Huawei ၊ ZTE gear တွေဝယ်ယူခြင်းမပြုလုပ်ဖို့ carrier တွေကို FCC တားမြစ်

0
409

[Unicode]

FCC ဟာ အမေရိကန် wireless network တွေမှာ တရုတ်နည်းပညာတွေပါဝင်ပတ်သတ်နေခြင်းကို ဖြတ်တောက်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေပါတယ်။ Huawei နဲ့ ZTE တို့ကို ပထမဦးစားပေးခြိမ်းခြောက်မှုအဖြစ်နဲ့ ရှုမြင်ပြီးတော့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်သူများအဖြစ် သတ်မှတ်လိုက်ပါတယ်။ အခြားအန္တရာယ်ရှိတဲ့လုပ်ငန်းတွေကိုလည်း ဆက်လက်စောင့်ကြည့်ပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ Universal Service Fund အသုံးပြုပြီးတော့ carrier တွေကို ထောက်ပံ့သေးသွားမှာပါ။
ဒီဆုံးဖြတ်ချက်ကို တရားမျှတအောင်လို့ ငြင်းဆိုချက်တွေလည်း ထုတ်ပြန်ခဲ့ကြပါတယ်။ ငြင်းဆိုပုံကတော့ တရုတ်လုပ်ငန်းတွေရဲ့အကူအညီကို ထောက်လှမ်းဖို့အတွက် လိုအပ်ကြောင်း၊ အဲဒီဖန်ငွေကို အမျိုးသားလုံခြုံရေး ကာကွယ်စောင့်ရှောက်မှုအတွက် မသုံးသင့်ကြောင်းပြောကြားခဲ့ပါတယ်။ နောက်ပြီး Huawei နဲ့ ZTE တို့ဆီက အမေရိကန် network တွေကို စောင့်ကြည့်ထောက်လှမ်းနေပါတယ်ဆိုတဲ့ သက်သေတွေလည်း မရှိခဲ့ကြောင်း ထောက်ပြခဲ့ကြပေမယ့်လည်း FCC က လက်မခံခဲ့ပါဘူး။ ဒါဟာ ဖြစ်လာနိုင်တဲ့ခြိမ်းခြောက်မှုတစ်ခုလို့ ယူဆထားတဲ့အတွက်ကြောင့်ပါ။
တစ်ချိန်တည်းမှာပဲ FCC က USF ကို လက်ခံထားသူများအားလုံးအနေနဲ့ လုံခြုံရေးအန္တရာယ်ပေးလာနိုင်တဲ့လုပ်ငန်းတွေဆီကနေ ဝယ်ယူထားတဲ့အစိတ်အပိုင်းတွေကို ဖယ်ရှားခြင်း၊ အစားထိုးသုံးစွဲခြင်းလုပ်ဆောင်ရမယ်ဆိုတာကိုလည်း တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ အစားထိုးသုံးစွဲခြင်းအတွက် ဘယ်လိုမျိုးပေးမလဲဆိုတာ မေးစရာရှိနေပါတယ်။ နောက်ပြီး တရုတ်ပစ္စည်းတွေကို လက်ရှိရှိနေတဲ့ အခြေခံအဆောက်အအုံကနေ ဆွဲခွာဖို့အတွက် ဘယ်လောက်တောင်ကုန်ကျမလဲဆိုတာကလည်း လေ့လာဖို့ လိုအပ်နေပါတယ်။
Huawei ကတော့ ဒီလုပ်ဆောင်ချက်ဟာ သက်သေမရှိဘဲနဲ့ စွပ်စွဲခံရတာဖြစ်ကြောင်း၊ တရုတ်ဥပဒေနဲ့ပတ်သတ်ပြီးတော့ မှားယွင်းတဲ့ရှုထောင့်ကနေကြည့်နေခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တရုတ်ပစ္စည်းတွေကို ကုန်ကျစရိတ်သက်သာဖို့အတွက် အသုံးပြုနေရတဲ့ carrier လုပ်ငန်းအသေးစားလေးတွေအတွက်တော့ အထိနာစေနိုင်သလို 5G နဲ့ အခြားသောကြိုးမဲ့နည်းပညာတွေအတွက် ပြိုင်ဆိုင်မှုအင်အားနည်းသွားနိုင်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ Huawei ကို အမည်ပျက်စာရင်း တင်သွင်းထားခဲ့တုန်းကနဲ့ ထပ်နေတယ်လို့ မြင်ကြမှာပါ။ အဲဒီတုန်းက hardware ဝယ်ယူူခြင်းအတွက် ကန့်သတ်ပိတ်ပင်ထားတာမျိုးတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း သေချာတာကတော့ FCC ဟာ တရုတ် gear တွေကို အမေရိကန် network အတွင်းမှာရှိမနေစေချင်ပါဘူး။ provider အသေးစားတွေအတွက်တော့ သိသာမြင်သာတဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အစားထိုးကုန်ကျစရိတ်အတွက် အစိုးရကပမာဏအတော်များများပေးနိုင်ပေမယ့်လည်း နောက်နောင်အဆင့်မြှင့်တင်မှုတွေမှာ အကူအညီမရဘဲ ဘယ်လိုမှရေရှည်မရပ်တည်နိုင်တဲ့အချက်ကိုလည်း စဉ်းစားဖို့ လိုအပ်နေပါတယ်။

[Zawgyi]

FCC ဟာ အေမရိကန္ wireless network ေတြမွာ တရုတ္နည္းပညာေတြပါ၀င္ပတ္သတ္ေနျခင္းကို ျဖတ္ေတာက္ဖို႕အတြက္ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ Huawei နဲ႕ ZTE တို႕ကို ပထမဦးစားေပးျခိမ္းေျခာက္မႈအျဖစ္နဲ႕ ရွဳျမင္ျပီးေတာ့ အမ်ိဳးသားလံုျခံဳေရးျခိမ္းေျခာက္သူမ်ားအျဖစ္ သတ္မွတ္လုိက္ပါတယ္။ အျခားအႏၱရာယ္ရွိတဲ့လုပ္ငန္းေတြကိုလည္း ဆက္လက္ေစာင့္ၾကည့္ျပီးေတာ့ စစ္ေဆးမႈေတြလုပ္ေဆာင္သြားမယ္လို႕လည္း သိရပါတယ္။ Universal Service Fund အသံုးျပဳျပီးေတာ့ carrier ေတြကို ေထာက္ပံ့ေသးသြားမွာပါ။
ဒီဆံုးျဖတ္ခ်က္ကို တရားမွ်တေအာင္လို႕ ျငင္းဆိုခ်က္ေတြလည္း ထုတ္ျပန္ခဲ့ၾကပါတယ္။ ျငင္းဆိုပံုကေတာ့ တရုတ္လုပ္ငန္းေတြရဲ႕အကူအညီကို ေထာက္လွမ္းဖို႕အတြက္ လိုအပ္ေၾကာင္း၊ အဲဒီဖန္ေငြကို အမ်ိဳးသားလံုျခံဳေရး ကာကြယ္ေစာင့္ေရွာက္မႈအတြက္ မသံုးသင့္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ ေနာက္ျပီး Huawei နဲ႕ ZTE တို႕ဆီက အေမရိကန္ network ေတြကို ေစာင့္ၾကည့္ေထာက္လွမ္းေနပါတယ္ဆိုတဲ့ သက္ေသေတြလည္း မရွိခဲ့ေၾကာင္း ေထာက္ျပခဲ့ၾကေပမယ့္လည္း FCC က လက္မခံခဲ့ပါဘူး။ ဒါဟာ ျဖစ္လာႏုိင္တဲ့ျခိမ္းေျခာက္မႈတစ္ခုလို႕ ယူဆထားတဲ့အတြက္ေၾကာင့္ပါ။
တစ္ခ်ိန္တည္းမွာပဲ FCC က USF ကို လက္ခံထားသူမ်ားအားလံုးအေနနဲ႕ လံုျခံဳေရးအႏၱရာယ္ေပးလာႏုိင္တဲ့လုပ္ငန္းေတြဆီကေန ၀ယ္ယူထားတဲ့အစိတ္အပုိင္းေတြကို ဖယ္ရွားျခင္း၊ အစားထိုးသံုးစြဲျခင္းလုပ္ေဆာင္ရမယ္ဆိုတာကိုလည္း တရား၀င္ထုတ္ျပန္လုိက္ပါတယ္။ အစားထိုးသံုးစြဲျခင္းအတြက္ ဘယ္လိုမ်ိဳးေပးမလဲဆိုတာ ေမးစရာရွိေနပါတယ္။ ေနာက္ျပီး တရုတ္ပစၥည္းေတြကို လက္ရွိရွိေနတဲ့ အေျခခံအေဆာက္အအံုကေန ဆြဲခြာဖို႕အတြက္ ဘယ္ေလာက္ေတာင္ကုန္က်မလဲဆိုတာကလည္း ေလ့လာဖို႕ လိုအပ္ေနပါတယ္။
Huawei ကေတာ့ ဒီလုပ္ေဆာင္ခ်က္ဟာ သက္ေသမရွိဘဲနဲ႕ စြပ္စြဲခံရတာျဖစ္ေၾကာင္း၊ တရုတ္ဥပေဒနဲ႕ပတ္သတ္ျပီးေတာ့ မွားယြင္းတဲ့ရွဳေထာင့္ကေနၾကည့္ေနျခင္းျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။ တရုတ္ပစၥည္းေတြကို ကုန္က်စရိတ္သက္သာဖို႕အတြက္ အသံုးျပဳေနရတဲ့ carrier လုပ္ငန္းအေသးစားေလးေတြအတြက္ေတာ့ အထိနာေစႏုိင္သလို 5G နဲ႕ အျခားေသာၾကိဳးမဲ့နည္းပညာေတြအတြက္ ျပိဳင္ဆိုင္မႈအင္အားနည္းသြားႏုိင္ပါတယ္။
ဒီထုတ္ျပန္ခ်က္ဟာ Huawei ကို အမည္ပ်က္စာရင္း တင္သြင္းထားခဲ့တုန္းကနဲ႕ ထပ္ေနတယ္လို႕ ျမင္ၾကမွာပါ။ အဲဒီတုန္းက hardware ၀ယ္ယူူျခင္းအတြက္ ကန္႕သတ္ပိတ္ပင္ထားတာမ်ိဳးေတြေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္လည္း ေသခ်ာတာကေတာ့ FCC ဟာ တရုတ္ gear ေတြကို အေမရိကန္ network အတြင္းမွာရွိမေနေစခ်င္ပါဘူး။ provider အေသးစားေတြအတြက္ေတာ့ သိသာျမင္သာတဲ့ ထိခိုက္မႈေတြ ျဖစ္လာႏုိင္ပါတယ္။ အစားထိုးကုန္က်စရိတ္အတြက္ အစိုးရကပမာဏအေတာ္မ်ားမ်ားေပးႏုိင္ေပမယ့္လည္း ေနာက္ေနာင္အဆင့္ျမွင့္တင္မႈေတြမွာ အကူအညီမရဘဲ ဘယ္လိုမွေရရွည္မရပ္တည္ႏုိင္တဲ့အခ်က္ကိုလည္း စဥ္းစားဖို႕ လိုအပ္ေနပါတယ္။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.