Samsung Galaxy S11e မှာ ကင်မရာများများစားစား ပါလာနိုင်

0
713

[Unicode]

Samsung Galaxy S10e ဟာ သေးငယ်တဲ့မျက်နှာပြင်၊ ကင်မရာနှစ်လုံးပါဝင်မယ်လို့ အတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်ဖုန်းတစ်လုံးကလည်း စိတ်ဝင်စားဖွယ်စောင့်ကြိုနေပါသေးတယ်။ ဒါကတော့ Galaxy S11 နဲ့နောက်မှာ ထပ်ပြီးထွက်ရှိလာမယ့် S11e ဖြစ်ပါတယ်။ ဒီကောင်လေးရဲ့ပုံကြမ်းတွေကို OnLeaks နဲ့ Pricebaba တို့က တင်ပြထားပါတယ်။ ၆.၂ – ၆.၃လက်မမျက်နှာပြင်ပေါ်မှာ ကင်မရာပေါက်ကို အလယ်တည့်တည့်ထားပေးထားပါတယ်။ အဓိကကောင်လေးကတော့ အနောက်ဘက်မှာ တည်ရှိနေပါတယ်။ S11e ဟာ ကင်မရာသုံးလုံးနဲ့ iPhone 11- or Pixel 4-style camera bump ကို အသုံးပြုထားတာ တွေ့မြင်ရပါတယ်။ depth နဲ့ အခြား feature တွေအတွက် အပို sensor တွေမမြင်တွေ့ရပါဘူး။ S10e အတွက်ဆိုရင် ဒါတွေက လိုအပ်တယ်လို့ မမြင်မိပါဘူး။
ထွက်ရှိလာတဲ့ပုံကြမ်းလေးမှာ ပျောက်ဆုံးနေတာတစ်ခုကိုလည်း သတိထားမိလိုက်ပါတယ်။ fingerprint reader လေးဟာ wake button ထဲမှာပါဝင်တဲ့ပုံ မပေါ်ပါဘူး။ ဒါကြောင့် S10 မော်ဒယ်လ်တွေမှာလိုပဲ in-screen fingerprint reader ထည့်လောက်ပါတယ်။ S11 လိုပဲ headphone jack လည်း မမြင်ပါဘူး။
နောက်ထပ်သတင်းတွေအရ S11e ဟာ 6GB RAM ၊ ဘတ်ထရီပမာဏများများ၊ Snapdragon 865 လောက်အထိ သုံးမယ်လို့ သိရပါတယ်။ 108-megapixel main camera အထိ မရနိုင်ပေမယ့်လည်း 5G ရမလားဆိုတာက မသေချာသေးပါဘူး။
ဖေဖော်ဝါရီလောက်အထိ မမြင်ရသေးတဲ့ S11 မိသားစုဝင်ဖုန်းတစ်လုံးကို ပုံကြမ်းမြင်ရတာလည်း ရင်ခုန်စရာတစ်ခုဖြစ်မယ်လို့ ထင်မိပါတယ်။ နောက်လတွေမှာ ဘယ်လိုမျိုးပြောင်းလဲမှုတွေနဲ့ ဆက်လက်ကြုံရဦးမလဲ။ ပေါက်ကြားလာတဲ့ပုံရိပ်လေးတွေသာ တိကျခဲ့မယ်ဆိုရင်တော့ “e” phone line ကို အသေအချာပြင်ဆင်နေပြီဆိုတာ ကျွန်တော်တို့ ကောက်ချက်ချလို့ရပါတယ်။

[Zawgyi]

Samsung Galaxy S10e ဟာ ေသးငယ္တဲ့မ်က္ႏွာျပင္၊ ကင္မရာႏွစ္လံုးပါ၀င္မယ္လို႕ အတည္ျပဳေပးခဲ့ျပီးျဖစ္ပါတယ္။ ေနာက္ထပ္ဖုန္းတစ္လံုးကလည္း စိတ္၀င္စားဖြယ္ေစာင့္ၾကိဳေနပါေသးတယ္။ ဒါကေတာ့ Galaxy S11 နဲ႕ေနာက္မွာ ထပ္ျပီးထြက္ရွိလာမယ့္ S11e ျဖစ္ပါတယ္။ ဒီေကာင္ေလးရဲ႕ပံုၾကမ္းေတြကို OnLeaks နဲ႕ Pricebaba တို႕က တင္ျပထားပါတယ္။ ၆.၂ – ၆.၃လက္မမ်က္ႏွာျပင္ေပၚမွာ ကင္မရာေပါက္ကို အလယ္တည့္တည့္ထားေပးထားပါတယ္။ အဓိကေကာင္ေလးကေတာ့ အေနာက္ဘက္မွာ တည္ရွိေနပါတယ္။ S11e ဟာ ကင္မရာသံုးလံုးနဲ႕ iPhone 11- or Pixel 4-style camera bump ကို အသံုးျပဳထားတာ ေတြ႕ျမင္ရပါတယ္။ depth နဲ႕ အျခား feature ေတြအတြက္ အပို sensor ေတြမျမင္ေတြ႕ရပါဘူး။ S10e အတြက္ဆိုရင္ ဒါေတြက လိုအပ္တယ္လို႕ မျမင္မိပါဘူး။
ထြက္ရွိလာတဲ့ပံုၾကမ္းေလးမွာ ေပ်ာက္ဆံုးေနတာတစ္ခုကိုိလည္း သတိထားမိလိုက္ပါတယ္။ fingerprint reader ေလးဟာ wake button ထဲမွာပါ၀င္တဲ့ပံု မေပၚပါဘူး။ ဒါေၾကာင့္ S10 ေမာ္ဒယ္လ္ေတြမွာလိုပဲ in-screen fingerprint reader ထည့္ေလာက္ပါတယ္။ S11 လိုပဲ headphone jack လည္း မျမင္ပါဘူး။
ေနာက္ထပ္သတင္းေတြအရ S11e ဟာ 6GB RAM ၊ ဘတ္ထရီပမာဏမ်ားမ်ား၊ Snapdragon 865 ေလာက္အထိ သံုးမယ္လို႕ သိရပါတယ္။ 108-megapixel main camera အထိ မရႏုိင္ေပမယ့္လည္း 5G ရမလားဆိုတာက မေသခ်ာေသးပါဘူး။
ေဖေဖာ္၀ါရီေလာက္အထိ မျမင္ရေသးတဲ့ S11 မိသားစု၀င္ဖုန္းတစ္လံုးကို ပံုၾကမ္းျမင္ရတာလည္း ရင္ခုန္စရာတစ္ခုျဖစ္မယ္လို႕ ထင္မိပါတယ္။ ေနာက္လေတြမွာ ဘယ္လိုမ်ိဳးေျပာင္းလဲမႈေတြနဲ႕ ဆက္လက္ၾကံဳရဦးမလဲ။ ေပါက္ၾကားလာတဲ့ပံုရိပ္ေလးေတြသာ တိက်ခဲ့မယ္ဆိုရင္ေတာ့ “e” phone line ကို အေသအခ်ာျပင္ဆင္ေနျပီဆိုတာ ကၽြန္ေတာ္တို႕ ေကာက္ခ်က္ခ်လို႕ရပါတယ္။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.