Samsung ရဲ့ Galaxy S11 ပုံကြမ်းလေး ပေါက်ကြား

0
307

[Unicode]

၂၀၂၀မရောက်သေးပေမယ့်လည်း နောက်နှစ်ထွက်မယ့်ဖုန်းတွေကတော့ တဖြည်းဖြည်းသတင်းတွေ ထွက်နေပါပြီ။ ဒီတစ်ခေါက်မှာလည်း OnLeaks က Galaxy S11 ရဲ့ ပုံကြမ်းလေးတွေကို ဝေမျှထားပါတယ်။ ဒါက တရားဝင်ပုံရိပ်တွေ မဟုတ်ပေမယ့်လည်း OnLeaks ရဲ့ ပုံကြမ်းတွေက နောက်ဆုံးထွက်လာတဲ့ဖုန်းရဲ့ပုံရိပ်နဲ့ အတော်လေးနီးစပ်တယ်လို့ အရင်အထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် မှတ်ယူနိုင်ပါတယ်။
သိသာတဲ့ပြောင်းလဲမှုတစ်ခုကတော့ အနောက်ဘက်မှာပါ။ sensor ငါးခုနဲ့ LED flash ပါဝင်တဲ့ လေးထောင့်ကင်မရာ module အကြီးကြီးကို တွေ့မြင်ရပါတယ်။ ဒိုမီနိုအနက်ရောင်ကြီးနဲ့ တူပါတယ်။


အဲဒီထဲက သုံးခုဟာ wide, ultrawide, telephoto တို့ဖြစ်နိုင်ပြီး လေးခုမြောက်ကတော့ ကျွန်တော်တို့ Samsung ဖုန်းတွေမှာမြင်တွေ့ခဲ့ဖူးတဲ့ time-of-flight sensor ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်းနောက်ဆုံးတစ်ခုက ပဟေဠိဆန်နေဆဲပါ။ ဖုန်းလေးမှာ 5x optical zoom ပါမယ်လို့ သတင်းကြားထားတာမို့ ပြိုင်ဘက်အချို့ကအသုံးပြုနေတဲ့ super-telephoto ဖြစ်မယ်လို့လည်း မှန်းဆမိပါတယ်။
Primary ကင်မရာကတော့ 108 megapixel-sensor ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ Note 10 ရဲ့ central camera လိုမျိုး ထည့်သွင်းထားပါတယ်။ time-of-flight sensor ကို အရှေ့ဘက်တော့ မမြင်တွေ့ခဲ့ပါဘူး။


120Hz refresh rate ၊ Snapdragon 865/Exynos 990 ၊ 8GB RAM ၊ 256 GB storage တွေလည်း ပါဝင်မယ်လို့ ကြားထားပါတယ်။ configuration အမျိုးမျိုးနဲ့ ထွက်လာနိုင်တာမို့ အနည်းဆုံးတော့ မော်ဒယ်လ်သုံးခုလောက် မှန်းထားလို့ရပါတယ်။
နှစ်တိုင်းလိုလိုမှာ အခုလိုပေါက်ကြားမှုတွေက စောပြီးတော့ထွက်လာနေကြပါပဲ။ ဒီကြားထဲမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး ကျွန်တော်တို့ကို အံ့သြစေနိုင်သေးတယ်ဆိုတာလည်း မျှော်လင့်ထားကြပါဦး။

[Zawgyi]

၂၀၂၀မေရာက္ေသးေပမယ့္လည္း ေနာက္ႏွစ္ထြက္မယ့္ဖုန္းေတြကေတာ့ တျဖည္းျဖည္းသတင္းေတြ ထြက္ေနပါျပီ။ ဒီတစ္ေခါက္မွာလည္း OnLeaks က Galaxy S11 ရဲ႕ ပံုၾကမ္းေလးေတြကို ေ၀မွ်ထားပါတယ္။ ဒါက တရား၀င္ပံုရိပ္ေတြ မဟုတ္ေပမယ့္လည္း OnLeaks ရဲ႕ ပံုၾကမ္းေတြက ေနာက္ဆံုးထြက္လာတဲ့ဖုန္းရဲ႕ပံုရိပ္နဲ႕ အေတာ္ေလးနီးစပ္တယ္လို႕ အရင္အေထာက္အထားေတြကို ၾကည့္ျခင္းအားျဖင့္ မွတ္ယူနုိင္ပါတယ္။
သိသာတဲ့ေျပာင္းလဲမႈတစ္ခုကေတာ့ အေနာက္ဘက္မွာပါ။ sensor ငါးခုနဲ႕ LED flash ပါ၀င္တဲ့ ေလးေထာင့္ကင္မရာ module အၾကီးၾကီးကို ေတြ႕ျမင္ရပါတယ္။ ဒိုမီႏိုအနက္ေရာင္ၾကီးနဲ႕ တူပါတယ္။


အဲဒီထဲက သံုးခုဟာ wide, ultrawide, telephoto တို႕ျဖစ္ႏုိင္ျပီး ေလးခုေျမာက္ကေတာ့ ကၽြန္ေတာ္တို႕ Samsung ဖုန္းေတြမွာျမင္ေတြ႕ခဲ့ဖူးတဲ့ time-of-flight sensor ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္လည္းေနာက္ဆံုးတစ္ခုက ပေဟဠိဆန္ေနဆဲပါ။ ဖုန္းေလးမွာ 5x optical zoom ပါမယ္လို႕ သတင္းၾကားထားတာမို႕ ျပိဳင္ဘက္အခ်ိဳ႕ကအသံုးျပဳေနတဲ့ super-telephoto ျဖစ္မယ္လို႕လည္း မွန္းဆမိပါတယ္။
Primary ကင္မရာကေတာ့ 108 megapixel-sensor ျဖစ္ပါတယ္။ အေရွ႕ဘက္မွာေတာ့ Note 10 ရဲ႕ central camera လိုမ်ိဳး ထည့္သြင္းထားပါတယ္။ time-of-flight sensor ကို အေရွ႕ဘက္ေတာ့ မျမင္ေတြ႕ခဲ့ပါဘူး။


120Hz refresh rate ၊ Snapdragon 865/Exynos 990 ၊ 8GB RAM ၊ 256 GB storage ေတြလည္း ပါ၀င္မယ္လို႕ ၾကားထားပါတယ္။ configuration အမ်ိဳးမ်ိဳးနဲ႕ ထြက္လာႏုိင္တာမို႕ အနည္းဆံုးေတာ့ ေမာ္ဒယ္လ္သံုးခုေလာက္ မွန္းထားလို႕ရပါတယ္။
ႏွစ္တုိင္းလိုလိုမွာ အခုလိုေပါက္ၾကားမႈေတြက ေစာျပီးေတာ့ထြက္လာေနၾကပါပဲ။ ဒီၾကားထဲမွာ ေျပာင္းလဲမႈေတြျဖစ္ေပၚျပီး ကၽြန္ေတာ္တို႕ကို အံ့ၾသေစႏုိင္ေသးတယ္ဆိုတာလည္း ေမွ်ာ္လင့္ထားၾကပါဦး။

Ref : thenextweb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.