Mac Pro စက်ရုံကို ထရမ့်နဲ့အတူ သွားရောက်လည်ပတ်ခဲ့တဲ့ Tim Cook

0
882

[Unicode]

မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ Apple CEO Tim Cook ဟာ Austin, Texas ကို သွားရောက်ပြီးတော့ ၂၀၁၃ခုနှစ်ကတည်းက Mac Pro ကို တပ်ဆင်ပေးနေခဲ့တဲ့ Apple ရဲ့ လုပ်ငန်းခွင်ကို လည်ပတ်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အခြားသောမန်ဘာတွေလည်း လည်ပတ်ခဲ့ကြပါတယ်။
အဲဒီကိုမလည်ပတ်ခင်မှာ Cook ဟာ Austin မှာရှိတဲ့ Domain NORTHSIDE outdoor mall က Apple စတိုးကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ Apple ရဲ့ Flextronics စက်ရုံကို သွားရောက်ခဲ့ပါတယ်။ ထရမ့်ကို လာရောက်လည်ပတ်ခြင်းအတွက် ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ Mac Pro plate ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
လည်ပတ်ခြင်းအပြီးမှာ Cook နဲ့ ထရမ့်တို့ဟာ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ Cook က အခုလိုပြောထားပါတယ်။
ကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ လာရောက်တဲ့သူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ President Trump, Secretary Mnuchin နဲ့ Ivanka ၊ အခြားသောမန်ဘာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့မှာ ဒီလိုမျိုးအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့မရှိရင် မဖြစ်နိုင်ပါဘူး။ ဒီနေ့မြင်နေရတဲ့ Mac Pro ဟာ original Mac ထက် အဆပေါင်း ၁၅၀၀၀လောက် ပိုပြီးစွမ်းအားမြင့်မားပါတယ်။ တစ်စက္ကန့်ကို အလုပ်ပေါင်း ၅၆ထရီလျံ လုပ်ဆောင်နိုင်နေပါပြီ။ တော်တော်လေးမိုက်ပါတယ်။ ထုတ်ကုန်လေးအတွက် ဂုဏ်ယူလို့မဆုံးပါဘူး။ အမေရိကန်ဒီဇိုင်း၊ အမေရိကန်ထုတ်လုပ်မှု၊ အမေရိကန်အင်ဂျင်နီယာတွေရဲ့လုပ်ဆောင်မှုကို ပြသနေတာပါ။
Austin မှာ ဒေါ်လာ၁ဘီလျံ campus တစ်ခုလုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ campus လေးဟာ အရွယ်အစားအားဖြင့် ၃မီလျံစတုရန်းပေရှိပြီးတော့ ဝန်ထမ်းပေါင်း ၅၀၀၀ ကနေ ၁၅၀၀၀ လောက်အထိ နေထိုင်နိုင်မှာပါ။ campus အသစ်လေးကို ၂၀၂၂မှာ ဖွင့်လှစ်ဖို့မှန်းထားပါတယ်။
Austin ဟာ လုပ်ငန်းရဲ့အနာဂတ်အတွက် အဓိကကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Cupertino ပြီးရင် ဒုတိယအကြီးမားဆုံးနေရာလည်း ဖြစ်တယ်။ ဒီအတွက် ဒေါ်လာ၁ဘီလျံ campus ကို လုပ်သွားပါမယ်။ နောက်ထပ်လည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါသေးတယ်။

[Zawgyi]

ေမွ်ာ္လင့္ထားတဲ့အတုိင္းပါပဲ၊ Apple CEO Tim Cook ဟာ Austin, Texas ကို သြားေရာက္ျပီးေတာ့ ၂၀၁၃ခုႏွစ္ကတည္းက Mac Pro ကို တပ္ဆင္ေပးေနခဲ့တဲ့ Apple ရဲ႕ လုပ္ငန္းခြင္ကို လည္ပတ္ခဲ့ပါတယ္။ သမၼတ ေဒၚနယ္ထရမ့္နဲ႕ အျခားေသာမန္ဘာေတြလည္း လည္ပတ္ခဲ့ၾကပါတယ္။
အဲဒီကိုမလည္ပတ္ခင္မွာ Cook ဟာ Austin မွာရွိတဲ့ Domain NORTHSIDE outdoor mall က Apple စတိုးကိုလည္း သြားေရာက္ခဲ့ပါေသးတယ္။ အဲဒီေနာက္မွာေတာ့ Apple ရဲ႕ Flextronics စက္ရံုကို သြားေရာက္ခဲ့ပါတယ္။ ထရမ့္ကို လာေရာက္လည္ပတ္ျခင္းအတြက္ ေက်းဇူးတင္ဂုဏ္ျပဳတဲ့အေနနဲ႕ Mac Pro plate ကို လက္ေဆာင္ေပးအပ္ခဲ့ပါတယ္။
လည္ပတ္ျခင္းအျပီးမွာ Cook နဲ႕ ထရမ့္တို႕ဟာ ေဆြးေႏြးမႈတစ္ခုျပဳလုပ္ခဲ့ၾကပါတယ္။ Cook က အခုလိုေျပာထားပါတယ္။
ကၽြန္ေတာ္တို႕နဲ႕ပူးေပါင္းျပီးေတာ့ လာေရာက္တဲ့သူတုိင္းကို ေက်းဇူးတင္ခ်င္ပါတယ္။ President Trump, Secretary Mnuchin နဲ႕ Ivanka ၊ အျခားေသာမန္ဘာေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီေန႕မွာ ဒီလိုမ်ိဳးအားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ သူတို႕မရွိရင္ မျဖစ္နုိင္ပါဘူး။ ဒီေန႕ျမင္ေနရတဲ့ Mac Pro ဟာ original Mac ထက္ အဆေပါင္း ၁၅၀၀၀ေလာက္ ပိုျပီးစြမ္းအားျမင့္မားပါတယ္။ တစ္စကၠန္႕ကို အလုပ္ေပါင္း ၅၆ထရီလ်ံ လုပ္ေဆာင္ႏုိင္ေနပါျပီ။ ေတာ္ေတာ္ေလးမိုက္ပါတယ္။ ထုတ္ကုန္ေလးအတြက္ ဂုဏ္ယူလို႕မဆံုးပါဘူး။ အေမရိကန္ဒီဇုိင္း၊ အေမရိကန္ထုတ္လုပ္မႈ၊ အေမရိကန္အင္ဂ်င္နီယာေတြရဲ႕လုပ္ေဆာင္မႈကို ျပသေနတာပါ။
Austin မွာ ေဒၚလာ၁ဘီလ်ံ campus တစ္ခုလုပ္ေဆာင္ေနတယ္လို႕ သတင္းထုတ္ျပန္ထားပါတယ္။ အဲဒီ campus ေလးဟာ အရြယ္အစားအားျဖင့္ ၃မီလ်ံစတုရန္းေပရွိျပီးေတာ့ ၀န္ထမ္းေပါင္း ၅၀၀၀ ကေန ၁၅၀၀၀ ေလာက္အထိ ေနထိုင္ႏုိင္မွာပါ။ campus အသစ္ေလးကို ၂၀၂၂မွာ ဖြင့္လွစ္ဖို႕မွန္းထားပါတယ္။
Austin ဟာ လုပ္ငန္းရဲ႕အနာဂတ္အတြက္ အဓိကက်တဲ့ေနရာတစ္ခုျဖစ္ပါတယ္။ Cupertino ျပီးရင္ ဒုတိယအၾကီးမားဆံုးေနရာလည္း ျဖစ္တယ္။ ဒီအတြက္ ေဒၚလာ၁ဘီလ်ံ campus ကို လုပ္သြားပါမယ္။ ေနာက္ထပ္လည္း ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဆက္လက္လုပ္ေဆာင္ဖုိ႕ ရွိေနပါေသးတယ္။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.