Galaxy S10 Lite ကို အတည်ပြုပေးခဲ့တဲ့ Samsung
0
498
[Unicode]
နှစ်တိုင်းမှာ Lite or Mini စီးရီးကို Galaxy S series အတွက် ကြားနေကြတာပဲမဟုတ်လား။ Galaxy S10 Lite က တကယ်ပါတဲ့။ ကျွန်တော်တို့ ဘယ်လိုလုပ်သိသလဲဆိုတော့ Samsung ကနာမည်ထုတ်ပြောလိုက်လို့ပါ။
အဲဒီဖုန်းလေးဟာ FCC ကို ဒီတပတ်မှာ ရောက်ရှိလာခဲ့ပြီးတော့ မော်ဒယ်လ်နံပါတ်က SMG770F ဖြစ်ပါတယ်။ ဒါဟာ Samsung Galaxy S10 Lite ရဲ့ သတင်းတွေထွက်နေတဲ့နံပါတ်နဲ့ ကိုက်ညီနေပါတယ်။ “About Phone” ကိုလည်း မြင်တွေ့ခွင့်ရခဲ့တာဆိုတော့ Galaxy S10 Lite မှန်းသေချာလို့သွားခဲ့ပါပြီ။ dual-SIM ဆိုတာလည်း သက်သေပြလို့ရပါတယ်။ အောက်မှာကြည့်လိုက်ပါ။
အသေးစိတ်ချက်အလက်တွေကတော့ သိခွင့်ရဖို့ကြိုးစားနေတုန်းပါ။ Snapdragon 855 chipset, 8GB RAM, 128GB storage, 6.7-inch FHD+ screen, 4,370mAh – 4,500mAh battery လို့တော့ ပြောနေကြပါတယ်။ Galaxy S10e တုန်းကတော့ 5.8-inch FHD+ screen နဲ့ 3,100mAh battery ထည့်သွင်းပေးထားတာကိုလည်း တွေးရပါမယ်။
Samsung ရဲ့ လာမယ့်ဖုန်းလေးကတော့ Galaxy S10e နဲ့ ကွဲနေစေဖို့အတွက် အနောက်ဘက်ကင်မရာသုံးလုံးနဲ့ 48MP primary sensor တပ်ဆင်ထားမှာပါ။ 12MP ultra-wide camera ၊ 5MP depth sensor တို့ကလည်း အားဖြည့်ကူညီထားပါတယ်။
SamMobile ကတော့ Samsung Galaxy S10 Lite ဟာ Galaxy A91 နဲ့ အချက်အလက်တွေ အတူတူပဲလို့ပြောထားတော့ ဈေးကွက်အချို့အတွက် နာမည်ပြောင်းထားတာလည်း ဖြစ်နိုင်ပါတယ်။
FCC မှာ မြင်ရပြီဆိုတော့ မိတ်ဆက်ပွဲကလည်း နီးကပ်လာနေပြီဆိုတာ ခန့်မှန်းလို့ရနေပါတယ်။ ဒီတော့ နှစ်မကုန်ခင် မြင်တွေ့ရဖို့ မျှော်လင့်ထားပါ။ Galaxy S10 Lite ကို ဘယ်လောက်နဲ့ပေးဝယ်မလဲဆိုတာလည်း ဆွေးနွေးကြည့်ရအောင်။ ကွန်မန့်ကို လာခဲ့ပါ။
[Zawgyi]
Ref : androidauthority
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.