[Unicode]
Google ရဲ့ Gmail app, Chrome browser, Google Drive တွေကနေ ပရင့်ထုတ်လို့ရတဲ့ Google Cloud Print လေးကို ဒီဇင်ဘာ၃၁ ၂၀၂၀ခုနှစ်မှာ အဆုံးသတ်တော့မှာပါ။ ၂၀၂၁က စတင်ပြီးတော့ heathen လိုမျိုး native printing တွေကို ပြောင်းလဲအသုံးပြုရတော့မှာဖြစ်ပါတယ်။
Google ကတော့ နောက်တစ်နှစ်ထဲမှာ ပြောင်းလဲအသုံးပြုနိုင်တဲ့နည်းလမ်းတွေရှာတွေ့နိုင်ပြီးတော့ ပြောင်းလဲနိုင်မှာပါလို့ ပြောကြားထားပါတယ်။
Cloud Print ကို ၂၀၁၀ခုနှစ်မှာ beta အနေနဲ့စတင်ခဲ့ပြီးတော့ နှစ်တွေတစ်လျှောက်မှာ feature အသစ်တွေ၊ update တွေထွက်ရှိခဲ့ပြီးတော့ shared printers ၊ Windows support တွေလည်း ရအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။ Apple ဆီက အလားတူ printing service လေးကတော့ AirPrint လို့ခေါ်ပြီး laptops, iPhones, iPads တွေဆီကနေ ကြိုးမဲ့ပရင့်ထုတ်လို့ရပါတယ်။ ဒါပေမယ့် အခြားသောထုတ်ကုန်တွေအသုံးပြုမယ်ဆိုရင်တော့ printer software နဲ့ တိုက်ရိုက်ချိတ်ရမှာဆိုတော့ ပုံမှန်အတိုင်း ဖြစ်သွားပါလိမ့်မယ်။
Google ပြောထားသလိုပဲ အခုအချိန်က ပရင်တာအသစ်ကို ဘယ်လိုမျိုး ချိတ်ဆက်ရမလဲဆိုတာ လေ့လာသင့်တဲ့အချိန်ရောက်လာပါပြ။ အနည်းဆုံးတော့ ကျွန်တော်တို့မှာ တစ်နှစ်ကြီးများတောင် အချိန်ရသေးတယ်မဟုတ်လား။ တစ်နှစ်အတွင်းမှာ ကျွန်တော်တို့အတွက် အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုကိုတော့ ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
[Zawgyi]
Google ရဲ႕ Gmail app, Chrome browser, Google Drive ေတြကေန ပရင့္ထုတ္လို႕ရတဲ့ Google Cloud Print ေလးကို ဒီဇင္ဘာ၃၁ ၂၀၂၀ခုႏွစ္မွာ အဆံုးသတ္ေတာ့မွာပါ။ ၂၀၂၁က စတင္ျပီးေတာ့ heathen လိုမ်ိဳး native printing ေတြကို ေျပာင္းလဲအသံုးျပဳရေတာ့မွာျဖစ္ပါတယ္။
Google ကေတာ့ ေနာက္တစ္ႏွစ္ထဲမွာ ေျပာင္းလဲအသံုးျပဳႏုိင္တဲ့နည္းလမ္းေတြရွာေတြ႕ႏုိင္ျပီးေတာ့ ေျပာင္းလဲႏုိင္မွာပါလို႕ ေျပာၾကားထားပါတယ္။
Cloud Print ကို ၂၀၁၀ခုႏွစ္မွာ beta အေနနဲ႕စတင္ခဲ့ျပီးေတာ့ ႏွစ္ေတြတစ္ေလွ်ာက္မွာ feature အသစ္ေတြ၊ update ေတြထြက္ရွိခဲ့ျပီးေတာ့ shared printers ၊ Windows support ေတြလည္း ရေအာင္လုပ္ေဆာင္ေပးခဲ့ပါတယ္။ Apple ဆီက အလားတူ printing service ေလးကေတာ့ AirPrint လို႕ေခၚျပီး laptops, iPhones, iPads ေတြဆီကေန ၾကိဳးမဲ့ပရင့္ထုတ္လို႕ရပါတယ္။ ဒါေပမယ့္ အျခားေသာထုတ္ကုန္ေတြအသံုးျပဳမယ္ဆိုိရင္ေတာ့ printer software နဲ႕ တိုက္ရိုက္ခ်ိတ္ရမွာဆိုေတာ့ ပံုမွန္အတုိင္း ျဖစ္သြားပါလိမ့္မယ္။
Google ေျပာထားသလိုပဲ အခုအခ်ိန္က ပရင္တာအသစ္ကို ဘယ္လိုမ်ိဳး ခ်ိတ္ဆက္ရမလဲဆိုတာ ေလ့လာသင့္တဲ့အခ်ိန္ေရာက္လာပါျပ။ အနည္းဆံုးေတာ့ ကၽြန္ေတာ္တို႕မွာ တစ္ႏွစ္ၾကီးမ်ားေတာင္ အခ်ိန္ရေသးတယ္မဟုတ္လား။ တစ္ႏွစ္အတြင္းမွာ ကၽြန္ေတာ္တို႕အတြက္ အဆင္ေျပေစမယ့္နည္းလမ္းတစ္ခုကိုေတာ့ ရွာေတြ႕ႏုိင္လိမ့္မယ္လို႕ ေမွ်ာ္လင့္မိပါတယ္။
Ref : mashable