6GB RAM ပါဝင်လာနိုင်တဲ့ iPhone 12 Pro

0
448

[Unicode]

၂၀၂၀စက်တင်ဘာလမှာ မိတ်ဆက်သွားဖို့ရှိနေတဲ့ Apple ရဲ့ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ကို 6GB RAM အသုံးပြုထုတ်လုပ်နိုင်တယ်လို့ Blayne Curtis နဲ့ နောက်လိုက်တွေက ပြောကြားထားပါတယ်။ သူတို့ဆီက အချက်အလက်တွေက အရင်တုန်းကလည်း မှန်ကန်ခဲ့ဖူးတာမို့ စိတ်ချရပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ။
နှိုင်းယှဉ်ရမယ်ဆိုရင် iPhone 11 Pro နဲ့ iPhone 11 Pro Max တို့မှာ 4GB ပဲ ပါတာပါ။ iPhone 12 ကတော့ 4GB RAM လောက်ပဲ ထည့်သွင်းထားနိုင်ပါတယ်။
iPhone 12 Pro နဲ့ iPhone 12 Pro Max တို့မှာ အနောက်ဘက် 3D sensing ကင်မရာ၊ mmWave 5G ထောက်ပံ့မှုတွေပါဝင်မယ်လို့ မှန်းထားပေမယ့်လည်း sub-6GHz 5G နဲ့ အလုပ်လုပ်နေတာလည်း မသေမချာဖြစ်နေတုန်းပါပဲ။ 2020 iPhone သုံးလုံးစလုံးမှာ နောက်ဆုံးပေါ် mobile networking နည်းပညာတွေကို ထောက်ပံ့ပေးထားမှာပါ။
iPhone SE 2 ကလည်း လာဖို့ရှိနေပြီးတော့ ဖေဖော်ဝါရီလမှာ ထုတ်လုပ်မှုတွေကို စတင်မယ်လို့ သိထားရပါတယ်။ iPhone 8 ကို သွင်ပြင်ပိုင်း ပြန်လည်မွမ်းမံထားပြီးတော့ 4.7-inch display ၊ Touch ID home button တို့နဲ့ ဖြန့်ချိမှာပါ။ A13 chip နဲ့ အားဖြည့်ထားပြီးတော့ 3GB RAM နဲ့ မောင်းနှင်ထားပါတယ်။ တရားဝင်မိတ်ဆက်ပွဲကိုတော့ မတ်လလောက်မှာ မှန်းထားပါတယ်။

[Zawgyi]


Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.