[Unicode]
Nokia စမတ်ဖုန်းတွေထုတ်လုပ်နေတဲ့ HMD Global ဟာ သူ့ရဲ့ထုတ်ကုန်အသစ်လေးကို စတင်ထုတ်ပြဖို့ စဉ်းစားနေပါတယ်။ အဲဒီထုတ်ကုန်လေးကိုတော့ ဒီဇင်ဘာ ၅ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာပါ။ ဒီအကြောင်းကို တွစ်တာမှာတင်ခဲ့တာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ နေ့ရက်ကလွဲလို့ ဟန်းဆက်အကြောင်းကိုတော့ ကျွန်တော်တို့ သိထားတာမရှိခဲ့ပါဘူး။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးတစ်ခုကို တင်ပြပေးချင်ပါတယ်။ ဒါကတော့ မနှစ်က ဒီဇင်ဘာ ၅ရက်နေ့မှာ Nokia 8.1 ကို ကြေညာခဲ့ပါတယ်။ ဒီတော့ ဒီတခေါက်မှာလည်း Nokia 8.2 မြင်ရနိုင်မှာလား။
နောက်တစ်ချက်ကတော့ Nokia 5.2 နဲ့ Nokia 2.3 တို့ကို မြင်ရမလားဆိုတာလည်း စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။
[Zawgyi]
Ref : gsmarena