Huawei nova 5T Pro ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဒီဇိုင်းတွေ ထွက်ပေါ်လာ

0
268

[Unicode]

Huawei က သြဂုတ်လကတည်းက nova 5T ကို မိတ်ဆက်ခဲ့ပြီး အခုတော့ Pro ကို မိတ်ဆက်တော့မယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ Google ရဲ့ Android Enterprise website မှာ မြင်တွေ့ရလို့ပါ။
စာရင်းထဲမှာ nova 5T Pro ရဲ့ ပုံရိပ်တွေတွေ့မြင်နေရတာမို့ 5T နဲ့ ဆင်တူတယ်ဆိုတာ သိလိုက်ရပြန်ပါတယ်။
စာရင်းထဲမှာ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ nova 5T Pro မှာ ၅.၅လက်မမျက်နှာပြင်၊ 8GB RAM ၊ Android Pie ပါဝင်မယ်လို့လည်း သိရပါတယ်။
အဲဒီစမတ်ဖုန်းလေးမှာ NFC chip ပါဝင်ပြီး 5T လိုမျိုး ညာဘက်ဘေးမှာတပ်ဆင်ထားတဲ့ fingerprint reader ထည့်သွင်းထားမှာပါ။ နောက်ပြီး 128GB နဲ့ 256GB storage နှစ်မျိုး ရွေးချယ်နိုင်မှာပါ။
nova 5T ကိုတော့ Honor 20 ဆိုပြီး rebrand လုပ်ထားပါတယ်။ ဂျွန်လတည်းက Google site ကလည်း Honor 20 Pro ကို nova 5T Pro လို့စာရင်းပြထားတဲ့အတွက်ကြောင့် Kirin 980 SoC, 48MP quad camera, 4,000 mAh battery တွေနဲ့ 22.5W fast charging တွေ ပါဝင်လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
Honor 20 Pro မှာ ၆.၂၆ လက်မမျက်နှာပြင်ရှိပေမယ့်လည်း 5T Pro မှာတော့ ၅.၅လက်မမျက်နှာပြင်သာ ရှိတယ်လို့ရေးထားပါတယ်။
nova 5T Pro ဟာ Honor 20 Pro ကို rebrand လုပ်ထားတာသေချာသလားဆိုတာကိုတော့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။

[Zawgyi]


Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.