120Hz display ၊ 60MP Sony IMX686 ကင်မရာတို့ပါဝင်မယ့် Redmi K30

0
295

[Unicode]

လာမယ့် Redmi K30 5G ကတော့ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာနေပါပြီ။ အဲဒီဖုန်းမှာ 120Hz display ၊ ဘေးဘက်မှာတပ်ဆင်ထားတဲ့ လက်ဗွေစနစ်၊ 60MP Sony IMX686 image sensor အသစ်တွေနဲ့ တွေ့မြင်ရနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။
အဲဒီ hardware တွေကို MIUI 11 မှာ တွေ့မြင်ခဲ့ရတယ်လို့ XDA Developer တွေဆီက သတင်းရထားပါတယ်။ Redmi K30 လို့ပြောနိုင်တဲ့အကြောင်းရင်းတွေလည်း ရှိနေပါတယ်။ codename က “Phoenix” လို့ပေးထားပြီးတော့ Redmi K30 ရဲ့ ပုံစံနဲ့ဆင်တဲ့ ပုံရိပ်တွေရှိနေလို့ပါ။ ဆက်စပ်မှုတွေ ရှိတာ မရှိတာ အသာထားလိုက်ပါ။
ဘေးဘက်လက်ဗွေစနစ်
MIUI 11 အသစ်မှာ “isBroadSideFingerprint” လို့ခေါ်တဲ့ method တစ်ခု ထည့်ခဲ့ပါတယ်။ ဒါဟာ device name လေးက “Phoenix” or “Picasso” ဖြစ်မှ အလုပ်လုပ်မှာပါ။ Picasso အကြောင်းကို မသိရသေးပေမယ့်လည်း အပေါ်မှာပြထားတဲ့အချက်အလက်ထဲက အများစုကိုတော့ သုံးလောက်ပါတယ်။ “BroadSide” ဆိုတာကတော့ ဖုန်းရဲ့ညာဘက်ခြမ်းကို ဆိုလိုတာဖြစ်တယ်လို့ သိရပါတယ်။
“core_scan_gesture_broadside” ကို အမည်တပ်ထားတဲ့ပုံလေးမှာ အပေါက်နှစ်ခုပါတဲ့ display နဲ့အတူ လက်ဗွေစနစ်ကို ညာဘက်မှာ တွေ့မြင်ရပါတယ်။
Redmi K30 လို့စဉ်းစားစေတာက အဲဒီလို notch ကို ထည့်သွင်းထားလို့ပါ။


120Hz refresh rate display
ပြီးခဲ့တဲ့လတုန်းက Xiaomi ဟာ 120Hz refresh rate display နဲ့ စမတ်ဖုန်းတစ်လုံးကို လုပ်ဆောင်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ “isSuppotHighFrameRate” လို့ခေါ်တဲ့ method လေးကလည်း “Phoenix” အတွက်သာ လုပ်ဆောင်မှာပါ။ ဒါကြောင့် Redmi K30 ဟာ refresh rate မြင့်မြင့်နဲ့ထုတ်တဲ့ Xiaomi ရဲ့ ပထမဆုံးဖုန်းတွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။
Sony IMX686 image sensor
လာမယ့် flagship IMX686 image sensor ရဲ့ ရိုက်ချက်တွေကို မကြာသေးခင်က ဝေမျှထားပါတယ်။ အချက်အလက်အသေးစိတ်ကိုတော့ ပြောပြထားခြင်းမရှိသေးပါဘူး။ Weibo ပေါ်မှာသာ တင်ပေးခဲ့တာပါ။ ဒါကြောင့် တရုတ်နိုင်ငံကိုသာ ပထမဆုံးရောက်နိုင်တယ်လို့ တွက်ချက်မိပါတယ်။ sensor က 60MP ဆိုတာတစ်ခုပဲ အတည်ပြုထားပါတယ်။
“Phoenix” အတွက် Qualcomm ရဲ့ camera library မှာ “phoenix_imx686”, “phoenix_s5k3t2”, “phoenix_gc02m1_depth” နဲ့ “phoenix_gc02m1_front” ဆိုပြီးတော့ ပါပါတယ်။ S5K3T2 ဆိုတာက 20MP resolution ၊ 1/3.4-inch sensor ပါဝင်တဲ့ Samsung ISOCELL ဖြစ်ပါတယ်။ ဒါကြောင့် အနောက်ဘက်မှာ အနည်းဆုံး ကင်မရာသုံးလုံး၊ ရှေ့ဘက်မှာ တစ်လုံးပါဝင်မယ်လို့ အတည်ပြုနိုင်ပါတယ်။
ဒီဇင်ဘာလထဲမှာ မိတ်ဆက်ဖို့မှန်းထား
Redmi K30 ကတော့ တရုတ်နိုင်ငံမှာ ဒီဇင်ဘာလထဲ မိတ်ဆက်ဖို့မှန်းထားပါတယ်။ ဒီတော့ နောက်နှစ်အစောပိုင်းမှာ ရနိုင်မှာပါ။ “phoenixin” codename လေးဟာ အိန္ဒိယဈေးကွက်အတွက် variant တစ်လုံးဖြစ်လာနိုင်ပါသေးတယ်။ အချိန်တွေ သိပ်မဆွဲသင့်တော့ပါဘူး။ ချပြသင့်နေပါပြီ။

[Zawgyi]

လာမယ့္ Redmi K30 5G ကေတာ့ တျဖည္းျဖည္းနဲ႕ ရုပ္လံုးေပၚလာေနပါျပီ။ အဲဒီဖုန္းမွာ 120Hz display ၊ ေဘးဘက္မွာတပ္ဆင္ထားတဲ့ လက္ေဗြစနစ္၊ 60MP Sony IMX686 image sensor အသစ္ေတြနဲ႕ ေတြ႕ျမင္ရႏိုင္တယ္လို႕ သတင္းေတြထြက္ေနပါတယ္။
အဲဒီ hardware ေတြကို MIUI 11 မွာ ေတြ႕ျမင္ခဲ့ရတယ္လုိ႕ XDA Developer ေတြဆီက သတင္းရထားပါတယ္။ Redmi K30 လို႕ေျပာႏုိင္တဲ့အေၾကာင္းရင္းေတြလည္း ရွိေနပါတယ္။ codename က “Phoenix” လို႕ေပးထားျပီးေတာ့ Redmi K30 ရဲ႕ ပံုစံနဲ႕ဆင္တဲ့ ပံုရိပ္ေတြရွိေနလို႕ပါ။ ဆက္စပ္မႈေတြ ရွိတာ မရွိတာ အသာထားလိုက္ပါ။
ေဘးဘက္လက္ေဗြစနစ္
MIUI 11 အသစ္မွာ “isBroadSideFingerprint” လို႕ေခၚတဲ့ method တစ္ခု ထည့္ခဲ့ပါတယ္။ ဒါဟာ device name ေလးက “Phoenix” or “Picasso” ျဖစ္မွ အလုပ္လုပ္မွာပါ။ Picasso အေၾကာင္းကို မသိရေသးေပမယ့္လည္း အေပၚမွာျပထားတဲ့အခ်က္အလက္ထဲက အမ်ားစုကိုေတာ့ သံုးေလာက္ပါတယ္။ “BroadSide” ဆိုတာကေတာ့ ဖုန္းရဲ႕ညာဘက္ျခမ္းကို ဆိုလိုတာျဖစ္တယ္လို႕ သိရပါတယ္။
“core_scan_gesture_broadside” ကို အမည္တပ္ထားတဲ့ပံုေလးမွာ အေပါက္ႏွစ္ခုပါတဲ့ display နဲ႕အတူ လက္ေဗြစနစ္ကို ညာဘက္မွာ ေတြ႕ျမင္ရပါတယ္။
Redmi K30 လို႕စဥ္းစားေစတာက အဲဒီလို notch ကုိ ထည့္သြင္းထားလို႕ပါ။


120Hz refresh rate display
ျပီးခဲ့တဲ့လတုန္းက Xiaomi ဟာ 120Hz refresh rate display နဲ႕ စမတ္ဖုန္းတစ္လံုးကို လုပ္ေဆာင္ေနတယ္လို႕ သတင္းထြက္ခဲ့ပါတယ္။ “isSuppotHighFrameRate” လို႕ေခၚတဲ့ method ေလးကလည္း “Phoenix” အတြက္သာ လုပ္ေဆာင္မွာပါ။ ဒါေၾကာင့္ Redmi K30 ဟာ refresh rate ျမင့္ျမင့္နဲ႕ထုတ္တဲ့ Xiaomi ရဲ႕ ပထမဆံုးဖုန္းေတြထဲက တစ္ခုျဖစ္လာႏုိင္ပါတယ္။
Sony IMX686 image sensor
လာမယ့္ flagship IMX686 image sensor ရဲ႕ ရိုက္ခ်က္ေတြကို မၾကာေသးခင္က ေ၀မွ်ထားပါတယ္။ အခ်က္အလက္အေသးစိတ္ကိုေတာ့ ေျပာျပထားျခင္းမရွိေသးပါဘူး။ Weibo ေပၚမွာသာ တင္ေပးခဲ့တာပါ။ ဒါေၾကာင့္ တရုတ္ႏုိင္ငံကိုသာ ပထမဆံုးေရာက္ႏုိင္တယ္လို႕ တြက္ခ်က္မိပါတယ္။ sensor က 60MP ဆိုတာတစ္ခုပဲ အတည္ျပဳထားပါတယ္။
“Phoenix” အတြက္ Qualcomm ရဲ႕ camera library မွာ “phoenix_imx686”, “phoenix_s5k3t2”, “phoenix_gc02m1_depth” နဲ႕ “phoenix_gc02m1_front” ဆိုျပီးေတာ့ ပါပါတယ္။ S5K3T2 ဆိုတာက 20MP resolution ၊ 1/3.4-inch sensor ပါ၀င္တဲ့ Samsung ISOCELL ျဖစ္ပါတယ္။ ဒါေၾကာင့္ အေနာက္ဘက္မွာ အနည္းဆံုး ကင္မရာသံုးလံုး၊ ေရွ႕ဘက္မွာ တစ္လံုးပါ၀င္မယ္လို႕ အတည္ျပဳႏုိင္ပါတယ္။
ဒီဇင္ဘာလထဲမွာ မိတ္ဆက္ဖို႕မွန္းထား
Redmi K30 ကေတာ့ တရုတ္ႏုိင္ငံမွာ ဒီဇင္ဘာလထဲ မိတ္ဆက္ဖို႕မွန္းထားပါတယ္။ ဒီေတာ့ ေနာက္ႏွစ္အေစာပုိင္းမွာ ရႏုိင္မွာပါ။ “phoenixin” codename ေလးဟာ အိႏၵိယေစ်းကြက္အတြက္ variant တစ္လံုးျဖစ္လာႏုိင္ပါေသးတယ္။ အခ်ိန္ေတြ သိပ္မဆြဲသင့္ေတာ့ပါဘူး။ ခ်ျပသင့္ေနပါျပီ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.