အိန္ဒိယကို 108MP ကင်မရာဖုန်း မိတ်ဆက်တော့မယ့် Xiaomi

0
277

[Unicode]

အိန္ဒိယမှာ 108MP ကင်မရာဖုန်း မိတ်ဆက်မယ့်အကြောင်းကို Xiaomi က တရားဝင်ပြောကြားလိုက်ပါပြီ။ ဒီလအစောပိုင်းတုန်းက ကမ္ဘာ့ပထမဆုံးသော 108MP Penta-camera setup နဲ့ Mi CC9 Pro ကို မိတ်ဆက်ထားပါတယ်။ အဲဒီဖုန်းကိုပဲ ဥရောပမှာတော့ Mi Note 10 Pro ဆိုပြီး မိတ်ဆက်ထားပါတယ်။
Xiaomi Global VP & MD, India, Manu Kumar Jain က တွစ်တာမှာတင်ထားတာပါ။ ဒါပေမယ့်လည်း ဖုန်းအမည်ကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ ကျွန်တော်တို့ကတော့ Mi Note 10 စီးရီးဖြစ်မယ်လို့ မှန်းထားပါတယ်။ ဒါမှမဟုတ်လည်း 108MP camera sensor နဲ့ ဖုန်းအသစ်ဖြစ်နိုင်ပါတယ်။
Mi Mix 2 ပြီးနောက်မှာ Xiaomi ဟာ Mi branded premium ဖုန်းတွေကို အိန္ဒိယမှာ မဖြန့်ခဲ့သေးပါဘူး။ Android One lineup ဖြစ်တဲ့ Mi A-series ကိုတော့ ဒီနှစ်မှာ တတိယအကြိမ်အဖြစ်နဲ့ ထုတ်လုပ်ပေးခဲ့ပါတယ်။
Xiaomi Mi CC9 Pro ကို တရုတ်နိုင်ငံမှာ ၂၇၉၉ယွမ်နဲ့ရောင်းခဲ့ပေမယ့် အခုဆို ၂၄၉၉ယွမ်အထိ တက်နေပါတယ်။ အိန္ဒိယကိုတော့ ၂၉၉၉၉ နဲ့ ၃၉၉၉၉ ရူပီးအကြား ဈေးနှှုန်းမှန်းထားပါတယ်။ Realme X2 Pro နဲ့ OnePlus 7T ကို ယှဉ်ပြီးတော့ တွက်ထားတာပါ။


Xiaomi Mi Note 10 Pro specifications
Xiaomi Mi Note 10 Pro ကို ဖန်သားပြင်နဲ့ပြုလုပ်ထားပြီးတော့ 6.4-inch AMOLED screen တပ်ဆင်ထားပါတယ်။ Full HD+ (2340 x 1080 pixels) resolution ၊ ယူပုံစံ notch ၊ 19.5:9 aspect ratio တို့ကိုလည်း တွေ့မြင်ရမှာပါ။ DCI-P3 color gamut range ၊ HDR10 playback တို့ကိုလည်းထောက်ပံ့ပေးထားပါတယ်။ Corning Gorilla Glass 5 နဲ့ အုပ်ပေးထားပါတယ်။ optical fingerprint reader လေးကလည်း မျက်နှာပြင်ထဲမှာပါ။
Qualcomm Snapdragon 730G chipset နဲ့ မောင်းနှင်ထားပြီး octa-core CPU နဲ့ Adreno 618 GPU တို့က ကူညီအားဖြည့်ထားပါတယ်။ 8GB RAM ၊ 256GB storage အထိ ထောက်ပံ့ပေးထားပြီးတော့ MIUI 11 သုံးထားပါတယ်။
Highlight တစ်ခုပြောရမယ်ဆိုရင်တော့ ကင်မရာငါးလုံးပါ။ primary 108MP Samsung ISOCELL Bright HMX sensor ကို f/1.7 aperture နဲ့တွဲဖက်လိုက်တဲ့အပြင် Laser autofocus နဲ့ Optical Image Stabilization တို့ကိုလည်း ပေါင်းစပ်ထားပါသေးတယ်။
2X optical zoom အထိ စွမ်းဆောင်ပေးနိုင်တဲ့ 12MP telephoto lens ၊ 5X optical zoom အထိရတဲ့ 5MP modified telephoto sensor ၊ 117-degree field-of-view ပါဝင်တဲ့ 20MP ultra-wide lens ၊ 2MP macro camera တို့ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာတော့ 32MP ဆယ်လ်ဖီကင်မရာကို notch ထဲမှာ ထည့်ထားပါတယ်။
Mi Note 10 Pro မှာ 5,260mAh ဘတ်ထရီပါဝင်ပြီး 30W fast charging ထောက်ပံ့ပေးထားပါတယ်။ နာရီဝက်အတွင်း ၅၈% ပြည့်တယ်လို့ပြောထားပြီး ၁၀၀%ကိုတော့ ၆၅မိနစ် သွင်းရမှာပါ။ USB Power Delivery ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

[Zawgyi]

အိႏၵိယမွာ 108MP ကင္မရာဖုန္း မိတ္ဆက္မယ့္အေၾကာင္းကို Xiaomi က တရား၀င္ေျပာၾကားလိုက္ပါျပီ။ ဒီလအေစာပိုင္းတုန္းက ကမာၻ႕ပထမဆံုးေသာ 108MP Penta-camera setup နဲ႕ Mi CC9 Pro ကို မိတ္ဆက္ထားပါတယ္။ အဲဒီဖုန္းကိုပဲ ဥေရာပမွာေတာ့ Mi Note 10 Pro ဆိုျပီး မိတ္ဆက္ထားပါတယ္။
Xiaomi Global VP & MD, India, Manu Kumar Jain က တြစ္တာမွာတင္ထားတာပါ။ ဒါေပမယ့္လည္း ဖုန္းအမည္ကိုေတာ့ ေျပာျပထားျခင္းမရွိပါဘူး။ ကၽြန္ေတာ္တို႕ကေတာ့ Mi Note 10 စီးရီးျဖစ္မယ္လို႕ မွန္းထားပါတယ္။ ဒါမွမဟုတ္လည္း 108MP camera sensor နဲ႕ ဖုန္းအသစ္ျဖစ္ႏုိင္ပါတယ္။
Mi Mix 2 ျပီးေနာက္မွာ Xiaomi ဟာ Mi branded premium ဖုန္းေတြကို အိႏၵိယမွာ မျဖန္႕ခဲ့ေသးပါဘူး။ Android One lineup ျဖစ္တဲ့ Mi A-series ကိုေတာ့ ဒီႏွစ္မွာ တတိယအၾကိမ္အျဖစ္နဲ႕ ထုတ္လုပ္ေပးခဲ့ပါတယ္။
Xiaomi Mi CC9 Pro ကို တရုတ္ႏုိင္ငံမွာ ၂၇၉၉ယြမ္နဲ႕ေရာင္းခဲ့ေပမယ့္ အခုဆို ၂၄၉၉ယြမ္အထိ တက္ေနပါတယ္။ အိႏၵိယကိုေတာ့ ၂၉၉၉၉ နဲ႕ ၃၉၉၉၉ ရူပီးအၾကား ေစ်းႏွႈန္းမွန္းထားပါတယ္။ Realme X2 Pro နဲ႕ OnePlus 7T ကို ယွဥ္ျပီးေတာ့ တြက္ထားတာပါ။


Xiaomi Mi Note 10 Pro specifications
Xiaomi Mi Note 10 Pro ကို ဖန္သားျပင္နဲ႕ျပဳလုပ္ထားျပီးေတာ့ 6.4-inch AMOLED screen တပ္ဆင္ထားပါတယ္။ Full HD+ (2340 x 1080 pixels) resolution ၊ ယူပံုစံ notch ၊ 19.5:9 aspect ratio တို႕ကိုလည္း ေတြ႕ျမင္ရမွာပါ။ DCI-P3 color gamut range ၊ HDR10 playback တို႕ကိုလည္းေထာက္ပံ့ေပးထားပါတယ္။ Corning Gorilla Glass 5 နဲ႕ အုပ္ေပးထားပါတယ္။ optical fingerprint reader ေလးကလည္း မ်က္ႏွာျပင္ထဲမွာပါ။
Qualcomm Snapdragon 730G chipset နဲ႕ ေမာင္းႏွင္ထားျပီး octa-core CPU နဲ႕ Adreno 618 GPU တို႕က ကူညီအားျဖည့္ထားပါတယ္။ 8GB RAM ၊ 256GB storage အထိ ေထာက္ပံ့ေပးထားျပီးေတာ့ MIUI 11 သံုးထားပါတယ္။
Highlight တစ္ခုေျပာရမယ္ဆိုရင္ေတာ့ ကင္မရာငါးလံုးပါ။ primary 108MP Samsung ISOCELL Bright HMX sensor ကို f/1.7 aperture နဲ႕တြဲဖက္လိုက္တဲ့အျပင္ Laser autofocus နဲ႕ Optical Image Stabilization တို႕ကိုလည္း ေပါင္းစပ္ထားပါေသးတယ္။
2X optical zoom အထိ စြမ္းေဆာင္ေပးႏုိင္တဲ့ 12MP telephoto lens ၊ 5X optical zoom အထိရတဲ့ 5MP modified telephoto sensor ၊ 117-degree field-of-view ပါ၀င္တဲ့ 20MP ultra-wide lens ၊ 2MP macro camera တို႕ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွာေတာ့ 32MP ဆယ္လ္ဖီကင္မရာကို notch ထဲမွာ ထည့္ထားပါတယ္။
Mi Note 10 Pro မွာ 5,260mAh ဘတ္ထရီပါ၀င္ျပီး 30W fast charging ေထာက္ပံ့ေပးထားပါတယ္။ နာရီ၀က္အတြင္း ၅၈% ျပည့္တယ္လို႕ေျပာထားျပီး ၁၀၀%ကိုေတာ့ ၆၅မိနစ္ သြင္းရမွာပါ။ USB Power Delivery ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.