ငါးနှစ်ပြည့်အတွက် စမတ်ဖုန်းတွေကို ၅၀၀၀ ရူပီးလျှော့ပေးခဲ့တဲ့ OnePlus

0
1038

[Unicode]

OnePlus ဟာ သူ့ရဲ့သက်တမ်းငါးနှစ်ပြည့်ကို ဆင်နွှဲတဲ့အနေနဲ့ တစ်ပတ်သက်တမ်းရှိတဲ့ လျှော့ဈေးချမှုကို OnePlus 7T နဲ့ 7 Pro တို့အတွက် ပြုလုပ်ခဲ့ပါတယ်။
OnePlus က သူ့ရဲ့ငါးနှစ်ပြည့်အခမ်းအနားကို ဒီတစ်ပတ်မှာ ဆင်နွှဲနေတာဖြစ်ပြီး Amazon India မှာ စမတ်ဖုန်းဝယ်ယူမှုပြုလုပ်မယ်ဆိုရင် ၅၀၀၀ ရူပီး လျှော့ပေးနေတာပါ။ သက်တမ်းကို ဒီဇင်ဘာ၂ရက်နေ့အထိ သတ်မှတ်ထားပါတယ်။
မကြာသေးခင်ကမိတ်ဆက်ထားတဲ့ OnePlus 7T ကို ၃၄၉၉၉ ရူပီးအထိ လျှော့ပေးထားတာပါ။ မူရင်းဈေးက ၃၇၉၉၉ ဖြစ်ပြီး 8GB RAM နဲ့ 128GB storage ကို ရရှိနိုင်မှာပါ။ 256GB ကိုလည်း ၃၇၉၉၉ ရူပီးအထိ လျှော့ပေးထားပါတယ်။ သူ့မှာ Snapdragon 855+ chipset နဲ့ UFS 3.0 storage တို့ပါဝင်ပါတယ်။ FHD+ resolution နဲ့ 6.5-inch Fluid AMOLED panel ကို အသုံးပြုထားပြီး 90Hz refresh rate ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာတော့ ကင်မရာသုံးလုံးပါဝင်ပြီး 48MP primary camera ၊ 12MP telephoto lens နဲ့ 16MP ultrawide shooter တို့ပေါင်းစပ်ဖန်တီးထားပါတယ်။
OnePlus 7 Pro ကတော့ 6GB + 128GB အတွက် ရူပီး ၅၀၀၀ လျှော့ပေးထားတော့ ၃၉၉၉၉ ရူပီး ဖြစ်သွားပါပြီ။ 6.67-inch curved Super AMOLED display ၊ QHD+ resolution နဲ့ notch မပါဝင်ပါဘူး။ Snapdragon 855 ၊ 12GB RAM ၊ 256GB UFS 3.0 storage တွေကလည်း စွဲမက်စရာပါ။ 48MP primary camera ၊ 12MP 3x telephoto lens နဲ့ 16MP ultrawide lens ကို အနောက်ဘက်မှာ တပ်ဆင်ထားပေးပါတယ်။
HDFC Bank ကဒ်ကိုင်ဆောင်သူတွေအနေနဲ့ နောက်ထပ် ရူပီး၃၀၀၀ လျှော့ပေးဦးမှာပါ။ No cost EMI option ကိုလည်း ရနိုင်ပါသေးတယ်။
OnePlus ဖုန်းတွေကို မိတ်ဆက်အပြီးမှာ ဈေးလျှော့တာဟာ ဆန်းကြယ်တဲ့အဖြစ်မဟုတ်တော့ပါဘူး။ ဝယ်ဖို့စဉ်းစားနေရင်တော့ အချိန်ကောင်းပဲလို့ ပြောချင်ပါတယ်။

[Zawgyi]

OnePlus ဟာ သူ႕ရဲ႕သက္တမ္းငါးႏွစ္ျပည့္ကို ဆင္ႏႊဲတဲ့အေနနဲ႕ တစ္ပတ္သက္တမ္းရွိတဲ့ ေလွ်ာ့ေစ်းခ်မႈကို OnePlus 7T နဲ႕ 7 Pro တို႕အတြက္ ျပဳလုပ္ခဲ့ပါတယ္။
OnePlus က သူ႕ရဲ႕ငါးႏွစ္ျပည့္အခမ္းအနားကို ဒီတစ္ပတ္မွာ ဆင္ႏႊဲေနတာျဖစ္ျပီး Amazon India မွာ စမတ္ဖုန္း၀ယ္ယူမႈျပဳလုပ္မယ္ဆိုရင္ ၅၀၀၀ ရူပီး ေလွ်ာ့ေပးေနတာပါ။ သက္တမ္းကို ဒီဇင္ဘာ၂ရက္ေန႕အထိ သတ္မွတ္ထားပါတယ္။
မၾကာေသးခင္ကမိတ္ဆက္ထားတဲ့ OnePlus 7T ကုိ ၃၄၉၉၉ ရူပီးအထိ ေလွ်ာ့ေပးထားတာပါ။ မူရင္းေစ်းက ၃၇၉၉၉ ျဖစ္ျပီး 8GB RAM နဲ႕ 128GB storage ကို ရရွိႏုိင္မွာပါ။ 256GB ကိုလည္း ၃၇၉၉၉ ရူပီးအထိ ေလွ်ာ့ေပးထားပါတယ္။ သူ႕မွာ Snapdragon 855+ chipset နဲ႕ UFS 3.0 storage တို႕ပါ၀င္ပါတယ္။ FHD+ resolution နဲ႕ 6.5-inch Fluid AMOLED panel ကို အသံုးျပဳထားျပီး 90Hz refresh rate ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာေတာ့ ကင္မရာသံုးလံုးပါ၀င္ျပီး 48MP primary camera ၊ 12MP telephoto lens နဲ႕ 16MP ultrawide shooter တို႕ေပါင္းစပ္ဖန္တီးထားပါတယ္။
OnePlus 7 Pro ကေတာ့ 6GB + 128GB အတြက္ ရူပီး ၅၀၀၀ ေလွ်ာ့ေပးထားေတာ့ ၃၉၉၉၉ ရူပီး ျဖစ္သြားပါျပီ။ 6.67-inch curved Super AMOLED display ၊ QHD+ resolution နဲ႕ notch မပါ၀င္ပါဘူး။ Snapdragon 855 ၊ 12GB RAM ၊ 256GB UFS 3.0 storage ေတြကလည္း စြဲမက္စရာပါ။ 48MP primary camera ၊ 12MP 3x telephoto lens နဲ႕ 16MP ultrawide lens ကို အေနာက္ဘက္မွာ တပ္ဆင္ထားေပးပါတယ္။
HDFC Bank ကဒ္ကိုင္ေဆာင္သူေတြအေနနဲ႕ ေနာက္ထပ္ ရူပီး၃၀၀၀ ေလွ်ာ့ေပးဦးမွာပါ။ No cost EMI option ကိုလည္း ရႏုိင္ပါေသးတယ္။
OnePlus ဖုန္းေတြကို မိတ္ဆက္အျပီးမွာ ေစ်းေလွ်ာ့တာဟာ ဆန္းၾကယ္တဲ့အျဖစ္မဟုတ္ေတာ့ပါဘူး။ ၀ယ္ဖို႕စဥ္းစားေနရင္ေတာ့ အခ်ိန္ေကာင္းပဲလို႕ ေျပာခ်င္ပါတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.