Google Duplex အသုံးပြုပြီး ယူကေနဲ့ ယူအက်စ်မှာ ရုပ်ရှင်လက်မှတ်တွေ ဘွတ်ကင်တင်လို့ရပြီ

0
181

[Unicode]

အခုဆိုရင် Android အသုံးပြုပြီးတော့ Google Duplex ကို ယူကေနဲ့ ယူအက်စ်မှာ ရုပ်ရှင်လက်မှတ်တွေ ဘွတ်ကင်တင်ခိုင်းလို့ရနေပါပြီ။ ဒီလုပ်ဆောင်ချက်လေးကို Google I/O 2019 မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ Android ပေါ်က Google app ဒါမှမဟုတ် Google Assistant ကတဆင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ရုံတင်စာရင်းတွေကိုရှာဖွေနိုင်ပြီးတော့ သင့်တော်တဲ့အချိန်နဲ့ တည်နေရာကိုတွေ့တဲ့အခါ “Buy tickets” ခလုတ်လေးကိုနှိပ်နိုင်ပါတယ်။ အဲဒီ payment နောက်မှာတော့ software လေးဟာ ခုံနေရာရွေးချယ်ခြင်း ၊ payment ကို Chrome မှာသိမ်းဆည်းထားမယ်ဆိုရင် ဝင်နိုင်အောင် ကူညီပေးခြင်းတွေ လုပ်ဆောင်ပေးမှာပါ။
မနှစ်က စတင်ဖြန့်ချိခဲ့တဲ့ Duplex ရဲ့ restaurant-booking လုပ်ဆောင်ချက်လေးမှာ အသစ်ပြင်ဆင်ထားတဲ့ feature အသစ်လေးဖြစ်ပါတယ်။ voice assistant အသုံးပြုပြီးတော့ ဖုန်းခေါ်ဆိုခြင်းထက် ဝက်ဘ်ဆိုက်ပေါ်မှာ စာရိုက်ထည့်ရတဲ့လုပ်ငန်းစဉ်လေးဆိုတော့ ရိုးရှင်းတယ်လို့ပြောရမှာပါ။
သူ့ရဲ့ဝန်ဆောင်မှုဟာ AMC, Fandango, MJR Theaters နဲ့ Movietickets.com တို့အပါအဝင် ရုပ်ရှင်ရုံဝန်ဆောင်မှု ၇၀လောက်နဲ့ အသုံးပြုနိုင်ကြောင်း ရေးသားထားပါတယ်။ ယူကေမှာဆိုရင်လည်း Odeon cinema အတွက် အသုံးပြုလို့ရပါတယ်။
ကျွန်တော်စမ်းသုံးကြည့်ဖြစ်တဲ့အခါမှာတော့ တော်တော်လေးသုံးလို့အဆင်ပြေတာကို တွေ့ရပါတယ်။ ခုံရွေးချယ်ဖို့အတွက်ကတော့ ရုပ်ရှင်ရုံရဲ့ own interface ကို အသုံးပြုပေးထားပါတယ်။ ဘယ်လိုပဲနေနေ ကြိုဆိုသင့်တဲ့ feature လေးတစ်ခုပါပဲ။

[Zawgyi]


Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.