Mate X ရဲ့ အစိတ်အပိုင်းတွေ လဲလှယ်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲ

0
381

[Unicode]

Mate X ဟာ အပြင်ဘဘက်ကိုကွေးညွတ်နိုင်တဲ့ screen နဲ့အတူ ထွက်ရှိလာခဲ့တာဖြစ်ပြီး ဈေးနှုန်းကလည်း မျက်ရည်ပေါက်ပေါက်ကျလောက်တဲ့ ဒေါ်လာ၂၄၀၀ တန်ကြေးရှိနေပါတယ်။ ဒီနေ့မှာတော့ အဲဒီဖုန်းရဲ့အစိတ်အပိုင်းတွေကို ပြင်ဆင်မယ်ဆိုရင် ကုန်ကျစရိတ်ဘယ်လောက်ကျနိုင်မလဲဆိုတာကို ထုတ်ပြန်လိုက်ပါတယ်။ သိတဲ့အတိုင်း ဈေးနှုန်းတွေက မိုးထိုးနေတာပဲ။
display panel က ဈေးအကြီးဆုံးဖြစ်မယ်ဆိုတာ ကျွန်တော်တို့အားလုံး တွေးကြည့်လို့ရပါတယ်။ လဲရမယ်ဆိုရင်တော့ ဒေါ်လာ၁၀၀၇ ကျသင့်မှာပါ။ နောက်ထပ်ဈေးအကြီးဆုံးကတော့ chipset ဖြစ်ပြီး မှန်ရဲ့တဝက်ဈေးဖြစ်တဲ့ ဒေါ်လာ၅၁၀ ကုန်ကျမှာဖြစ်ပါတယ်။
ဘတ်ထရီအသစ်ဆိုရင်တော့ ၃၉ဒေါ်လာ ကုန်ကျမှာဖြစ်ပြီး shell ဆိုရင် ၅၀ဒေါ်လာပါ။ ကင်မရာ combo ကတော့ ဒေါ်လာ၁၀၀ ဖြစ်ပါတယ်။
ဒီလိုတရားဝင်ဈေးနှုန်းတွေက လုပ်အားခတွေ၊ ကုန်ကျစရိတ်တွေထည့်တွက်ထားတယ်ဆိုတာ သတိပြုရပါမယ်။ ဖုန်းက တရုတ်အတွက်ပဲထုတ်တာဆိုတော့ ကုန်ကျစရိတ်ေတွေက ပြည်တွင်းဈေးကွက်မှာတော့ နည်းနည်းချိန်ညှိပေးနိုင်ပါတယ်။ Huawei Mate X ကို ကမ္ဘာ့ဈေးကွက်မှာ ထုတ်မယ်ဆိုရင်တော့ တိုးလာနိုင်ချေရှိနေပါတယ်။
ဒီတော့ Huawei Mate X ကို ဝယ်ထားပြီးတာပဲဖြစ်ဖြစ်၊ ဝယ်တော့မှာပဲဖြစ်ဖြစ် ဂရုစိုက်ပြီး ကိုင်တွယ်ပါ။ ခေါက်နိုင်တဲ့မျက်နှာပြင်တွေက အစင်းရာ၊ ပွန်းရာထင်လွယ်ပြီးတော့ အပြင်ဘက်အခြမ်းကလည်း သတိပြုကိုင်တွယ်ဖို့လိုအပ်ပါတယ်။

[Zawgyi]

Mate X ဟာ အျပင္ဘဘက္ကိုေကြးညြတ္ႏုိင္တဲ့ screen နဲ႕အတူ ထြက္ရွိလာခဲ့တာျဖစ္ျပီး ေစ်းႏႈန္းကလည္း မ်က္ရည္ေပါက္ေပါက္က်ေလာက္တဲ့ ေဒၚလာ၂၄၀၀ တန္ေၾကးရွိေနပါတယ္။ ဒီေန႕မွာေတာ့ အဲဒီဖုန္းရဲ႕အစိတ္အပုိင္းေတြကို ျပင္ဆင္မယ္ဆိုရင္ ကုန္က်စရိတ္ဘယ္ေလာက္က်ႏုိင္မလဲဆိုတာကို ထုတ္ျပန္လုိက္ပါတယ္။ သိ္တဲ့အတိုင္း ေစ်းႏႈန္းေတြက မိုးထိုးေနတာပဲ။
display panel က ေစ်းအၾကီးဆံုးျဖစ္မယ္ဆိုတာ ကၽြန္ေတာ္တို႕အားလံုး ေတြးၾကည့္လို႕ရပါတယ္။ လဲရမယ္ဆိုရင္ေတာ့ ေဒၚလာ၁၀၀၇ က်သင့္မွာပါ။ ေနာက္ထပ္ေစ်းအၾကီးဆံုးကေတာ့ chipset ျဖစ္ျပီး မွန္ရဲ႕တ၀က္ေစ်းျဖစ္တဲ့ ေဒၚလာ၅၁၀ ကုန္က်မွာျဖစ္ပါတယ္။
ဘတ္ထရီအသစ္ဆိုရင္ေတာ့ ၃၉ေဒၚလာ ကုန္က်မွာျဖစ္ျပီး shell ဆိုရင္ ၅၀ေဒၚလာပါ။ ကင္မရာ combo ကေတာ့ ေဒၚလာ၁၀၀ ျဖစ္ပါတယ္။
ဒီလိုတရား၀င္ေစ်းႏႈန္းေတြက လုပ္အားခေတြ၊ ကုန္က်စရိတ္ေတြထည့္တြက္ထားတယ္ဆုိတာ သတိျပဳရပါမယ္။ ဖုန္းက တရုတ္အတြက္ပဲထုတ္တာဆိုေတာ့ ကုန္က်စရိတ္ေေတြက ျပည္တြင္းေစ်းကြက္မွာေတာ့ နည္းနည္းခ်ိန္ညွိေပးႏိုင္ပါတယ္။ Huawei Mate X ကို ကမာၻ႕ေစ်းကြက္မွာ ထုတ္မယ္ဆိုရင္ေတာ့ တိုးလာႏုိင္ေခ်ရွိေနပါတယ္။
ဒီေတာ့ Huawei Mate X ကို ၀ယ္ထားျပီးတာပဲျဖစ္ျဖစ္၊ ၀ယ္ေတာ့မွာပဲျဖစ္ျဖစ္ ဂရုစိုက္ျပီး ကိုင္တြယ္ပါ။ ေခါက္နုိင္တဲ့မ်က္ႏွာျပင္ေတြက အစင္းရာ၊ ပြန္းရာထင္လြယ္ျပီးေတာ့ အျပင္ဘက္အျခမ္းကလည္း သတိျပဳကိုင္တြယ္ဖို႕လိုအပ္ပါတယ္။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.