iPad Pro ကို ပြိုင်ဆိုင်မယ့် ထိပ်တန်းအချက်အလက်တွေအသုံးပြုထားတဲ့ Huawei MatePad Pro

0
336

[Unicode]

ရံဖန်ရံခါမှာ တက်ဘလက်ပိုင်းကို အသာစီးရယူထားတာက Apple တစ်ခုတည်းလားလို့ ထင်မိတယ်။ ဒါပေမယ့် Huawei က ဒီဖြစ်ရပ်ကို မဟုတ်ဘူးဆိုတာ ပြသဖို့ကြိုးစားခဲ့ပါတယ်။ Huawei MatePad Pro ဆိုတဲ့ တက်ဘလက်လေးကို မိတ်ဆက်လိုက်ပါပြီ။
အဓိကအချက်အလက်တွေပြောပါဆိုရင် 10.8-inch 1600 x 2560 LCD screen ၊ high-end Kirin 990 chipset ဒါလေးကတော့ Huawei Mate 30 Pro မှာ မြင်ခဲ့ဖူးတယ် ၊ 6GB or 8GB RAM ၊ up to 512GB storage ၊ 13MP f/1.8 အနောက်ကင်မရာ၊ 7,250mAh ဘတ်ထရီကို 40W fast charging ထောက်ပံ့ပေးထားတယ်။
Huawei MatePad Pro ဟာ မျက်နှာပြင်ကိုယ်ထည်အချိုး ၉၀% ဆိုတော့ အပြည့်နီးပါးပါပဲ။ 8MP f/2.0 punch-hole ဆယ်လ်ဖီကင်မရာပါမယ်။ စပီကာကတော့ လေးလုံး၊ ကြိုးမဲ့အားသွင်းစနစ်၊ reverse wireless charging တွေလည်း ထည့်သွင်းထားပါတယ်။
Android 10 ကို အခြေပြုထားတဲ့ Huawei EMUI 10 ကို အသုံးပြုထားတယ်။ ဒါပေမယ့် Google Play နဲ့ Google apps ၊ services တွေတော့ ပါဝင်မှာမဟုတ်ပါဘူး။
အထူက 246 x 159 x 7.2mm ဖြစ်ပြီး 460g လေးပါတယ်။ အရောင်ကတော့ နက်၊ ဖြူ၊ စိမ်း၊ လိမ္မော် ဆိုပြီး ရွေးလို့ရမယ်။ M-Pen stylus နဲ့ keyboard case ကို ထောက်ပံ့ပေးထားပြီးတော့ ဒေါ်လာ၄၇၀ ဆိုရင် base version ဖြစ်တဲ့ 6GB RAM နဲ့ 128GB storage ကို သုံးလို့ရနေပြီ။ RAM ၊ storage ၊ LTE အပေါ်မူတည်ပြီးတော့ ဈေးနှုန်းကွဲသွားမှာပေါ့။
ဒါပေမယ့်လည်း the MatePad Pro မိတ်ဆက်တဲ့နေရာမှာ ဈေးနှုန်းတွေက အဓိကကျမနေဘူး။ ဒီဇင်ဘာ ၁၂ရက်နေ့မှာ တရုတ်စတိုးတွေကို စတင်ရောက်ရှိမှာဖြစ်ပေမယ့်လည်း ယူကေ၊ သြစတေးလျနဲ့ ယူအက်စ်တို့ကိုတော့ ဖြန့်ချိလို့ရမှာမဟုတ်ဘူး။ ပိတ်ခံထားတယ်။
Google service မပါဘဲနဲ့တောင် Huawei MatePad Pro ဟာ မိုက်နေတဲ့တက်ဘလက်တစ်လုံးလို့ ဆိုနိုင်နေပြီ။ တကယ်လို့များသာ အဲဒီဟာတွေပြန်ထည့်နိုင်ခဲ့ရင် iPad Pro 11 နဲ့ Samsung Galaxy Tab S6 တို့ကို ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။ ဘယ်တွေကို ဆက်ဖြန့်မလဲဆိုတာကတော့ သတင်းကို ဆက်လက်နားစွင့်ရမှာပါ။

[Zawgyi]

ရံဖန္ရံခါမွာ တက္ဘလက္ပိုင္းကို အသာစီးရယူထားတာက Apple တစ္ခုတည္းလားလို႕ ထင္မိတယ္။ ဒါေပမယ့္ Huawei က ဒီျဖစ္ရပ္ကို မဟုတ္ဘူးဆိုတာ ျပသဖို႕ၾကိဳးစားခဲ့ပါတယ္။ Huawei MatePad Pro ဆိုတဲ့ တက္ဘလက္ေလးကို မိတ္ဆက္္လုိက္ပါျပီ။
အဓိကအခ်က္အလက္ေတြေျပာပါဆိုရင္ 10.8-inch 1600 x 2560 LCD screen ၊ high-end Kirin 990 chipset ဒါေလးကေတာ့ Huawei Mate 30 Pro မွာ ျမင္ခဲ့ဖူးတယ္ ၊ 6GB or 8GB RAM ၊ up to 512GB storage ၊ 13MP f/1.8 အေနာက္ကင္မရာ၊ 7,250mAh ဘတ္ထရီကို 40W fast charging ေထာက္ပံ့ေပးထားတယ္။
Huawei MatePad Pro ဟာ မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳး ၉၀% ဆိုေတာ့ အျပည့္နီးပါးပါပဲ။ 8MP f/2.0 punch-hole ဆယ္လ္ဖီကင္မရာပါမယ္။ စပီကာကေတာ့ ေလးလံုး၊ ၾကိဳးမဲ့အားသြင္းစနစ္၊ reverse wireless charging ေတြလည္း ထည့္သြင္းထားပါတယ္။
Android 10 ကို အေျချပဳထားတဲ့ Huawei EMUI 10 ကို အသံုးျပဳထားတယ္။ ဒါေပမယ့္ Google Play နဲ႕ Google apps ၊ services ေတြေတာ့ ပါ၀င္မွာမဟုတ္ပါဘူး။
အထူက 246 x 159 x 7.2mm ျဖစ္ျပီး 460g ေလးပါတယ္။ အေရာင္ကေတာ့ နက္၊ ျဖဴ၊ စိမ္း၊ လိေမၼာ္ ဆိုျပီး ေရြးလို႕ရမယ္။ M-Pen stylus နဲ႕ keyboard case ကို ေထာက္ပံ့ေပးထားျပီးေတာ့ ေဒၚလာ၄၇၀ ဆိုရင္ base version ျဖစ္တဲ့ 6GB RAM နဲ႕ 128GB storage ကို သံုးလို႕ရေနျပီ။ RAM ၊ storage ၊ LTE အေပၚမူတည္ျပီးေတာ့ ေစ်းႏႈန္းကြဲသြားမွာေပါ့။
ဒါေပမယ့္လည္း the MatePad Pro မိတ္ဆက္တဲ့ေနရာမွာ ေစ်းႏႈန္းေတြက အဓိကက်မေနဘူး။ ဒီဇင္ဘာ ၁၂ရက္ေန႕မွာ တရုတ္စတိုးေတြကို စတင္ေရာက္ရွိမွာျဖစ္ေပမယ့္လည္း ယူေက၊ ၾသစေတးလ်နဲ႕ ယူအက္စ္တို႕ကိုေတာ့ ျဖန္႕ခ်ိလို႕ရမွာမဟုတ္ဘူး။ ပိတ္ခံထားတယ္။
Google service မပါဘဲနဲ႕ေတာင္ Huawei MatePad Pro ဟာ မိုက္ေနတဲ့တက္ဘလက္တစ္လံုးလို႕ ဆိုႏုိင္ေနျပီ။ တကယ္လို႕မ်ားသာ အဲဒီဟာေတြျပန္ထည့္ႏုိင္ခဲ့ရင္ iPad Pro 11 နဲ႕ Samsung Galaxy Tab S6 တို႕ကို ျပိဳင္ဘက္ေကာင္းတစ္ေယာက္ ျဖစ္လာလိမ့္မယ္။ ဘယ္ေတြကို ဆက္ျဖန္႕မလဲဆိုတာကေတာ့ သတင္းကို ဆက္လက္နားစြင့္ရမွာပါ။

Ref: techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.