Twitter ရဲ့ two-factor authentication အတွက် ဖုန်းနံပါတ်မလိုတော့

0
226

[Unicode]

Twitter ရဲ့ two-factor authentication မှာ အချိန်အတော်ကြာအောင် တောင်းဆိုနေခဲ့တာလေး ရရှိလာခဲ့ပါပြီ။ သုံးစွဲသူတွေရဲ့ဖုန်းနံပါတ်မလိုဘဲ feature လေးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Twitter ဟာ two-factor authentication system ကို အသုံးပြုခဲ့တာ နှစ်တွေကြာပါပြီ။ အဲဒီ feature လေးဟာ အကောင့်ထဲကိုဝင်တိုင်းမှာ ချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်ထဲကို ပို့ထားတဲ့ကုဒ်လေးကို ပြန်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ဒါဟာ အကောင့် password တွေအတွက် လုံခြုံမှုတစ်ခုထပ်ခံထားတယ်လို့ သိရပါတယ်။
Twitter အသုံးပြုထားတဲ့ two-factor authentication system မှာ ချို့ယွင်းချက်လေးတွေရှိနေတုန်းပါပဲ။ phishing attack နဲ့ SIM hijacking နည်းလမ်းတွေကြောင့် ကျိုးပေါက်နိုင်ချေရှိပါတယ်။
အချိန်ကြာသွားခဲ့ပေမယ့်လည်း Twitter ဟာ two-factor authentication system ကို ပိုကောင်းအောင်လုပ်ဆောင်ခဲ့ပြီးတော့ ဖုန်းနံပါတ်မလိုအောင် ပြင်ဆင်ပေးခဲ့ပါတယ်။


သုံးစွဲသူတွေအနေနဲ့ two-factor authentication အသုံးပြမယ်ဆိုရင်တော့ second factor အတွက် သုံးမျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ text message, authenticator app, နဲ့ security key ဖြစ်ပါတယ်။
Security key ဆိုတာကတော့ ဟက်ကာတွေကိုအကောင်းဆုံး ဟန့်တားနိုင်တဲ့ physical device ဖြစ်ပါတယ်။ Authenticator app ဆိုတာကလည်း ရွေးချယ်လို့အဆင်ပြေနေတုန်းပါပဲ။ Apple ရဲ့ App Store နဲ့ Google Play Store ကနေ ဒေါင်းလုတ်ဆွဲလို့ရနေပြီးတော့ Twitter အကောင့်နဲ့ချိတ်ဆက်ထားလိုက်လို့ရပါတယ်။
two-factor authentication သုံးထားပြီးတဲ့သုံးစွဲသူတွေအနေနဲ့ ဖုန်းနံပါတ်ဖျက်လိုက်တဲ့အခါ “Safeguard your account” ဆိုပြီး ပေါ်လာမှာပါ။ အချို့သောသုံးစွဲသူတွေကတော့ ဖုန်းနံပါတ်ဖျက်လိုက်ချိန်မှာ security feature လေးပျောက်ဆုံးသွားမယ်လို့ သတိပေးချက်တက်လာတယ်လို့ ဆိုပါတယ်။ မကြာခင်အဲဒီမက်ဆေ့ချ်လေးတွေ ကွယ်ပျောက်သွားတော့မှာပါ။
two-factor authentication အတွက် သုံးစွဲသူတွေဟာ ဖုန်းနံပါတ်ကိုမထည့်ချင်ရတဲ့အကြောင်းရင်းတွေ ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဖုန်းနံပါတ်အချို့နဲ့ အီးမေးလ်တွေထဲကအချို့ကို ကြော်ငြာအတွက် အသုံးပြုခြင်းခံလိုက်ရတယ်လို့ Twitter က ထုတ်ပြန်ထားပါတယ်။
two-factor authentication ကို သုံးချင်တာဖြစ်ဖြစ်၊ ပြင်ချင်တာဖြစ်ဖြစ် Settings အောက်က Account ထဲမှာ Security ဆိုတာလေးရှိပါတယ်။ အဲဒီထဲမှာ Login Verification option ရွေးလိုက်တာနဲ့ သုံးမျိုးကိုရွေးချယ်နိုင်တော့မှာပါ။ တစ်ခုခုကိုရွေးချယ်ပြီးတာနဲ့ ဖုန်းနံပါတ်ကိုဖျက်လိုက်လို့ရပါပြီ။

[Zawgyi]

Twitter ရဲ႕ two-factor authentication မွာ အခ်ိန္အေတာ္ၾကာေအာင္ ေတာင္းဆိုေနခဲ့တာေလး ရရွိလာခဲ့ပါျပီ။ သံုးစြဲသူေတြရဲ႕ဖုန္းနံပါတ္မလိုဘဲ feature ေလးကို အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။
Twitter ဟာ two-factor authentication system ကို အသံုးျပဳခဲ့တာ ႏွစ္ေတြၾကာပါျပီ။ အဲဒီ feature ေလးဟာ အေကာင့္ထဲကို၀င္တုိင္းမွာ ခ်ိတ္ဆက္ထားတဲ့ဖုန္းနံပါတ္ထဲကို ပို႕ထားတဲ့ကုဒ္ေလးကို ျပန္ရုိက္ထည့္ေပးရမွာျဖစ္ပါတယ္။ ဒါဟာ အေကာင့္ password ေတြအတြက္ လံုျခံဳမႈတစ္ခုထပ္ခံထားတယ္လို႕ သိရပါတယ္။
Twitter အသံုးျပဳထားတဲ့ two-factor authentication system မွာ ခ်ိဳ႕ယြင္းခ်က္ေလးေတြရွိေနတုန္းပါပဲ။ phishing attack နဲ႕ SIM hijacking နည္းလမ္းေတြေၾကာင့္ က်ိဳးေပါက္ႏိုင္ေခ်ရွိပါတယ္။
အခ်ိန္ၾကာသြားခဲ့ေပမယ့္လည္း Twitter ဟာ two-factor authentication system ကို ပိုေကာင္းေအာင္လုပ္ေဆာင္ခဲ့ျပီးေတာ့ ဖုန္းနံပါတ္မလိုေအာင္ ျပင္ဆင္ေပးခဲ့ပါတယ္။


သံုးစြဲသူေတြအေနနဲ႕ two-factor authentication အသံုးျပမယ္ဆိုရင္ေတာ့ second factor အတြက္ သံုးမ်ိဳးေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ text message, authenticator app, နဲ႕ security key ျဖစ္ပါတယ္။
Security key ဆိုတာကေတာ့ ဟက္ကာေတြကိုအေကာင္းဆံုး ဟန္႕တားနုိင္တဲ့ physical device ျဖစ္ပါတယ္။ Authenticator app ဆိုတာကလည္း ေရြးခ်ယ္လို႕အဆင္ေျပေနတုန္းပါပဲ။ Apple ရဲ႕ App Store နဲ႕ Google Play Store ကေန ေဒါင္းလုတ္ဆြဲလို႕ရေနျပီးေတာ့ Twitter အေကာင့္နဲ႕ခ်ိတ္ဆက္ထားလိုက္လို႕ရပါတယ္။
two-factor authentication သံုးထားျပီးတဲ့သံုးစြဲသူေတြအေနနဲ႕ ဖုန္းနံပါတ္ဖ်က္လိုက္တဲ့အခါ “Safeguard your account” ဆိုျပီး ေပၚလာမွာပါ။ အခ်ိဳ႕ေသာသံုးစြဲသူေတြကေတာ့ ဖုန္းနံပါတ္ဖ်က္လိုက္ခ်ိန္မွာ security feature ေလးေပ်ာက္ဆံုးသြားမယ္လို႕ သတိေပးခ်က္တက္လာတယ္လို႕ ဆိုပါတယ္။ မၾကာခင္အဲဒီမက္ေဆ့ခ်္ေလးေတြ ကြယ္ေပ်ာက္သြားေတာ့မွာပါ။
two-factor authentication အတြက္ သံုးစြဲသူေတြဟာ ဖုန္းနံပါတ္ကိုမထည့္ခ်င္ရတဲ့အေၾကာင္းရင္းေတြ ရွိႏုိင္ပါတယ္။ ျပီးခဲ့တဲ့လတုန္းက ဖုန္းနံပါတ္အခ်ိဳ႕နဲ႕ အီးေမးလ္ေတြထဲကအခ်ိဳ႕ကို ေၾကာ္ျငာအတြက္ အသံုးျပဳျခင္းခံလုိက္ရတယ္လို႕ Twitter က ထုတ္ျပန္ထားပါတယ္။
two-factor authentication ကို သံုးခ်င္တာျဖစ္ျဖစ္၊ ျပင္ခ်င္တာျဖစ္ျဖစ္ Settings ေအာက္က Account ထဲမွာ Security ဆိုတာေလးရွိပါတယ္။ အဲဒီထဲမွာ Login Verification option ေရြးလိုက္တာနဲ႕ သံုုးမ်ိဳးကိုေရြးခ်ယ္ႏုိင္ေတာ့မွာပါ။ တစ္ခုခုကိုေရြးခ်ယ္ျပီးတာနဲ႕ ဖုန္းနံပါတ္ကိုဖ်က္လုိက္လို႕ရပါျပီ။

Ref : digitaltrends

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.