official video ထဲမှာတွေ့မြင်ရတဲ့ Huawei MatePad Pro

0
188

[Unicode]

Huawei က နိုဝင်ဘာ၂၅ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ပွဲအခမ်းအနားတစ်ခုမှာ MatePad Pro ကို ပြသသွားဖို့အတွက် လုပ်ဆောင်ထားခဲ့ပါတယ်။ အခုတော့ feature အချို့ကို အတည်ပြုတဲ့အနေနဲ့ ဗွီဒီယိုအတိုလေးတစ်ခုကို ပြသခဲ့ပါတယ်။
ဗွီဒီယိုလေးထဲမှာ MatePad Pro ဟာ အနောက်ဘက် ကင်မရာနှစ်လုံးပါဝင်ပြီးတော့ ညာဘက်အပေါ်နားမှာတည်ရှိတယ်ဆိုတဲ့အကြောင်း မြင်တွေ့ရပါတယ်။ ဒါပေမယ့်လည်း အနောက်ဘက်ဒီဇိုင်းကတော့ magnetic keyboard တွဲလို့ရတဲ့ case တစ်ခုနဲ့ ကွယ်ထားတာမို့ မသိလိုက်ရပါဘူး။
multi-tasking လုပ်ဆောင်ချက်တွေကို ပြသသွားတဲ့အချိန်မှာ ကျွန်တော်တို့ကြားထားတဲ့ punch hole display ကို မြင်တွေ့ရပါတယ်။
နောက်ဆုံးမှာတော့ M-Pen stylus ထောက်ပံ့ထားကြောင်းကို အတည်ပြုပေးလိုက်ပါတယ်။ ဗွီဒီယိုတစ်ခုလုံးကို အောက်မှာကြည့်ရှုလိုက်ပါ။


MatePad Pro ရဲ့ အသေးစိတ်အချက်အလက်တွေကတော့ လက်ရှိမှာ မရနိုင်သေးဘူးဆိုပေမယ့်လည်း 40W fast charging support အကြောင်း သိထားပါတယ်။ Geekbench ကို ရောက်ပြီးပြီဆိုတော့ Kirin 990 SoC, 6GB RAM နဲ့ Android 10 ဆိုတာလည်း သေချာနေပါပြီ။
MatePad Pro ကို မြင်တွေ့ရဖို့က နီးကပ်လို့လာနေပါပြီ။

[Zawgyi]

Huawei က ႏုိ၀င္ဘာ၂၅ရက္ေန႕ တရုတ္ႏုိင္ငံ ရွန္ဟိုင္းျမိဳ႕ ပြဲအခမ္းအနားတစ္ခုမွာ MatePad Pro ကို ျပသသြားဖို႕အတြက္ လုပ္ေဆာင္ထားခဲ့ပါတယ္။ အခုေတာ့ feature အခ်ိဳ႕ကို အတည္ျပဳတဲ့အေနနဲ႕ ဗြီဒီယိုအတိုေလးတစ္ခုကို ျပသခဲ့ပါတယ္။
ဗြီဒီယိုေလးထဲမွာ MatePad Pro ဟာ အေနာက္ဘက္ ကင္မရာႏွစ္လံုးပါ၀င္ျပီးေတာ့ ညာဘက္အေပၚနားမွာတည္ရွိတယ္ဆိုတဲ့အေၾကာင္း ျမင္ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း အေနာက္ဘက္ဒီဇိုင္းကေတာ့ magnetic keyboard တြဲလို႕ရတဲ့ case တစ္ခုနဲ႕ ကြယ္ထားတာမို႕ မသိလိုက္ရပါဘူး။
multi-tasking လုပ္ေဆာင္ခ်က္ေတြကို ျပသသြားတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႕ၾကားထားတဲ့ punch hole display ကို ျမင္ေတြ႕ရပါတယ္။
ေနာက္ဆံုးမွာေတာ့ M-Pen stylus ေထာက္ပံ့ထားေၾကာင္းကို အတည္ျပဳေပးလုိက္ပါတယ္။ ဗြီဒီယိုတစ္ခုလံုးကို ေအာက္မွာၾကည့္ရွဳလိုက္ပါ။


MatePad Pro ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကေတာ့ လက္ရွိမွာ မရႏုိင္ေသးဘူးဆိုေပမယ့္လည္း 40W fast charging support အေၾကာင္း သိထားပါတယ္။ Geekbench ကို ေရာက္ျပီးျပီဆိုေတာ့ Kirin 990 SoC, 6GB RAM နဲ႕ Android 10 ဆိုတာလည္း ေသခ်ာေနပါျပီ။
MatePad Pro ကို ျမင္ေတြ႕ရဖို႕က နီးကပ္လို႕လာေနပါျပီ။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.