iPhone 11 နဲ့ iPhone 11 Pro တို့အတွက် Smart Battery Case တွေ Apple ဖြန့်ချိ

0
896

[Unicode]

ဒီနေ့မှာတော့ Apple ဟာ iPhone 11 ၊ iPhone 11 Pro ၊ iPhone 11 Pro Max တို့အတွက် Smart Battery Case တို့ကို ဖြန့်ချိပေးလိုက်ပါပြီ။ Apple ရဲ့ အွန်လိုင်းစတိုးကနေ ၁၂၉ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပြီပဲဖြစ်ပါတယ်။
Apple ဟာ iPhone 11 Smart Battery Case တွေ စီစဉ်နေတယ်ဆိုတာကို ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။ ဒီနှစ်ရဲ့ထူးခြားချက်ကတော့ Camera app ကို အလိုအလျောက်ဖွင့်ပေးနိုင်တဲ့ခလုတ်လေးတစ်ခု ပါဝင်လာတာဖြစ်ပါတယ်။ ပြထားတဲ့ပုံမှာဆိုရင် ပါဝါခလုတ်ရှိတဲ့အခြမ်းက အောက်နားလေးမှာ ကင်မရာခလုတ်လေးပါဝင်လာတာကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။
အဲဒီ case လေးမှာ ကင်မရာခလုတ်လေးပါဝင်ပြီးတော့ iPhone က lock ဖြစ်နေနေ၊ unlock ဖြစ်နေနေ Camera app ကို ဖွင့်ပေးနိုင်မယ်လို့ သိရပါတယ်။ ခလုတ်လေးကို မြန်မြန်နှိပ်မယ်ဆိုရင်တော့ ဓါတ်ပုံရိုက်ကူးပေးမှာဖြစ်ပြီး ကြာကြာဖိထားရင်တော့ QuickTake ဗွီဒီယိုအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး ဆယ်လ်ဖီအတွက်လည်း အလုပ်လုပ်နိုင်ပါသေးတယ်။
ကင်မရာခလုတ်အပြင် အခြားအရာတွေကတော့ မနှစ်ကဟာတွေနဲ့ တထေရာတည်းပါပဲ။ case တွေကို soft-touch silicone နဲ့ ဖန်တီးထားပြီး အတွင်းကအနားသတ်တွေကို microfiber သုံးပေးထားတဲ့အတွက်ကြောင့် ဖုန်းေးလကို အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။
Apple ရဲ့ Smart Battery Case ကနေ ဘတ်ထရီပမာဏ ဘယ်လောက်အထိ မျှော်မှန်းလို့ရနိုင်သလဲဆိုတာကလည်း မေးသင့်တဲ့မေးခွန်းပဲမဟုတ်လား။ Smart Battery Case ကို အပြည့်အားသွင်းထားမယ်ဆိုရင်တော့ ၅၀% ပိုခံနိုင်တယ်လို့ ပြောပါတယ်။
Smart Battery Cases လေးဟာ Qi wireless charger တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရော battery case ကိုပါ တစ်ပြိုင်နက်တည်း အားသွင်းလို့ရနိုင်တာပေါ့။ ကြိုးနဲ့သွင်းဖို့အတွက် Lightning port တစ်ခုပါဝင်သလို fast charging အတွက်လည်း USB-PD charger ကို ထောက်ပံ့ပေးထားပါတယ်။
iPhone 11 အတွက် battery case ထုတ်လုပ်တာ Apple တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Mophie ဆီကနေလည်း ရနိုင်ပါသေးတယ်။ ဒါပေမယ့် အများစုကတော့ iOS နဲ့ တမူထူးခြားအောင် ပေါင်းစပ်ထားတဲ့ Apple ဆီကဟာတွေကိုပဲ မျှော်လင့်တတ်ကြပါတယ်။ Lock screen မှာ ဘတ်ထရီအားကိုမြင်နိုင်တဲ့ဟာမျိုး၊ widget ကနေ ကြည့်နိုင်တဲ့ဟာမျိုးလေးတွေပေါ့။
Smart Battery Cases လေးကို အနက်၊ အဖြူ ၊ pink sand ဆိုပြီး သုံးရောင်ထုတ်ပေးထားပါတယ်။ ဈေးနှုန်းတွေကတော့ iPhone 11 ၊ iPhone 11 Pro ၊ iPhone 11 Pro Max တို့အတွက် ၁၂၉ဒေါ်လာဖြစ်ပါတယ်။ ပထမဆုံးအော်ဒါတင်တဲ့သူတွေအတွက် နိုဝင်ဘာ၂၅ရက်နေ့ကို ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

[Zawgyi]

ဒီေန႕မွာေတာ့ Apple ဟာ iPhone 11 ၊ iPhone 11 Pro ၊ iPhone 11 Pro Max တို႕အတြက္ Smart Battery Case တို႕ကို ျဖန္႕ခ်ိေပးလိုက္ပါျပီ။ Apple ရဲ႕ အြန္လို္င္းစတိုးကေန ၁၂၉ေဒၚလာနဲ႕ ၀ယ္ယူရရွိႏုိင္ျပီပဲျဖစ္ပါတယ္။
Apple ဟာ iPhone 11 Smart Battery Case ေတြ စီစဥ္ေနတယ္ဆိုတာကို ကၽြန္ေတာ္တုိ႕ ေျပာခဲ့ဖူးပါတယ္။ ဒီႏွစ္ရဲ႕ထူးျခားခ်က္ကေတာ့ Camera app ကို အလိုအေလ်ာက္ဖြင့္ေပးႏုိင္တဲ့ခလုတ္ေလးတစ္ခု ပါ၀င္လာတာျဖစ္ပါတယ္။ ျပထားတဲ့ပံုမွာဆိုရင္ ပါ၀ါခလုတ္ရွိတဲ့အျခမ္းက ေအာက္နားေလးမွာ ကင္မရာခလုတ္ေလးပါ၀င္လာတာကို ျမင္ေတြ႕ႏုိင္မွာပဲျဖစ္ပါတယ္။
အဲဒီ case ေလးမွာ ကင္မရာခလုတ္ေလးပါ၀င္ျပီးေတာ့ iPhone က lock ျဖစ္ေနေန၊ unlock ျဖစ္ေနေန Camera app ကို ဖြင့္ေပးနုိင္မယ္လို႕ သိရပါတယ္။ ခလုတ္ေလးကို ျမန္ျမန္ႏွိပ္မယ္ဆိုရင္ေတာ့ ဓါတ္ပံုရုိက္ကူးေပးမွာျဖစ္ျပီး ၾကာၾကာဖိထားရင္ေတာ့ QuickTake ဗြီဒီယိုအျဖစ္ လုပ္ေဆာင္ေပးႏုိင္ပါတယ္။ ေနာက္ျပီး ဆယ္လ္ဖီအတြက္လည္း အလုပ္လုပ္ႏုိင္ပါေသးတယ္။
ကင္မရာခလုတ္အျပင္ အျခားအရာေတြကေတာ့ မႏွစ္ကဟာေတြနဲ႕ တေထရာတည္းပါပဲ။ case ေတြကို soft-touch silicone နဲ႕ ဖန္တီးထားျပီး အတြင္းကအနားသတ္ေတြကို microfiber သံုးေပးထားတဲ့အတြက္ေၾကာင့္ ဖုန္းေးလကို အျပည့္အ၀ကာကြယ္ေပးႏုိင္ပါတယ္။
Apple ရဲ႕ Smart Battery Case ကေန ဘတ္ထရီပမာဏ ဘယ္ေလာက္အထိ ေမွ်ာ္မွန္းလို႕ရႏုိင္သလဲဆိုတာကလည္း ေမးသင့္တဲ့ေမးခြန္းပဲမဟုတ္လား။ Smart Battery Case ကို အျပည့္အားသြင္းထားမယ္ဆိုရင္ေတာ့ ၅၀% ပိုခံႏုိင္တယ္လို႕ ေျပာပါတယ္။
Smart Battery Cases ေလးဟာ Qi wireless charger ေတြနဲ႕ တြဲဖက္အသံုုးျပဳႏုိင္ပါတယ္။ ဒါေၾကာင့္ ဖုန္းေရာ battery case ကိုပါ တစ္ျပိဳင္နက္တည္း အားသြင္းလို႕ရႏုိင္တာေပါ့။ ၾကိဳးနဲ႕သြင္းဖုိ႕အတြက္ Lightning port တစ္ခုပါ၀င္သလို fast charging အတြက္လည္း USB-PD charger ကို ေထာက္ပံ့ေပးထားပါတယ္။
iPhone 11 အတြက္ battery case ထုတ္လုပ္တာ Apple တစ္ခုတည္းေတာ့ မဟုတ္ပါဘူး။ Mophie ဆီကေနလည္း ရႏုိင္ပါေသးတယ္။ ဒါေပမယ့္ အမ်ားစုကေတာ့ iOS နဲ႕ တမူထူးျခားေအာင္ ေပါင္းစပ္ထားတဲ့ Apple ဆီကဟာေတြကိုပဲ ေမွ်ာ္လင့္တတ္ၾကပါတယ္။ Lock screen မွာ ဘတ္ထရီအားကိုျမင္ႏုိင္တဲ့ဟာမ်ိဳး၊ widget ကေန ၾကည့္ႏုိင္တဲ့ဟာမ်ိဳးေလးေတြေပါ့။
Smart Battery Cases ေလးကို အနက္၊ အျဖဴ ၊ pink sand ဆိုျပီး သံုးေရာင္ထုတ္ေပးထားပါတယ္။ ေစ်းႏႈန္းေတြကေတာ့ iPhone 11 ၊ iPhone 11 Pro ၊ iPhone 11 Pro Max တို႕အတြက္ ၁၂၉ေဒၚလာျဖစ္ပါတယ္။ ပထမဆံုးေအာ္ဒါတင္တဲ့သူေတြအတြက္ ႏုိ၀င္ဘာ၂၅ရက္ေန႕ကို ပို႕ေဆာင္ေပးမယ္လို႕ သိရပါတယ္။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.