၂၀၂၀မှာ iPhone 12 ရောင်းအားကို ၁၀၀မီလျံအထက် Apple မျှော်မှန်းထား

0
558

[Unicode]

Apple က သူ့ရဲ့ supply chain မိတ်ဖက်တွေကို နောက်နှစ်ရဲ့ iPhone 12 အတွက် ၁၀၀မီလျံကျော် အော်ဒါတင်ဖို့မှန်းထားကြောင်း ပြောကြားတယ်လို့ Digitimes က ပြောပါတယ်။
၂၀၁၉အတွက် iPhone 11 နဲ့ iPhone 11 Pro ကို ၈၀မီလျံရောင်းချဖို့ မှန်းထားခဲ့ပါတယ်။ ရောင်းအားကောင်းခဲ့တဲ့အတွက်ကြောင့် ၁၀၀မီလျံအထိ ခုန်တက်သွားခဲ့တာပါ။ 5G ‘super cycle’ အတွက် သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ iPhone 12 ကို အရင်နှစ်တွေထက် အရေအတွက်ပိုများများထုတ်လုပ်ဖို့စဉ်းစားလိုက်တာပါ။
Apple ဟာ supply chain မိတ်ဖက်တွေကို နောက်နှစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ မှာကြားနေတယ်လို့သိရပါတယ်။ ဒုတိယနှစ်ဝက်လောက်မှာ iPhone အသစ်ရောင်းအားဟာ ၂၅% ခုန်တက်လာတာကြောင့် မျှော်မှန်းချက်တွေ မြင့်မားလာတယ်လို့ ဆိုရမှာပါ။ iPhone လုပ်ငန်းဟာ နှစ်တိုင်းလိုလို ၅% အတက်အကျသာ ရှိခဲ့ပါတယ်။
iPhone 12 လေးဟာ 5G networking ထည့်သွင်းထားမယ်လို့ သတင်းတွေ ထွက်နေပြီး time-of-flight ကိုလည်း အနောက်ဘက်မှာထည့်သွင်းပြီးတော့ augmented reality လုပ်ဆောင်ချက်ကို ပံ့ပိုးသွားမယ်လို့ ပြောနေကြပါတယ်။ ဒီဇိုင်းပြောင်းလဲမှုတွေကိုလည်း တွေ့မြင်ရဦးမှာပါ။
5G network ရရှိလာမှုနဲ့ carrier infrastructure ပြောင်းလဲမှုတွေကြောင့် သုံးစွဲသူတွေဟာ ဟန်းဆက်အမြင့်တွေကို ပြောင်းသုံးနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။ Android လောကမှာတော့ 5G ဖုန်းတွေအတော်များများ ရှိနေပါပြီ။ ဒါပေမယ့်လည်း တန်ဖိုးမြင့်မားခြင်းနဲ့ 5G service မရရှိခြင်းတွေကြောင့် သုံးစွဲသူတွေက ဝယ်လိုအားနည်းနေကြပါတယ်။ ၂၀၁၉ခုနှစ်အတွင်းမှာ 5G စမတ်ဖုန်းအလုံးရေ ၁၅မီလျံလောက်အထိ ဖြန့်ဖြူးပြီးနေပြီလို့ လေ့လာချက်အရ သိရပါတယ်။ ၂၀၂၀မှာတော့ ဒီထက်ပိုများနိုင်ပါတယ်။
5G ကို iPhone မှာထည့်သွင်းလိုက်မယ်ဆိုရင် ဈေးနှုန်းက ပိုမြင့်သွားမှာပေါ့လို့ ပြောနေကြပါတယ်။ ၂၀၁၉ရဲ့ ဈေးနှုန်းမပြောင်းလဲမှုကို ဆက်မလုပ်နိုင်တော့ဘူးလား။ ဈေးနှုန်းသတ်မှတ်ဖို့က စောလွန်းနေပါသေးတယ်။

[Zawgi]

Apple က သူ႕ရဲ႕ supply chain မိတ္ဖက္ေတြကို ေနာက္ႏွစ္ရဲ႕ iPhone 12 အတြက္ ၁၀၀မီလ်ံေက်ာ္ ေအာ္ဒါတင္ဖို႕မွန္းထားေၾကာင္း ေျပာၾကားတယ္လို႕ Digitimes က ေျပာပါတယ္။
၂၀၁၉အတြက္ iPhone 11 နဲ႕ iPhone 11 Pro ကို ၈၀မီလ်ံေရာင္းခ်ဖို႕ မွန္းထားခဲ့ပါတယ္။ ေရာင္းအားေကာင္းခဲ့တဲ့အတြက္ေၾကာင့္ ၁၀၀မီလ်ံအထိ ခုန္တက္သြားခဲ့တာပါ။ 5G ‘super cycle’ အတြက္ သံုးစြဲသူေတြရဲ႕ စိတ္၀င္စားမႈျမင့္တက္ေနခ်ိန္မွာ iPhone 12 ကို အရင္ႏွစ္ေတြထက္ အေရအတြက္ပိုမ်ားမ်ားထုတ္လုပ္ဖို႕စဥ္းစားလိုက္တာပါ။
Apple ဟာ supply chain မိတ္ဖက္ေတြကို ေနာက္ႏွစ္အတြက္ ျပင္ဆင္မႈေတြျပဳလုပ္ဖို႕ မွာၾကားေနတယ္လို႕သိရပါတယ္။ ဒုတိယႏွစ္၀က္ေလာက္မွာ iPhone အသစ္ေရာင္းအားဟာ ၂၅% ခုန္တက္လာတာေၾကာင့္ ေမွ်ာ္မွန္းခ်က္ေတြ ျမင့္မားလာတယ္လို႕ ဆိုရမွာပါ။ iPhone လုပ္ငန္းဟာ ႏွစ္တုိင္းလိုလို ၅% အတက္အက်သာ ရွိခဲ့ပါတယ္။
iPhone 12 ေလးဟာ 5G networking ထည့္သြင္းထားမယ္လို႕ သတင္းေတြ ထြက္ေနျပီး time-of-flight ကိုလည္း အေနာက္ဘက္မွာထည့္သြင္းျပီးေတာ့ augmented reality လုပ္ေဆာင္ခ်က္ကို ပံ့ပိုးသြားမယ္လို႕ ေျပာေနၾကပါတယ္။ ဒီဇုိင္းေျပာင္းလဲမႈေတြကိုလည္း ေတြ႕ျမင္ရဦးမွာပါ။
5G network ရရွိလာမႈနဲ႕ carrier infrastructure ေျပာင္းလဲမႈေတြေၾကာင့္ သံုးစြဲသူေတြဟာ ဟန္းဆက္အျမင့္ေတြကို ေျပာင္းသံုးႏုိင္တယ္လို႕လည္း ေလ့လာသူေတြက သံုးသပ္ထားပါတယ္။ Android ေလာကမွာေတာ့ 5G ဖုန္းေတြအေတာ္မ်ားမ်ား ရွိေနပါျပီ။ ဒါေပမယ့္လည္း တန္ဖိုးျမင့္မားျခင္းနဲ႕ 5G service မရရွိျခင္းေတြေၾကာင့္ သံုးစြဲသူေတြက ၀ယ္လိုအားနည္းေနၾကပါတယ္။ ၂၀၁၉ခုႏွစ္အတြင္းမွာ 5G စမတ္ဖုန္းအလံုးေရ ၁၅မီလ်ံေလာက္အထိ ျဖန္႕ျဖဴးျပီးေနျပီလို႕ ေလ့လာခ်က္အရ သိရပါတယ္။ ၂၀၂၀မွာေတာ့ ဒီထက္ပိုမ်ားႏုိင္ပါတယ္။
5G ကို iPhone မွာထည့္သြင္းလိုက္မယ္ဆိုရင္ ေစ်းႏႈန္းက ပိုျမင့္သြားမွာေပါ့လို႕ ေျပာေနၾကပါတယ္။ ၂၀၁၉ရဲ႕ ေစ်းႏႈန္းမေျပာင္းလဲမႈကို ဆက္မလုပ္ႏုိင္ေတာ့ဘူးလား။ ေစ်းႏႈန္းသတ္မွတ္ဖို႕က ေစာလြန္းေနပါေသးတယ္။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.