5G ၊ 40MP ကင်မရာသုံးလုံးနဲ့ ထွက်ပေါ်လာမယ့် Honor V30 နဲ့ Honor V30 Pro

0
304

[Unicode]

Honor V30 နဲ့ Honor V30 Pro တို့ကို တရုတ်နိုင်ငံ ပေကျင်းမြို့ကအခမ်းအနားတစ်ခုမှာ တရားဝင်မိတ်ဆက်ပြသခဲ့ပါတယ်။ Kirin 990 chipset ကို အသုံးပြုထားပြီး သူတို့ရဲ့ ပထမဆုံးသော 5G စမတ်ဖုန်းတွေကို ကင်မရာအားဖြင့် အရှေ့မှာနှစ်လုံး အနောက်မှာသုံးလုံး ထည့်သွင်းထားပါတယ်။
Honor V30 နဲ့ V30 Pro ဟာ 6.57” LCD ကို Full HD+ resolution နဲ့ ထုတ်လုပ်ထားပါတယ်။ လက်ဗွေစနစ်ကတော့ Honor 20 နဲ့ Honor 20 Pro တို့လိုပဲ ဘေးဘက်မှာတပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို တွေ့မြင်ခံစားရမှာပါ။


Honor V30 နဲ့ V30 Pro တို့ဟာ 40MP Sony IMX600 sensor ၊ Dual OIS ၊ laser AF တို့ကို အတူတူထည့်သွင်းထားပေမယ့် Pro မှာတော့ ပိုမိုမြန်ဆန်တဲ့ F/1.6 lens သုံးထားပြီး V30 မှာတော့ F/1.8 optics သာ သုံးထားပါတယ်။
3x optical zoom ပါတဲ့ 8MP telephoto ၊ F/2.4 lens နဲ့ OIS တို့ကိုလည်း တွေ့မြင်ခံစားရဦးမှာပါ။
အကြီးမားဆုံးခြားနားချက်ကတော့ ultrawide angle ပါပဲ။ Honor V30 Pro မှာ 12MP sensor ပါဝင်တဲ့အတွက်ကြောင့် ဗွီဒီယိုရိုက်ကူးတဲ့အခါ 16:9 ratio ၊ F/2.2 lens ကို အသုံးပြုနိုင်မှာပါ။


V30 ကတော့ 8MP F/2.4 ultrawide ကင်မရာကို conventional sensor နဲ့ပဲ ရိုက်ကူးနိုင်မှာပါ။
အရှေ့ဘက်မှာတော့ pill shape လေးကို တွေ့မြင်ရမှာပါ။ 32MP main selfie ကင်မရာကို Super Night Mode နဲ့တွဲဖက်ထားပြီး 8MP ultrawide angle ကိုတော့ 105-degree FoV နဲ့ ပေါင်းစပ်ထားပါတယ်။
Teaser အရ Kirin 990 5G ကို အတည်ပြုထားပြီးတော့ နှစ်လုံးစလုံး အတူတူအသုံးပြုသွားမှာပါ။ 6/8 GB RAM ၊ 128/256 GB storage အဖြစ်နဲ့ ထွက်ရှိလာမှာပါ။


Chipset ပိုင်းမှာ နည်းနည်းခြားနားပါသေးတယ်။ Honor V30 ကတော့ 7nm Kirin 990 ကို Balong 5000 modem ၊ Pro ကတော့ 7nm+ Kirin 990 ကို integrated modem နဲ့ တွဲဖက်ထားတာပါ။
Software ပိုင်းကတော့ Android 10 ကို အခြေပြုထားတဲ့ Magic UI 3.0.1 ဖြစ်ပြီး GPU Turbo ၊ Kirin Gaming+ 2.0 တွေထည့်သွင်းလားလို့ ultimate gaming experience ရစေမှာပါ။
V30 ဖုန်းတွေမှာ ultrafast 40W Honor SuperCharge ထောက်ပံ့ထားပေမယ့် V30 Pro မှာ 27W Super Wireless Charge လည်း ရှိပါသေးတယ်။ Honor V30 က 4,200 mAh ဖြစ်ပြီး Pro ကတော့ 4,100 mAh ပဲသုံးထားတာကလည်း ထူးခြားချက်ပါပဲ။
အရောင်အားဖြင့် Orange, Pearl White, Blue, Black ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ပထမဆုံးကြိုတင်မှာယူမှုကိုတော့ ဒီဇင်ဘာ၅ရက်နေ့မှာ လုပ်ဆောင်ပေးမှာဖြစ်ပြီးတော့ တစ်ပတ်အကြာမှာ flash sale လုပ်ဆောင်ပေးသွားမှာပါ။
ဈေးနှုန်းတွေကတော့ Honor V30 – 6/128 GB အတွက် ဒေါ်လာ ၄၇၀ ၊ 8/128 GB အတွက် ၅၂၅ဒေါ်လာ ဖြစ်ပါတယ်။
Honor V30 Pro – 8/128 GB က ၅၅၅ဒေါ်လာဖြစ်ပြီး 8/256 GB memory ကတော့ ဒေါ်လာ၆၀၀ ဖြစ်ပါတယ်။

[Zawgyi]

Honor V30 နဲ႕ Honor V30 Pro တို႕ကို တရုတ္ႏုိင္ငံ ေပက်င္းျမိဳ႕ကအခမ္းအနားတစ္ခုမွာ တရား၀င္မိတ္ဆက္ျပသခဲ့ပါတယ္။ Kirin 990 chipset ကို အသံုးျပဳထားျပီး သူတို႕ရဲ႕ ပထမဆံုးေသာ 5G စမတ္ဖုန္းေတြကို ကင္မရာအားျဖင့္ အေရွ႕မွာႏွစ္လံုး အေနာက္မွာသံုးလံုး ထည့္သြင္းထားပါတယ္။
Honor V30 နဲ႕ V30 Pro ဟာ 6.57” LCD ကို Full HD+ resolution နဲ႕ ထုတ္လုပ္ထားပါတယ္။ လက္ေဗြစနစ္ကေတာ့ Honor 20 နဲ႕ Honor 20 Pro တို႕လိုပဲ ေဘးဘက္မွာတပ္ဆင္ထားပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာသံုုးလံုးကို ေတြ႕ျမင္ခံစားရမွာပါ။


Honor V30 နဲ႕ V30 Pro တို႕ဟာ 40MP Sony IMX600 sensor ၊ Dual OIS ၊ laser AF တို႕ကို အတူတူထည့္သြင္းထားေပမယ့္ Pro မွာေတာ့ ပိုမိုျမန္ဆန္တဲ့ F/1.6 lens သံုးထားျပီး V30 မွာေတာ့ F/1.8 optics သာ သံုးထားပါတယ္။
3x optical zoom ပါတဲ့ 8MP telephoto ၊ F/2.4 lens နဲ႕ OIS တို႕ကိုလည္း ေတြ႕ျမင္ခံစားရဦးမွာပါ။
အၾကီးမားဆံုးျခားနားခ်က္ကေတာ့ ultrawide angle ပါပဲ။ Honor V30 Pro မွာ 12MP sensor ပါ၀င္တဲ့အတြက္ေၾကာင့္ ဗြီဒီယိုရိုက္ကူးတဲ့အခါ 16:9 ratio ၊ F/2.2 lens ကို အသံုးျပဳႏုိင္မွာပါ။


V30 ကေတာ့ 8MP F/2.4 ultrawide ကင္မရာကို conventional sensor နဲ႕ပဲ ရုိက္ကူးႏုိင္မွာပါ။
အေရွ႕ဘက္မွာေတာ့ pill shape ေလးကို ေတြ႕ျမင္ရမွာပါ။ 32MP main selfie ကင္မရာကို Super Night Mode နဲ႕တြဲဖက္ထားျပီး 8MP ultrawide angle ကိုေတာ့ 105-degree FoV နဲ႕ ေပါင္းစပ္ထားပါတယ္။
Teaser အရ Kirin 990 5G ကို အတည္ျပဳထားျပီးေတာ့ ႏွစ္လံုးစလံုး အတူတူအသံုးျပဳသြားမွာပါ။ 6/8 GB RAM ၊ 128/256 GB storage အျဖစ္နဲ႕ ထြက္ရွိလာမွာပါ။


Chipset ပိုင္းမွာ နည္းနည္းျခားနားပါေသးတယ္။ Honor V30 ကေတာ့ 7nm Kirin 990 ကို Balong 5000 modem ၊ Pro ကေတာ့ 7nm+ Kirin 990 ကို integrated modem နဲ႕ တြဲဖက္ထားတာပါ။
Software ပုိင္းကေတာ့ Android 10 ကုိ အေျချပဳထားတဲ့ Magic UI 3.0.1 ျဖစ္ျပီး GPU Turbo ၊ Kirin Gaming+ 2.0 ေတြထည့္သြင္းလားလို႕ ultimate gaming experience ရေစမွာပါ။
V30 ဖုန္းေတြမွာ ultrafast 40W Honor SuperCharge ေထာက္ပံ့ထားေပမယ့္ V30 Pro မွာ 27W Super Wireless Charge လည္း ရွိပါေသးတယ္။ Honor V30 က 4,200 mAh ျဖစ္ျပီး Pro ကေတာ့ 4,100 mAh ပဲသံုးထားတာကလည္း ထူးျခားခ်က္ပါပဲ။
အေရာင္အားျဖင့္ Orange, Pearl White, Blue, Black ဆိုျပီး ထုတ္လုပ္ထားပါတယ္။ ပထမဆံုးၾကိဳတင္မွာယူမႈကိုေတာ့ ဒီဇင္ဘာ၅ရက္ေန႕မွာ လုပ္ေဆာင္ေပးမွာျဖစ္ျပီးေတာ့ တစ္ပတ္အၾကာမွာ flash sale လုပ္ေဆာင္ေပးသြားမွာပါ။
ေစ်းႏႈန္းေတြကေတာ့ Honor V30 – 6/128 GB အတြက္ ေဒၚလာ ၄၇၀ ၊ 8/128 GB အတြက္ ၅၂၅ေဒၚလာ ျဖစ္ပါတယ္။
Honor V30 Pro – 8/128 GB က ၅၅၅ေဒၚလာျဖစ္ျပီး 8/256 GB memory ကေတာ့ ေဒၚလာ၆၀၀ ျဖစ္ပါတယ္။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.