[Unicode]
Apple Watch ရဲ့ အသက်ကယ်ဇာတ်လမ်းထဲကို နောက်တစ်ပုဒ်တိုးပြန်ပြီပေါ့။ ဒီတစ်ခေါက်မှာတော့ Dr. Ray Emerson ဖြစ်ပါတယ်။ သူ့ရဲ့နှလုံးခုန်နှုန်းတွေ ပုံမှန်မဟုတ်တော့ဘူးဆိုပြီးတော့ လက်ကောက်ဝတ်လေးမှာ notification လေးတစ်ခု တက်လာခဲ့ပါတယ်။
Notification မရခင်အချိန်ထိ Dr. Emerson ဟာ နှလုံးနဲ့ပတ်သတ်တဲ့ရောဂါရှိနေနိုင်တယ်ဆိုတာ သတိထားမိခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ကုသဖို့ဆရာဝန်ဆီကို စေလွှတ်နိုင်ခဲ့ပါတယ်။ ရောဂါအခြေအနေကို အတည်ပြုပြီးနောက်မှာတော့ ခွဲစိတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
EKG လုပ်ဖို့အတွက် သူဟာ ဆရာဝန်ဆီကို ချက်ချင်းသွားခဲ့ပါတယ်။ “Ray ရေ။ watch လေးကပြောတာ မှန်တယ်။ atrial fibrillation ဖြစ်နေပြီ” လို့ပြောပါတယ်။ သူဟာ South Austin Medical Center မှာ ခွဲစိတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
Apple က နှလုံးကျန်းမာရေးနဲ့ပတ်သတ်ပြီး Apple Watch မှာ အာရုံစိုက်လိုက်ကတည်းကစပြီးတော့ တချို့ကအဖြစ်သဘောထည့်ထားတာလားလို့တောင် ထင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း Apple Watch အချက်ပြလို့ ဆေးရုံကိုရောက်လာတဲ့သူပမာဏကလည်း တော်တော်များတယ်လို့ ဆရာဝန်တွေက ပြောဆိုထားပါတယ်။
“အများစုက သူတို့ဘာဖြစ်နေတယ်ဆိုတာကို မသိကြတာများပါတယ်။ watch က အချက်ပြလို့ရောက်လာတဲ့သူတွေဟာ အနည်းဆုံး တစ်ပတ်ကိုတစ်ယောက်၊ နှစ်ယောက်လောက်အထိ လာတတ်ကြပါတယ်။”
Dr. Emerson ကတော့ ဒီ watch လေးကို လက်ဆောင်အဖြစ်နဲ့ရရှိထားတယ်လို့ သိရပါတယ်။ ဒီတော့ လက်ဆောင်ပေးဖို့အတွက် အကြံအိုက်နေတယ်ဆိုရင်တော့ ချစ်ခင်ရသူကျန်းမာရေးကို အထောက်အကူပြုမယ့်လက်ဆောင်လေးပေးဖို့အတွက် အိုင်ဒီယာရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
[Zawgyi]
Apple Watch ရဲ႕ အသက္ကယ္ဇာတ္လမ္းထဲကို ေနာက္တစ္ပုဒ္တိုးျပန္ျပီေပါ့။ ဒီတစ္ေခါက္မွာေတာ့ Dr. Ray Emerson ျဖစ္ပါတယ္။ သူ႕ရဲ႕ႏွလံုးခုန္ႏႈန္းေတြ ပံုမွန္မဟုတ္ေတာ့ဘူးဆိုျပီးေတာ့ လက္ေကာက္၀တ္ေလးမွာ notification ေလးတစ္ခု တက္လာခဲ့ပါတယ္။
Notification မရခင္အခ်ိန္ထိ Dr. Emerson ဟာ ႏွလံုးနဲ႕ပတ္သတ္တဲ့ေရာဂါရွိေနႏုိင္တယ္ဆိုတာ သတိထားမိျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း ကုသဖို႕ဆရာ၀န္ဆီကို ေစလႊတ္ႏုိင္ခဲ့ပါတယ္။ ေရာဂါအေျခအေနကို အတည္ျပဳျပီးေနာက္မွာေတာ့ ခြဲစိတ္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္။
EKG လုပ္ဖို႕အတြက္ သူဟာ ဆရာ၀န္ဆီကို ခ်က္ခ်င္းသြားခဲ့ပါတယ္။ “Ray ေရ။ watch ေလးကေျပာတာ မွန္တယ္။ atrial fibrillation ျဖစ္ေနျပီ” လို႕ေျပာပါတယ္။ သူဟာ South Austin Medical Center မွာ ခြဲစိတ္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္။
Apple က ႏွလံုးက်န္းမာေရးနဲ႕ပတ္သတ္ျပီး Apple Watch မွာ အာရံုစိုက္လုိက္ကတည္းကစျပီးေတာ့ တခ်ိဳ႕ကအျဖစ္သေဘာထည့္ထားတာလားလို႕ေတာင္ ထင္ခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လည္း Apple Watch အခ်က္ျပလုိ႕ ေဆးရံုကိုေရာက္လာတဲ့သူပမာဏကလည္း ေတာ္ေတာ္မ်ားတယ္လို႕ ဆရာ၀န္ေတြက ေျပာဆိုထားပါတယ္။
“အမ်ားစုက သူတို႕ဘာျဖစ္ေနတယ္ဆိုတာကို မသိၾကတာမ်ားပါတယ္။ watch က အခ်က္ျပလို႕ေရာက္လာတဲ့သူေတြဟာ အနည္းဆံုး တစ္ပတ္ကိုတစ္ေယာက္၊ ႏွစ္ေယာက္ေလာက္အထိ လာတတ္ၾကပါတယ္။”
Dr. Emerson ကေတာ့ ဒီ watch ေလးကို လက္ေဆာင္အျဖစ္နဲ႕ရရွိထားတယ္လို႕ သိရပါတယ္။ ဒီေတာ့ လက္ေဆာင္ေပးဖို႕အတြက္ အၾကံအုိက္ေနတယ္ဆိုရင္ေတာ့ ခ်စ္ခင္ရသူက်န္းမာေရးကို အေထာက္အကူျပဳမယ့္လက္ေဆာင္ေလးေပးဖို႕အတြက္ အုိင္ဒီယာရသြားလိမ့္မယ္လို႕ ေမွ်ာ္လင့္မိပါတယ္။
Ref : redmondpie