in-screen scanner နဲ့ ဘေးဘက်sensor ရှစ်ခုပါဝင်လာမယ့် Motorola Razr 2

0
658

[Unicode]

Motorola Razr 2019 ဟာ ဒေါ်လာ၁၅၀၀ လောက်နဲ့ထွက်ရှိထားပေမယ့်လည်း လက်ရှိမှာ မဝယ်နိုင်လောက်သေးပါဘူး။ မဝယ်တာပိုကောင်းမယ်နဲ့တူတယ်။ Motorola ကတော့ feature အသစ်နှစ်မျိုးထပ်ထည့်ပြီးတော့ နောက်ထပ်မော်ဒယ်လ်တစ်ခု ထုတ်ဖို့တောင် စဉ်းစားပြီးနေပြီ။
နိုဝင်ဘာ ၂၁ရက်နေ့တုန်းက LetsGoDigital ဟာ လက်ရှိ foldable Razr လေးနဲ့ဆင်တူတဲ့ Motorola patent တစ်ခုကို မြင်ရပါတယ်။ ဒါပေမယ့် အဓိကခြားနားနေတဲ့အပိုင်းလေးတွေလည်း ပါဝင်နေတာကို သတိထားမိခဲ့ပါတယ်။
ပထမဆုံးကတော့ fingerprint icon လေးကို မျက်နှာပြင်ပေါ်မှာမြင်တွေ့ရတော့ fingerprint scanner ကို display ထဲမှာထည့်ထားလောက်ပါတယ်။ Motorola Razr 2019 မှာတုန်းက scanner ကို အောက်မှာထားတာထက်တော့ ပိုကောင်းပါတယ်။
Patent အဓိကဦးတည်ထားတာကတော့ မျက်နှာပြင်ရဲ့အစွန်တွေမှာထားထားတဲ့ sensor ရှစ်ခုပါ။ တစ်ဖက်ကို လေးခုစီပေါ့။ screen ခေါက်ထားသည်ဖြစ်စေ၊ ဖြန့်ထားသည်ဖြစ်စေ အသုံးပြုနိုင်မယ့် customizable button လေးတွေပါ။ sensor တွေဟာ gesture တွေကိုလည်း တုံ့ပြန်နိုင်ပါသေးတယ်။ ဒါကြောင့် shortcut နဲ့ quick settings ကြိုက်သူတွေကတော့ သဘောတွေ့မှာပါ။
Motorola Razr 2019 မှာ ကျွန်တော်တို့တွေ့မြင်ခဲ့ရတဲ့ chin ကြီးကိုလည်း ဒီပုံထဲမှာမမြင်ရပါဘူး။ ဒါဆိုရင် Motorola Razr 2 မှာ chin လုံးဝမပါနိုင်ဘူးလားဆိုတော့ ဒီပုံဟာ sensor တွေကို ဦးတည်ဆွဲပြထားတာဆိုတော့ စဉ်းစားစရာပါပဲ။


Motorola Razr 2 မှာ ဒီလို sensor တွေပါလိမ့်မယ်လို့လည်း အာမခံချက်မရှိသေးပါဘူး။ Motorola ဟာ အိုင်ဒီယာကိုစတင်လုပ်ဆောင်နေတုန်းမို့ပါ။ ဘာကြောင့်လဲဆိုတော့ patent မှာဖော်ပြထားသမျှ feature တွေအကုန်လုံးက ထွက်လာရင် ပါချင်မှပါတာမို့ပါ။
ကျွန်တော်တို့အတွက် သေချာတဲ့အဖြေတစ်ခုရဖို့ကတော့ အချိန်ကြာဦးမှာပါ။ Motorola Razr 2 နဲ့ပတ်သတ်လို့ သတင်းအသစ်တွေကို ဆက်လက်တင်ဆက်ပေးနေဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

[Zawgyi]

Motorola Razr 2019 ဟာ ေဒၚလာ၁၅၀၀ ေလာက္နဲ႕ထြက္ရွိထားေပမယ့္လည္း လက္ရွိမွာ မ၀ယ္ႏုိင္ေလာက္ေသးပါဘူး။ မ၀ယ္တာပိုေကာင္းမယ္နဲ႕တူတယ္။ Motorola ကေတာ့ feature အသစ္ႏွစ္မ်ိဳးထပ္ထည့္ျပီးေတာ့ ေနာက္ထပ္ေမာ္ဒယ္လ္တစ္ခု ထုတ္ဖို႕ေတာင္ စဥ္းစားျပီးေနျပီ။
ႏို၀င္ဘာ ၂၁ရက္ေန႕တုန္းက LetsGoDigital ဟာ လက္ရွိ foldable Razr ေလးနဲ႕ဆင္တူတဲ့ Motorola patent တစ္ခုကို ျမင္ရပါတယ္။ ဒါေပမယ့္ အဓိကျခားနားေနတဲ့အပိုင္းေလးေတြလည္း ပါ၀င္ေနတာကို သတိထားမိခဲ့ပါတယ္။
ပထမဆံုးကေတာ့ fingerprint icon ေလးကို မ်က္ႏွာျပင္ေပၚမွာျမင္ေတြ႕ရေတာ့ fingerprint scanner ကို display ထဲမွာထည့္ထားေလာက္ပါတယ္။ Motorola Razr 2019 မွာတုန္းက scanner ကို ေအာက္မွာထားတာထက္ေတာ့ ပိုေကာင္းပါတယ္။
Patent အဓိကဦးတည္ထားတာကေတာ့ မ်က္ႏွာျပင္ရဲ႕အစြန္ေတြမွာထားထားတဲ့ sensor ရွစ္ခုပါ။ တစ္ဖက္ကို ေလးခုစီေပါ့။ screen ေခါက္ထားသည္ျဖစ္ေစ၊ ျဖန္႕ထားသည္ျဖစ္ေစ အသံုးျပဳႏုိင္မယ့္ customizable button ေလးေတြပါ။ sensor ေတြဟာ gesture ေတြကိုလည္း တံု႕ျပန္ႏုိင္ပါေသးတယ္။ ဒါေၾကာင့္ shortcut နဲ႕ quick settings ၾကိဳက္သူေတြကေတာ့ သေဘာေတြ႕မွာပါ။
Motorola Razr 2019 မွာ ကၽြန္ေတာ္တို႕ေတြ႕ျမင္ခဲ့ရတဲ့ chin ၾကီးကိုလည္း ဒီပံုထဲမွာမျမင္ရပါဘူး။ ဒါဆိုရင္ Motorola Razr 2 မွာ chin လံုး၀မပါႏုိင္ဘူးလားဆိုေတာ့ ဒီပံုဟာ sensor ေတြကို ဦးတည္ဆြဲျပထားတာဆိုေတာ့ စဥ္းစားစရာပါပဲ။


Motorola Razr 2 မွာ ဒီလို sensor ေတြပါလိမ့္မယ္လို႕လည္း အာမခံခ်က္မရွိေသးပါဘူး။ Motorola ဟာ အိုင္ဒီယာကုိစတင္လုပ္ေဆာင္ေနတုန္းမို႕ပါ။ ဘာေၾကာင့္လဲဆိုေတာ့ patent မွာေဖာ္ျပထားသမွ် feature ေတြအကုန္လံုးက ထြက္လာရင္ ပါခ်င္မွပါတာမို႕ပါ။
ကၽြန္ေတာ္တို႕အတြက္ ေသခ်ာတဲ့အေျဖတစ္ခုရဖို႕ကေတာ့ အခ်ိန္ၾကာဦးမွာပါ။ Motorola Razr 2 နဲ႕ပတ္သတ္လို႕ သတင္းအသစ္ေတြကို ဆက္လက္တင္ဆက္ေပးေနဦးမွာျဖစ္လို႕ ေစာင့္ေမွ်ာ္ဖတ္ရွဳေပးၾကပါဦး။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.