ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနိုင်မှာပါ။

[Zawgyi]

Pixel ဖုန္းေတြမွာ ေတြ႕ျမင္ေနရတဲ့ Facebook ရဲ႕ dark mode အသံုးျပဳေနပံုကို screenshot ရိိုက္ထားတာေလးေတြက ဟစ္ျဖစ္ေနပါတယ္။
PhoneArena ရဲ႕တင္ျပခ်က္အရ Reddit ေပၚမွာ share ထားတဲ့ screenshot တစ္ခုဟာ Facebook ကို dark mode ၀င္ထားတာ ေတြ႕ရပါတယ္။
dark mode ရဲ႕ လူၾကိဳက္မ်ားမႈကို ထည့္တြက္လုိက္မယ္ဆိုရင္ေတာ့ Facebook ကမလုပ္ေဆာင္ေပးေသးတာ အံ့ၾသစရာပါပဲ။ Windows အတြက္ Facebook Messenger ၊ WhatsApp တို႕မွာ dark theme ေတြထည့္ေပးခဲ့ေပမယ့္လည္း Facebook app ကေတာ ့ဒီအတုိင္းပါပဲ။
Facebook လည္း dark mode ကို မိုဘိုင္းလ္သမားေတြအတြက္ လုပ္ေဆာင္ေနပါတယ္။ သံုးစြဲသူအမ်ားစုကေတာ့ စိတ္မရွည္ၾကေတာ့ပါဘူး။ ဘယ္လိုေလးလဲဆိုတာ သိခ်င္ေနေလာက္ပါျပီ။
ၾကည့္လုိက္ရေအာင္။


Facebook ရဲ႕ Android app မွာ dark mode ေလးရေနျပီဆိုတာက အေစာပိုင္းစမ္းသပ္မႈျဖစ္နုိင္သလို၊ သတင္းလႊင့္တာ၊ အမွားတစ္ခုလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ဒီလိုေတြ႕ခဲ့တာ တစ္ေယာက္တည္းမဟုတ္ပါဘူး။ အျခားသံုုးစြဲသူေတြကလည္း Facebook app မွာ dark mode ျမင္ေတြ႕ရေၾကာင္း ေျပာထားတာေတြ ရွိပါတယ္။


တြစ္တာေပၚမွာ Nagesh Bande က Facebook ရဲ႕ dark mode ကို screenshot တင္ထားပါတယ္။ ဘယ္ဖုန္းမွာရိုက္ကူးခဲ့သလဲဆိုတာကို ေျပာထားျခင္းေတာ့ မရွိပါဘူး။ dark mode ဟာ ခဏတာလား။ အျပီးေျပာင္းေနတာလားဆိုတာလည္း မေသခ်ာခဲ့ပါဘူး။
Lock လို႕ေခၚတဲ့ ေနာက္ထပ္တြစ္တာအသံုးျပဳသူတစ္ေယာက္ကလည္း တင္ထားပါေသးတယ္။
Reddit မွာ ျပထားတဲ့ပံုကေတာ့ လေပါင္းမ်ားစြာၾကာေနေပမယ့္လည္း အခုမွရုတ္ခ်ည္းဆိုသလို dark mode ေတြေပၚလာျခင္းက Facebook ဆီကေန တိုးတက္မႈကိုျမင္ေတြ႕ေနရျပီလို႕ ဆိုႏုိင္ပါတယ္။ မၾကာခင္မွာေတာ့ က်ယ္က်ယ္ျပန္႕ျပန္႕ထြက္လာႏုိင္မွာပါ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.