Samsung Galaxy S10 Lite ရဲ့အချက်အလက်တွေ ထွက်ရှိလာ

0
169

[Unicode]

Samsung Galaxy S10 Lite ရဲ့ သတင်းတွေကို ဆက်လက်ကြားနေရပါတယ်။ အချက်အလက်တွေက S10 စီးရီးအတွက် မကိုက်ညီဘူးလို့ ခံစားနေရတာမို့ နည်းနည်းတော့ ဒွိဟဖြစ်နေမိတယ်။
Galaxy S10 Lite မှာ Snapdragon 855 chipset ၊ 48MP အပါအဝင် အနောက်ကင်မရာသုံးလုံး (12MP wide-angle ၊ 5MP depth sensor) ၊32MP selfie ကင်မရာတွေပါဝင်မယ်လို့ Ishan Agarwal ကတွစ်တာပေါ်မှာ အတည်ပြုပေးထားပါတယ်။
ဒါဟာ Samsung Galaxy S10 range ရဲ့ chipset အတိုင်းသုံးပေးထားတာဖြစ်ပြီးတော့ standard Galaxy S10 ရဲ့ ကင်မရာအရေအတွက်အတိုင်း၊ main နဲ့ selfie တို့ရဲ့ megapixel ကလည်း မြင့်မားနေတာကို တွေ့ရပါတယ်။
Megapixel က အဓိကမဟုတ်ပေမယ့်လည်း Samsung Galaxy S10 Lite ဟာ standard S10 ရဲ့ 12MP telephoto lens ကို 5MP depth sensor နဲ့ အစားထိုးထားပါတယ်။ ဒါပေမယ့်လည်း အများကြီးထိုးကျသွားတာမဟုတ်သေးပါဘူး။
ဒွိဟဖြစ်စေတယ်ဆိုတာက Samsung Galaxy S10e လို့ခေါ်တဲ့ Galaxy S10 Lite လေးကို ထုတ်ပေးပြီးသားပဲ မဟုတ်လား။ နာမည်မတူတာပဲရှိတာပါ။
S10 မဟုတ်ဘဲ S11 ဖြစ်နေရင်
ဒီတော့ ဘာတွေဖြစ်နေတာလဲ။ ကျွန်တော်တို့ပြောခဲ့သလိုပဲ Samsung Galaxy S11 Lite ဖြစ်နိုင်တာပဲ။ Samsung Galaxy S11 range ကို ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ထားတာ၊ ပြီးတော့ အချက်အလက်တွေကလည်း ပိုပြီးတော့ အံဝင်နေတယ်။
ဒါပေမယ့် Agarwal ကတော့ S10 Lite ဆိုတာ ယုံကြည်မှုရှိရှိနဲ့ ပြောထားပါတယ်။ အမှန်တရားကို ကျွန်တော်တို့ မကြာခင်မြင်ရတော့မှာပါ။
Samsung Galaxy S10 Lite လို့ သေချာနေသလို S11 range အတွက်လည်း သူ့မှာသတင်းတွေရှိနေတယ်။ Samsung Galaxy S11 5G ကို model number SM-G986U နဲ့ ထုတ်လုပ်ထားတယ်လို့ သူကတင်ထားသေးတယ်။ internal code name က Y2 လို့ပြောပါတယ်။ ဒီလောက်ပါပဲ သိပ်များများစားစား မပြောခဲ့ပါဘူး။

[Zawgyi]

Samsung Galaxy S10 Lite ရဲ႕ သတင္းေတြကို ဆက္လက္ၾကားေနရပါတယ္။ အခ်က္အလက္ေတြက S10 စီးရီးအတြက္ မကိုက္ညီဘူးလို႕ ခံစားေနရတာမို႕ နည္းနည္းေတာ့ ဒြိဟျဖစ္ေနမိတယ္။
Galaxy S10 Lite မွာ Snapdragon 855 chipset ၊ 48MP အပါအ၀င္ အေနာက္ကင္မရာသံုးလံုး (12MP wide-angle ၊ 5MP depth sensor) ၊32MP selfie ကင္မရာေတြပါ၀င္မယ္လို႕ Ishan Agarwal ကတြစ္တာေပၚမွာ အတည္ျပဳေပးထားပါတယ္။
ဒါဟာ Samsung Galaxy S10 range ရဲ႕ chipset အတုိင္းသံုးေပးထားတာျဖစ္ျပီးေတာ့ standard Galaxy S10 ရဲ႕ ကင္မရာအေရအတြက္အတုိင္း၊ main နဲ႕ selfie တို႕ရဲ႕ megapixel ကလည္း ျမင့္မားေနတာကို ေတြ႕ရပါတယ္။
Megapixel က အဓိကမဟုတ္ေပမယ့္လည္း Samsung Galaxy S10 Lite ဟာ standard S10 ရဲ႕ 12MP telephoto lens ကို 5MP depth sensor နဲ႕ အစားထိုးထားပါတယ္။ ဒါေပမယ့္လည္း အမ်ားၾကီးထိုးက်သြားတာမဟုတ္ေသးပါဘူး။
ဒြိဟျဖစ္ေစတယ္ဆိုတာက Samsung Galaxy S10e လို႕ေခၚတဲ့ Galaxy S10 Lite ေလးကို ထုတ္ေပးျပီးသားပဲ မဟုတ္လား။ နာမည္မတူတာပဲရွိတာပါ။
S10 မဟုတ္ဘဲ S11 ျဖစ္ေနရင္
ဒီေတာ့ ဘာေတြျဖစ္ေနတာလဲ။ ကၽြန္ေတာ္တို႕ေျပာခဲ့သလိုပဲ Samsung Galaxy S11 Lite ျဖစ္နုိင္တာပဲ။ Samsung Galaxy S11 range ကို ေဖေဖာ္၀ါရီလတုန္းက မိတ္ဆက္ထားတာ၊ ျပီးေတာ့ အခ်က္အလက္ေတြကလည္း ပုိျပီးေတာ့ အံ၀င္ေနတယ္။
ဒါေပမယ့္ Agarwal ကေတာ့ S10 Lite ဆိုတာ ယံုၾကည္မႈရွိရွိနဲ႕ ေျပာထားပါတယ္။ အမွန္တရားကို ကၽြန္ေတာ္တို႕ မၾကာခင္ျမင္ရေတာ့မွာပါ။
Samsung Galaxy S10 Lite လို႕ ေသခ်ာေနသလို S11 range အတြက္လည္း သူ႕မွာသတင္းေတြရွိေနတယ္။ Samsung Galaxy S11 5G ကို model number SM-G986U နဲ႕ ထုတ္လုပ္ထားတယ္လို႕ သူကတင္ထားေသးတယ္။ internal code name က Y2 လို႕ေျပာပါတယ္။ ဒီေလာက္ပါပဲ သိပ္မ်ားမ်ားစားစား မေျပာခဲ့ပါဘူး။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.