လာမယ့် iOS release တွေမှာ bug တွေအတွက် system အသစ်တစ်ခု အသုံးပြုလာနိုင်

0
370

[Unicode]

မကြာသေးခင်ကထွက်ရှိထားတဲ့ iOS 13 မှာ bug တွေကြောင့် သုံးစွဲသူတွေဆီက အပြစ်တင်မှုတွေအများအပြား မြင်တွေ့လိုက်ရပါတယ်။ iOS 12 တုန်းကလည်း အတူတူပါပဲ။ ဒါပေမယ့် iOS 14 မှာတော့ လျှော့ချဖို့ရည်ရွယ်ထားပြီး bug တွေကို ဖယ်ထုတ်ဖို့တောင် စဉ်းစားထားပါတယ်။
မကြာသေးခင်က release တွေမှာ bug ထူနေရခြင်းရဲ့နောက်ကွယ်က အဓိကအချက်ကတော့ developer တွေဟာ အပြောင်းအလဲတွေကို နေ့စဉ်၊ အပတ်စဉ် commit လုပ်နေလို့ပါ။ ဒါက အခြားသော Apple Developer တွေအတွက် bug တွေကိုဖြစ်စေပါတယ်။ code တစ်ခုပြောင်းလဲလိုက်တိုင်း၊ commit လုပ်လိုက်တိုင်းမှာ test build ကို အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုမရအောင် လုပ်လိုက်ပါတယ်။ အဲဒီအချိန်လေးအတွင်းမှာ tester တွေက software ကို စမ်းသပ်ပြီး developer တွေကို အကြောင်းပြန်ပေးမှာဆိုတော့ bug တွေနဲ့ အလုပ်မရှုပ်တော့ဘူးပေါ့။
Apple ရဲ့ နောင်လာမယ့် operating system တွေမှာပါဝင်တဲ့ test build အသစ်တွေက feature တစ်ခုမှာ bug ပါနေတယ်လို့ထင်ရင် ဒါမှမဟုတ် reliability issue တက်နိုင်တယ်လို့ထင်ရင် default ပိတ်ပေးထားမှာပါ။ tester တွေကသာ ဖွင့်ပြီးတော့ စမ်းသပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် bug တွေကို လျှော့ချပေးနိုင်ပါတယ်။
Software ရဲ့ အရည်အသွေးကို ၁ကနေ၁၀၀အတွင်း သတ်မှတ်ထားပြီး “white glove” test လို့ ခေါ်ဆိုမှာပါ။ bug ပါနေတယ်ဆိုရင် ၆၀အောက်ရော်ကနေမှာဖြစ်ပြီး stable ဖြစ်ရင်တော့ ၈၀အပေါ်မှာ ရှိနေမှာပါ။ iOS 13 ဟာ iOS 12 ထက် ရမှတ်နည်းခဲ့ပါတယ်။ Apple team ဟာ feature တွေကို development လုပ်ဆောင်နေစဉ်အတွင်း green, yellow , red color code တွေနဲ့ သတ်မှတ်ပါတယ်။ ၀ ကနေ ၅ အထိ သတ်မှန်ထားပြီး ၀ ဆိုရင် critical issue ၊ ၅ ဆိုရင် minor စသဖြင့် အဆင့်တွေခွဲခြားထားပါတယ်။
ဒီပြောင်းလဲမှုတွေကတော့ Apple ရဲ့ software engineering ခေါင်းဆောင် Craig Federighi က အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

[Zawgyi]

မၾကာေသးခင္ကထြက္ရွိထားတဲ့ iOS 13 မွာ bug ေတြေၾကာင့္ သံုးစြဲသူေတြဆီက အျပစ္တင္မႈေတြအမ်ားအျပား ျမင္ေတြ႕လိုက္ရပါတယ္။ iOS 12 တုန္းကလည္း အတူတူပါပဲ။ ဒါေပမယ့္ iOS 14 မွာေတာ့ ေလွ်ာ့ခ်ဖို႕ရည္ရြယ္ထားျပီး bug ေတြကို ဖယ္ထုတ္ဖို႕ေတာင္ စဥ္းစားထားပါတယ္။
မၾကာေသးခင္က release ေတြမွာ bug ထူေနရျခင္းရဲ႕ေနာက္ကြယ္က အဓိကအခ်က္ကေတာ့ developer ေတြဟာ အေျပာင္းအလဲေတြကို ေန႕စဥ္၊ အပတ္စဥ္ commit လုပ္ေနလို႕ပါ။ ဒါက အျခားေသာ Apple Developer ေတြအတြက္ bug ေတြကိုျဖစ္ေစပါတယ္။ code တစ္ခုေျပာင္းလဲလိုက္တုိင္း၊ commit လုပ္လိုက္တုိင္းမွာ test build ကို အခ်ိန္အတုိင္းအတာတစ္ခုအထိ အသံုးျပဳမရေအာင္ လုပ္လိုက္ပါတယ္။ အဲဒီအခ်ိန္ေလးအတြင္းမွာ tester ေတြက software ကို စမ္းသပ္ျပီး developer ေတြကို အေၾကာင္းျပန္ေပးမွာဆိုေတာ့ bug ေတြနဲ႕ အလုပ္မရွဳပ္ေတာ့ဘူးေပါ့။
Apple ရဲ႕ ေနာင္လာမယ့္ operating system ေတြမွာပါ၀င္တဲ့ test build အသစ္ေတြက feature တစ္ခုမွာ bug ပါေနတယ္လို႕ထင္ရင္ ဒါမွမဟုတ္ reliability issue တက္ႏုိင္တယ္လို႕ထင္ရင္ default ပိတ္ေပးထားမွာပါ။ tester ေတြကသာ ဖြင့္ျပီးေတာ့ စမ္းသပ္ႏုိ္င္မွာျဖစ္တဲ့အတြက္ေၾကာင့္ bug ေတြကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။
Software ရဲ႕ အရည္အေသြးကို ၁ကေန၁၀၀အတြင္း သတ္မွတ္ထားျပီး “white glove” test လို႕ ေခၚဆိုမွာပါ။ bug ပါေနတယ္ဆိုရင္ ၆၀ေအာက္ေရာ္ကေနမွာျဖစ္ျပီး stable ျဖစ္ရင္ေတာ့ ၈၀အေပၚမွာ ရွိေနမွာပါ။ iOS 13 ဟာ iOS 12 ထက္ ရမွတ္နည္းခဲ့ပါတယ္။ Apple team ဟာ feature ေတြကို development လုပ္ေဆာင္ေနစဥ္အတြင္း green, yellow , red color code ေတြနဲ႕ သတ္မွတ္ပါတယ္။ ၀ ကေန ၅ အထိ သတ္မွန္ထားျပီး ၀ ဆိုရင္ critical issue ၊ ၅ ဆိုရင္ minor စသျဖင့္ အဆင့္ေတြခြဲျခားထားပါတယ္။
ဒီေျပာင္းလဲမႈေတြကေတာ့ Apple ရဲ႕ software engineering ေခါင္းေဆာင္ Craig Federighi က အစည္းအေ၀းမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Ref : thenextweb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.